လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (၄)

လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (၄)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၇

Contacts or Address Book
တခါတည်းပဲ Google Contacts ဆိုတာ Menu ကို ဆွဲချပြီး မိမိကွန်တက်တွေ မိမိသူငယ်ချင်း လိပ်စာတွေကို သိမ်းဆည်းထားတယ်ဆိုတာကို သရုပ်ပြရပါမယ်။ ဂူးဂဲက မိမိဆီ ၀င်လာတဲ့ email address တွေကို မှတ်သားထားတယ်။ အဲသည်ဟာကို မိမိကိုယ်တိုင် Contacts ထဲဝင်ပြီး email address တင်သာမက ဖုန်းနံပါတ်တွေ အိမ်လိပ်စာတွေ စတဲ့ အချက်အလက်တွေပါ သိမ်းဆည်းနိုင်ကြောင်းကို သရုပ်ပြရပါမယ်။





ဘယ်ဘက်ထောင့်က Gmail ကို ဆွဲချလိုက်ရင် Contacts (မိမိ၏ လိပ်စာစာအုပ်) နဲ့ Tasks (မိမိ အလုပ်စာရင်း) ဆိုတာ ပေါ်လာပါမယ်။ အဲသည်ထဲက Contacts ကို ရွေးချယ်ပါ။





ကွန်တက်တွေ မရှိသေးရင် မိမိ ကွန်တက်စာမျက်နှာက အလွတ် ဖြစ်နေမယ်။ အဲသည်က ညာဖက် အောက်ထောင့်မှာ + (Plus Sign) ကို နှိပ်ပြီး မိမိ မိတ်ဆွေတွေ အီးမေးလိပ်စာတွေ ဖုန်းနံပါတ်တွေ ထည့်သွင်းထားနိုင်ပါတယ်။






ကွန်တက်တခု ၂ ခု လောက်ကို Create / Add လုပ်ခိုင်းပါ။ င်္ပြီးတော့ ကွန်တက် List ကနေ Edit လုပ်တဲ့နည်းကို သင်ပေးပါ။ Edit လုပ်တာကတော့ ခံတံအချွန်လေးနဲ့ icon ကို နှိပ်တာ ဖြစ်ပါတယ်။







မိမိမိတ်ဆွေ လိပ်စာမှာ ဖုံး၊ နေရပ်၊ အလုပ် စတာတွေ အကုန် ထည့်ထားနိုင်ပါတယ်။






 
Email Formatting

နောက်တဆင့်မှာကတော့ အီးမေး စာကိုယ် EMAIL BODY က Format Ribbon မှာ ပါရှိတဲ့ Paper Clip လေးကို နှိပ်ပြီး ပုံတွေ စာတွေကို မိမိကွန်ပျူတာထဲကနေ ချိတ်ပြီး အီးမေး ပို့တာ တွေကို သင်ပေးရပါမယ်။






အီးမေးဘော်ဒီ အောက်ဆုံးတန်းက Format Ribbon အကြောင်းကို ရှင်းပြရပါမယ်။ အဲသည် ဖော်မက်ရစ်ဘွန်က အိုင်ကွန်တွေ (ရုပ်ပုံ) ရဲ့ အလုပ်လုပ်ပုံကို ရှင်းပြရပါမယ်။ တခါတည်းပဲ သင်တန်းသားတွေကို စာရိုက်ခိုင်း၊ စာစီခိုင်း၊ အလှအပတွေ လုပ်ခိုင်းလို့ ရပါတယ်။ သတင်းစာ၊ မဂ္ဂဇင်းတခုခုက စာတွေကို ရိုက်ခိုင်းတာမျိုးက ပိုပြီး သင့်တော်ပါတယ်။ အီးမေးဘော်ဒီထဲမှာ ရုပ်ပုံတွေ ထည့်လို့မရတာကိုလည်း ကြိုပြောထားပါ။ သူတို့ကိုတော့ အီးမေး Attachment နဲ့သာ ထည့်ရတယ် ဆိုပြီးတော့ ပုံတွေ ဖိုင်တွေကို Attach လုပ်နည်းကို ဆက်သင်ပေးပါ။


Email Attachment and Downloading Attachment

အီးမေးစာအသစ်တစောင်ရေးပါ။ အီးမေးလိပ်စာ တခု ထည့်ပါ။ စာရိုက်ပါ။ ပြီင်္းတော့ attach files ကို လုပ်ပါ။






Paper Clip Icon ကို နှိပ်ခိုင်းပါ။ ပြီးတော့ မိမိကွန်ပျူတာထဲက My Documents, My Desktop, တွေထဲက ဖိုင်ကို အီးမေးနဲ့ တွဲခိုင်းတာကို လေ့ကျင့်ပါ။






မိမိကွန်ပျူတာတွေကနေ ဖိုင်တဖိုင် သို့မဟုတ် ဖိုင်များကို အတက်ခ်ျလုပ်တာကို သရုပ်ပြပါ။





ပြီးရင် စာသင်သားတွေအချင်းချင်း အီးမေးတွေကို အတက်ခ်ျမင့် တွဲပြီး Send လုပ်ပါ။ ပြီးတော့ အတက်ခ်ျမင့်တွေကို အီးမေးကနေ ပြန်ဖတ်တာ၊ ပြန် ဆေ့ဗ်လုပ် သိမ်းဆည်းတာကို သင်ပေးပါ။





အီးမေးထဲမှာ Attachment ပါတဲ့ စာက Paper Clip လေး တွဲပါတာကို ရှင်းပြရပါမယ်။




အဲသည် အတက်ခ်ျဖိုင်က အောက်ဆုံးပိုဒ်မှာ အိုင်ကွန်လေး ပုံလေးနဲ့ တွဲ ပါလာပါတယ်။





အဲသည် ပုံလေးပေါ်ကို မိမိ မောက်စ် (Mouse) ကို ထားလိုက်လို့ရှိရင် ဒေါင်းလုပ်ဆွဲမလား၊ သို့မဟုတ် မိမိ Google Drive မှာ သိမ်းထားမလားလို့ ရွေးစရာ ပုံလေး ၂ ခု ပေါ်လာပါတယ်။ ဒေါင်းလုပ် ဆွဲလိုက်ရင်တော့ မိမိကွန်ပျူတာမှာ သိမ်းရပါမယ်။ ဘယ်နေရာမှ သိမ်းထားသလဲ ဆိုတာကို မှတ်ထားရပါတယ်။





File Download လုပ်တဲ့အခါ ပေါ်လာမယ့် ၀င်းဒိုး။





သို့မဟုတ်ဘဲ Google Drive မှာ သိမ်းမယ်ဆိုရင်တော့ GMail က သူနဲ့တပါတည်း တွဲထားတဲ့ Drive တခုမှာ သင့်ဖိုင်ကို သိမ်းပေးလိုက်ပါမယ်။ အဲသည်မှာ သင်တန်းသားတွေကို သေချာရှင်းပြဖို့က email messages တွေလိုပဲ Cloud ပေါ်မှာ Internet ပေါ်မှာ သင်တို့ ဖိုင်တွေကို သိမ်းတာဖြစ်လို့ မိမိသုံးနေတဲ့ ကွန်ပျူတာပေါ်မှာ ထားခဲ့တာမဟုတ်ဘဲ သင်သုံးတဲ့ မည်သည်ကွန်ပျူတာက ၀က်ဘရောက်ဇာထဲကနေ တဆင့် ဆွဲသုံးနိုင်တယ် ဆိုတာကို ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)