ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကြည်ဇော်အေး ● မျက်မြင်သက်သေ

ကြည်ဇော်အေး ● မျက်မြင်သက်သေ
(မိုးမခ) မတ် ၁၉၊ ၂၀၁၇

သွားမလုပ်နဲ့
ကြည့်မြင်တိုင်များ သွားမလုပ်နဲ့ ကိုစောညိန်းတောင် ရိုက်သတ်တာ

သွားမလုပ်နဲ့
ကန့်ဘလူများ သွားမလုပ်နဲ့ သိပ္ပံမောင်ဝတောင် သတ်ပစ်တာ
သွားမလုပ်နဲ့

သွားမလုပ်နဲ့
ဖားကန့်များ သွားမလုပ်နဲ့ ပိုင်သလည်း အသတ်ခံရတာ
သွားမလုပ်နဲ့

သွားမလုပ်နဲ့
သွားမလုပ်ကြနဲ့
အဲဒီတိုင်းပြည်များ  လူသွားမလုပ်မိကြလေနဲ့

ဖော်ဝေးတွေ မောင်ချောနွယ်တွေ မြို့မငြိမ်းတွေ ဒေါ်မန္တလာမြင့်တွေ
လူချမ်းသာကြီးတွေ
လူကြားထဲ
သူတို့ပိုင်ဆိုင်သမျှ အကုန်ချွတ်ပေးထားခဲ့ရတာ ။

ကြည်ဇော်အေး
၁၆  မတ်လ ၂ဝ၁၇