ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်

 အောင်မော်ဦး ● သမီးတို့အတွက် အိပ်မက်
(မိုးမခ) မတ် ၁၀၊ ၂၀၁၇

ဟိုတနေ့က ရဲဘော်မိဆူးပွင့်တင်တဲ့ ဓာတ်ပုံကလေးတပုံကို တွေ့ရတယ်။ ဓာတ်ပုံထဲမှာ ရဲဘော်မင်းဌေးနဲ့ ရဲဘော်မနှောင်းတို့ရဲ့ သမီးငယ်လေး မေသန့်စင်မင်းက
 ပြည်တွင်းစပ်ရပ်စဲဖို့ ချီတက်တောင်းဆိုနေတာပါ။ သမီးလေးနောင်းမေနဲ့ဆို ရွယ်တူလောက်ပေါ့။ ဂုဏ်ယူစိတ်ဖြစ်မိနေရင်းနဲ့ပဲ ဘယ်လိုမှ မျှော်လင့်မထားခဲ့တဲ့ ဆို့ဆို့နင့်နင့်ခံစားမှုတခုက ကျနော့်ရင်ကို စူးစူးနစ်နစ်နာကျင်စေခဲ့ပါတယ်။

လွန်ခဲ့တဲ့ အနှစ်(၃၀)လောက်က ကျနော်တို့လုပ်ခဲ့ကြတဲ့အလုပ်၊ ကျနော်တို့ လျှောက်ခဲ့ကြတဲ့လမ်း။ ခု ဓာတ်ပုံထဲမှာ ချီတက်နေတဲ့ အရေးတော်ပုံတပ်သားက ကျနော်တို့ရင်သွေးဖြစ်နေတယ်။ သူ့အဖေ ရဲဘော်မင်းဌေးက (သူပုန်က သူပုန်ကိုဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့) ထောင်ထဲမှာ။ ကွန်ပြူတာစားပွဲမှာ ထိုင်နေရာကနေ ကျနော်ထလိုက်တယ်။ ပြီးတော့ သမီးအခန်းတံခါးကို သွားခေါက်တယ်။ “ဘာလဲအဖေတဲ့” သမီးကမေးတယ်။ သူ့အမေးကို ကျနော်မဖြေမိဘူး၊ သမီးကို အကြာကြီးကြည့်နေမိတယ်။ သမီးက ထပ်မေးတယ်။ “ဘာမှမဟုတ်ဘူး သမီး”လို့ပြောပြီး လှည့်ထွက်ခဲ့တယ်။



ဆောက်တည်ရာမရတဲ့ အတွေးတွေထဲမှာ ကျနော်ရေးခဲ့ဖူးတဲ့ ကဗျာလေးတပုဒ်ကို သွားသတိရတယ်။ သမီးတို့အတွက်၊ သမီးတို့မျိုးဆက်အတွက် ကျနော်တို့မက်ခဲ့တဲ့ အိပ်မက်ကလေး။ ဒီအိပ်မက်ကလေးကို နောက်နှစ်ပတ်မှာ ကျရောက်မယ့် သမီးလေးနောင်းမေရဲ့ မွေးနေ့လက်ဆောင်အဖြစ်နဲ့ရော၊ ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အမှတ်တရအဖြစ်နဲ့ရော မျှဝေပါရစေ။ နေဇော်နိုင်(ကိုပုည)နဲ့ ကိုရဲနည်(သွေးမုန်းတိုင်း) တို့က ဦးဆောင်ပြီး ရှစ်လေးလုံးအရေးတော်ပုံဆယ်နှစ်ပြည့်အထိမ်းအမှတ် ထုတ်ဝေတဲ့ ကဗျာစာအုပ်ကလေးမှာ ဒီကဗျာကလေးကို ဖော်ပြခဲ့ဖူးပါတယ်။ ဘာသာပြန်ထားတာလေးကတော့ ကိုဖေသက်နီရဲ့ လက်ရာမွန်လေးပါ။

ချစ်ကြည်စွာဖြင့်
အောင်မော်ဦး
မတ်၊ ၈၊ ၂၀၁၇။
======

သမီးတို့အတွက် အိပ်မက်

အိပ်မက်တွေ အိပ်မက်တွေ
ခေတ်အဆက်ဆက် မက်ခဲ့ကြတယ်

တဦးက တဦးကို ပြောခဲ့ကြ
တဦးက တဦးကို ဆက်မက်ကြ
ဘယ်သူပဲဖြစ်ဖြစ်
တခါမကတော့ မက်ဖူးကြမှာပဲ

ကိုယ်တို့ရော ဘာထူးသေးလို့လဲ
အမြင့်ဆုံး အဝေးဆုံးကိုမှ ပျံချင်ကြတာ
ပန်းတွေဆို အဆုပ်လိုက် အဆုပ်လိုက်ကို ပွင့်စေချင်တာ
(ကိုယ်ထင်ပါတယ်)
ဆယ်နှစ်ဆိုတာ ခေတ်တခေတ်အတွက်
နည်းနည်းနောနော အိပ်မက်တွေမှ မဟုတ်တာဘဲ

ဟော … မပြောမဆိုနဲ့
သမီးတို့တောင် ကြီးပြင်းလာကြတော့မယ်
ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိရဲ့
ကိုယ်တို့ဟာ မိဘမေတ္တာကို မဖွဲ့သီနိုင်တဲ့ အဝေးရောက်သားတွေ
တာဝန်ကျေခဲ့ကြလို့လား

ဟောဒီမှာ
မဆုံးတဲ့ နှစ်များ၊  မဆုံးတဲ့ ခေတ်များ၊ မဆုံးတဲ့ မြစ်များလို
သူတို့အတွက် မက်ခဲ့တဲ့ အိပ်မက်တွေ
သူတို့ခေတ်အထိ ယူဆောင်မသွားလိုတော့ဘူး

သမီးရေ … ထထမငိုနဲ့ကွယ့်
သမီးတို့အတွက်
အိပ်ရေး၀၀ အိပ်မက်လှလှ ညတွေ ရောက်ရမယ်ကွယ့်။

အောင်မော်ဦး
(ရှစ်လေးလုံးအရေးတော်ပုံ ဆယ်နှစ်ပြည့် ကဗျာစာအုပ်မှ )


“Dream For The Daughters”

Dreams, the dreams
being dreamed at every period

being told one to others and so
being dreamed continuously one to
others,
and everyone has dreamed
at least more than one.

Even us in similar,
wanted to fly as high as we can do
wanted to fly as far as we can do,
and wanted the flowers
to be bloomed in full.
(I guess)
ten years is pretty enough
for innumerable dreams for a period.

Meanwhile
the daughters will be grown up
I then asked myself as are we done
dutifully
for us who are being afar,
and as we failed to chant
our parents benevolence.
Here,
like the years with no ends
like the periods with no ends
like the rivers with no ends
I wish to take no dreams to their time.

Oh.... Babies!
Wake up and don't cry.
And soon, I swear,
good sleeps and sweet dreams of
nights will come for you!

Aung Maw Oo
(Translated by Ye-Myint Aung)