ပန်းချီ ဖေစိုးအောင် မောင်စိမ်းသစ် - မောင်​စိမ်းသစ်​ရှင်​သန်​​ရေး

ပန်းချီ ဖေစိုးအောင်
မောင်စိမ်းသစ် - မောင်စိမ်းသစ်ရှင်သန်​​ရေး 
(မိုးမခ) မတ် ၁၀၊ ၂၀၁၇


 မောင်စိမ်းသစ်ဟာ

မောင်စိမ်းသစ်ဖြစ်ခဲ့ပါပြီ။ 

သို့ပေမဲ့

မောင်စိမ်းခမျာမှာ မဖြစ်လောက်ကလောင်​​လေး

လှုပ်ခါရှင်သန်​​ရေးအတွက်

ရက်ရက်စက်စက်

သေရေးရှင်​​ရေးကြိုးစားပေးနေရလေရဲ့။


ကဗျာတပုဒ်​​ရေးတဲ့အခါ

အလင်္ကာနိမိတ်ပုံလှရဲ့လား

ဂုဏ်​​မြောက်ရဲ့လား

ခံစားမှုရသကိုရော ပေးစွမ်းနိုင်ပါ့မလား။ 

ပြည်နယ်​​တောင်တန်းမြစ်ဝှမ်းလွင်ပြင်

ငြိမ်းချမ်ရေးကိုမြင်ချင်လိုက်တာ။ 

မောင်စိမ်းသစ်ဘဝမှာ

စာပေအနုပညာကဗျာကလွဲရင်

ဘယ်စင်မှမက်​​လောက်တယ်မထင်။ 

ကျေးလက်လယ်သမားကဗျာဆရာ

မောင်စိမ်းသစ်အတွက်မှာလေ

ကောင်းဆုံးဖျော်​​ဖြေရေးဟာ

ကဗျာအော်ဟစ်ရွတ်ဖတ်တာ အကောင်းဆုံး 

ကျန်းမာရေးလေ့ကျင့်ခန်းဟာ

မနက်ခင်တွေမှာလမ်လျှောက်တာ အကောင်းဆုံး

စီးပွားရေးလုပ်ငန်းဟာ

အဝတ်အစားခြိုးခြံတာ။ 

ဘာပဲဖြစ်ဖြစ်

မောင်စိမ်းသစ်က 
ခေတ်တခေတ်မဟုတ်ရင်တောင်

မောင်စိမ်းသစ်တော့ဖြစ်​​နေရမယ်မဟုတ်လား။။
မောင်စိမ်းသစ်