ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်


ကိုပွေး ● ကျိုးနေတဲ့ ဒရမ်စတစ်
(မိုးမခ) မတ် ၁၀၊ ၂၀၁၇

တီးတဲ့ဗုံ မပါရင်
ကြည့်မယ့်လူ ရှိမှာမဟုတ်ဘူး

စင်ပေါ်မှာဖြစ်ဖြစ်
လမ်းဘေးမှာဖြစ်ဖြစ်
ဒီလက်နဲ့ မျက်စိကို လှည့်စားတာပဲ
    
လှောင်အိမ်ထဲက ခြသေ့င်္ကို
ကြာပွတ်တချောင်းနဲ့ ကခိုင်းတယ်
နှင်းဆီပွင့်ကို လေထဲမြှောက်လိုက်တော့
ငှက်ဖြူလေးတကောင် လေထဲလွှင့်လို့   
အုပ်ထားတဲ့ပုဝါကို လှပ်လိုက်တော့ လက်ခုပ်သံတွေ
  
ဗုံသံက ဆူလွန်းတော့
လူတွေက အနား မကပ်နိုင်ဘူး
ဂျွမ်းထိုးနေတဲ့မျောက်လက်မှာ လင်ကွင်းခြမ်းနဲ့
သေနတ်နဲ့

ပွဲဈေးက မျက်လှည့်ဝိုင်းနားမှာ
ရဟတ်ကြီးက သံသရာလို မရပ်မနား
      
လောကဓံက ရှင်ဘုရင်လို ဝတ်စားထားတော့
ဘုရားထဲက မီးဟာ တဘဝဆာ လင်းလို့ ။ ။ ။
  
ကိုပွေး
ဖေဖော်ဝါရီ ၁၃၊ ၂၀၁၇