ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝင်းမောင် ● မြေနုကျွန်းဆီသို့


ဝင်းမောင် ● မြေနုကျွန်းဆီသို့
(မိုးမခ) မတ် ၁၄၊ ၂၀၁၇
အမှောင်ထဲမှာ
ခလုပ်မထိဆူးမငြိအောင်သွားနိုင်သူ သူရဲကောင်းကြီးများမတော့
နောက်
ဘယ်တော့မှမသေတော့မယ့်ဆေးတွေနဲ့
လှလို့
ပလို့
ဝလို့

စောစောကထင်ရဲ့
ဘကြီးသာအောင်ပြောလိုက်တာက
အသွားလည်း ဒီကူးတို့လှေ
အပြန်လည်း ဒီကူးတို့လှေ

ဒါပေမဲ့
အသေအချာငုံ့ကြည့်တော့
ကမ်းကခခွာဖို့ ကြိုးမဖြည်ကြသေးဘူး။ ။

ဝင်းမောင်
၁၂၊ ၃၊ ၂၀၁၇
နံနက် ၁း ၁၀ နာရီ