မေဇော် - ဒီလမ်းမကြီး



မေဇော်  - ဒီလမ်းမကြီး
(မိုးမခ) မတ် ၁၂၊ ၂၀၁၇



မေ့လျော့ပျောက်ကွယ်သွားခဲ့ကြရပြီဖြစ်ခဲ့ရသောအကြောင်းများ ၂၀၀၇ ၏ မေတ္တာသုတ်ရွတ်ဖတ်သံများ၊ သွေးစက်များဘဝများ လေလွင့်သွားခဲ့ကြသော ရော်ရွက်များ၊ တန်ဆောင်မုန်းလပြည့်ည၏ မီးပေါင်းခအလင်းတန်းများ သစ်ခုတ်သမားများသစ်ပင်များရော်ရွက်ဝါများ လမ်းမများ အဖြူအစိမ်းများ သွေးစက်များရော်ရွက်ဝါများ ကိုယ်တော်မှိုင်းများသခင်အောင်ဆန်းများ လက်သီးဆုပ်များ မျက်ရည်ဝဲနေခဲ့ကြရသည့်မျက်လုံးများ တောက်ခေါက်အံကြိတ်သံများ ရော်ရွက်ဝါများ လုံထိန်းများ အင်ယားကန်များ ရော်ရွက်ဝါများ တံတားအဖြူအနီများ လမ်းမများ သံတိုင်များ သေနတ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူးများ ရွှေတိဂုံအနောက်ဘက်မုဒ်များ ရင်ပြင်တော်များ ရော်ရွက်ဝါများ သွေးစွန်းနေသည့်လမ်းမများ ပိတ်ဆို့ထားကြသည့်လမ်းမများ သံဆူးကြိုးများအကာအရံများ ရော်ရွက်ဝါများ လက်ခုပ်သံများ မျက်ရည်စက်များ မျှော်လင့်ခြင်းများ ယုံကြည်ရာများကြောက်ရွံ့ခြင်းများ ရော်ရွက်ဝါများ မျှော်လင့်ခြင်းများရော်ရွက်ဝါများ အားကိုးရာများ ပခုံးများ လက်များဘဝများ အိပ်မက်များ ရော်ရွက်ဝါများ။ မာန်မာနများ တိမ်များ စိတ်ကူးအိပ်မက်များ လက်မှတ်များ ဘုံဝါဒများသမိုင်းဦးအမွန်အစများ ငလျင်များ မုန်တိုင်းများအိပ်မက်များဖွံ့ဖြိုးမှုများမိတ်ဖက်များ သစ်ခုတ်သမားများ သစ်ပင်များ ရော်ရွက်ဝါများ သတင်းစာများ သမိုင်းများ ရော်ရွက်ဝါများ စကားလုံးများ အသံများ ဘာသာဗေဒများ ကိုယ်ဟန်အမူအရာများ အရောင်အသွေးများ ငြီးငွေ့လာခြင်းများသံသယများ ပူပြင်းမှုများ မာန်မာနများ နားလည်ရခက်ခြင်းများ လက်ခုပ်သံများဘုံဝါဒများ လက်တဆုပ်စာလူများ အိပ်မက်များ အကျိုးစီးပွားဒီရေများ အများစုများ ငိုညည်းသံများ ဒဏ်ရာများ မျှော်လင့်ချက်မဲ့နေသည့်အကြည့်များ ရန်လိုမောင်းမဲပစ်တင်မှုများ ရော်ရွက်ဝါများ စစ်ပွဲများ အသက်များငလျင်များဗုံးများတိုက်လေယာဉ်များ အလောင်းများ ငြိမ်းချမ်းရေးများ လက်မှတ်များ စစ်ပွဲများ ဝိုင်ခွက်များ ရှန်ပိန်ပုလင်းများ ရေဒီယိုထဲမှ ထွက်လာခဲ့ကြသည့် ချောကလက်များ သံအရာရှိများ မိန့်မှာချက်များ ရော်ရွက်ဝါများ သွေးစက်များ လမ်းမများ အနာဂတ်များ ဘဝများ ကျူးကျော်များ ဘတ်စကားများ ကြပ်တည်းမှုများ မလုံခြုံမှုများ အစိမ်းဆတ်ဆတ်အနာတရများ။ ဆွေးမြေ့ကြေကွဲနေသော အထီးတည်းလမ်းမများ အချိန်တန်လျှင် အချိန်မတန်လျှင်များ ပကတိများ တန်ဖိုးများ လူအအိပ်မက်များ စကားလုံးများ ဘာသာဗေဒများ တင့်တယ်ပြေပြစ်မှုများ တရားဥပဒေများ မတရားဥပဒေများ။ ဒီလမ်းမကြီးပေါ်က ပြိုပျက်ပျောက်ကွယ်သွားကြရမည့် ရော်ရွက်ဝါများ လူရှင်အလာင်းများ ဘာ့ကြောင့် တို့တွေဝေးတာလဲ မင်းချန်ခဲ့သောအပြုံးများ အိပ်မက်တွေနဲ့ရောထွေး ဒီလမ်းမကြီးပေါ်က


ပျက်ဆီးပျောက်ဆုံး သွားခဲ့ကြရတဲ့အရာရာ။ ။
-
14.2.2017