တကသ ပြန်ဆောက်ရေး သဘောထားများ ဆွေးနွေး






တကသ ပြန်ဆောက်ရေး သဘောထားများ ဆွေးနွေး
(ဌေးအောင်၊ မိုးမခ) မတ် ၁၊ ၂၀၁၇


တကသအဆောက်အဦပြန်လည်တည်ဆောက်ရေးအစည်းအဝေးအား ယနေ့ (၂၈.၂.၂၀၁၇)နံနက်(၁၀း၀၀)နာရီတွင် ရန်ကုန်မြို့ ၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီစားသောက်ဆိုင်တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့သည်။




အစည်းအဝေးသို့  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ တာဝန်ရှိသူများ ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှ တာဝန်ရှိသူများနှင့် ကျောင်းသားသမဂ္ဂ မျိုးဆက်အသီးသီးမှ ခေါင်းဆောင်များ စုစုပေါင်း ၂၅၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။



ဓာတ်ပုံ-ဌေးအောင်