ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မြစ်အောင် ● ဆယ်လ်ဖီ

မြစ်အောင် ● ဆယ်လ်ဖီ
(မိုးမခ) မတ် ၃၀၊ ၂၀၁၇
နှစ်သက်ရာ ပါတီအမှတ်တံဆိပ်နောက်ခံဖြင့် တပုံ
ဆန္ဒထုတ်ဖော်ပွဲများနောက်ခံဖြင့် တပုံ
ပြည်တွင်းစစ်နောက်ခံဖြင့် တပုံ
လွှတ်တော်အဆောက်အဦးများနောက်ခံဖြင့် တပုံ
ဝေးလံခေါင်းပါးတိုင်းရင်းသားများနောက်ခံဖြင့် တပုံ

အခြေခံလူတန်းစားများ၏နေ့စဉ်ဘဝနောက်ခံဖြင့် တပုံ

မျက်ရည်၊ အိပ်မက်နှင့် နာကျင်ခြင်းများနောက်ခံဖြင့် တပုံ
တပုံပြီးတပုံ
ဆက်တိုက် ဆက်တိုက် ဆက်တိုက် 
သူပုန်ပြီး သူပုန် ...။ ။

မြစ်အောင်

မှတ်ချက်
ဆယ်လ်ဖီ - Selfie