ပူခေါမောင်း (မင်းတပ်) မန်းရွှေစက်တော် ကမ္ဘာအေး ချင်းဘုရားသမိုင်းစာအုပ် ထွက်ပြီ

 ပူခေါမောင်း (မင်းတပ်) မန်းရွှေစက်တော် ကမ္ဘာအေး ချင်းဘုရားသမိုင်းစာအုပ် ထွက်ပြီ
(ဆလိုင်းရွှေလင်း) မိုးမခ၊ မတ် ၁၆၊ ၂၀၁၇

ချင်းတို့ သည် ရှေးအတီတေကာလကပင် ဗုဒ္ဓတရားတော်ကို ယုံကြည်သက်ဝင် ခဲ့ကြဟန်တူကြောင်း၊ မြန်မာရှင်ဘုရင်များခေတ်တွင်လည်း ချင်းများ ဗုဒ္ဓဘာသာကို ကိုးကွယ်ခဲ့သော အထောက်အထားများ တွေ့ရကြောင်း၊ ခရစ်နှစ် ၁၉၄၀ဝန်းကျင်လောက်တွင် ချင်းရဟန်း တော်ဦးဗုဒ္ဓိက အနယ်နယ်အရပ်ရပ်မှ ချင်းဗုဒ္ဓဘာသာဝင်များအား စည်းရုံး ဦးဆောင်ကာ ကမ္ဘ္ဘ္ဘ္ဘာအေး ချင်းဘုရားကို ပြန်လည်တည်ထားကိုးကွယ်ခဲ့ကြောင်း၊ ထိုဘုရားသမိုင်းနှင့် ယခုအခါချင်းဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့ ကထိုဘုရားကို မွန်းမံပြုပြင် ကုသိုလ်ယူနေ ကြပုံများကို ယခုစာအုပ်၌ မှတ်တမ်းတင်ဖေါ်ပြထားကြောင်း၊ ကမ္ဘာအေးချင်းဘုရားသည် မန်းရွှေစက်တော်မူလအောင်မြေ ၉ ဌာနတွင် တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ချင်းဗုဒ္ဓသာသန ပါလကအဖွဲ့ ၏ ရည်ရွယ်ချက် ၅ ချက်တွင် ဒုတိယအချက်မှာ ချင်းလူမျိုးတို့၏ သာသနာသမိုင်းကြောင်းနှင့် မျက်မှောက်ခေတ် သာသနာရေး အခြေအနေများကို အမှန်အတိုင်း ထုတ်ပြန်အသိပေးနိုင်ရန်ဟူ၍ ဖြစ်ကြောင်း၊ ထိုရည်ရွယ်ချက်ကို ယခုစာအုပ်က အထောက်အကူပေးနိုင်မည်ဟု ယူဆ၍ ချင်းရောင်ခြည်စာစောင် ရန်ပုံငွေမှ ငွေကြေးစိုက်ထုတ်ပေးလိုက်ခြင်း ဖြစ်ပါကြောင်း ချင်းဗုဒ္ဓသာသနပါလက အဖွဲ့က အမှာစာတွင် ဖေါ်ပြထားသည်။



ဤစာအုပ်ကို ဦးဆလိုင်းရွှေလင်း၊ သုဒန္တစာပေ၊ (၃၁) ၆ လွှာ နှင်းဆီကုန်းလမ်း၊ အလုံ၊ ရန်ကုန်မြို့ ။ ဖုံး 09 - 799 6799 59 က ၂၀၁၇ ဖေဖေါ်ဝါရီလတွင် ထုတ်ဝေသည်။ အလိုရှိသူများ ဆလိုင်းတင်စိုး၊ ဖုံး - 09-799 8856 21 ထံ ဆက်သွယ်ဝယ်ယူနိုင်သည်။