ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ကိုသန်းလွင် ● စစ်လိုသူအတွက် ငြိမ်းချမ်းရေး

ကိုသန်းလွင် ● စစ်လိုသူအတွက် ငြိမ်းချမ်းရေး
(မိုးမခ) မတ် ၁၅၊ ၂ဝ၁၇

(၁)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဖြစ်မလာမီ ဗိုလ်ချုပ်ကြီး မားတစ် (စ) (James Mattis) က ကွန်ဂရက်သို့ မေတ္တာရပ်ခံခဲ့ရာ တွင်  “နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သံတမန်လုပ်ငန်းတွေအတွက် ငွေပိုမိုချပေးပါ”၊ “သူတို့မှာ ငွေမရှိလို့ သူတို့လုပ်ငန်းတွေ မလုပ်နိုင်ရင် ကျွန်တော်တို့မှာ လက်နက်ခဲယမ်းမီးကျောက်တွေကိုဝယ်ဘို့ ငွေပိုပြီးလိုလာပါလိမ့်မယ်” ဟု ပြောခဲ့သည်၊ နိုင်ငံ ခြားဆက်ဆံရေး (Diplomacy) အတတ်ပညာကို သင်ဖူးကြသူ တိုင်းစေ့စပ်ညှိနှိုင်းခြင်းဖြင့် ပြဿနာများကို ဖြေရှင်းခြင်းသည် လက်နက်အားကိုး အနိုင်ကျင့်ခြင်းထက် ပိုမို၍ထိရောက်ကြောင်းကို သိနားလည်ကြပါသည်။

(၂)
သမ္မတအသစ် မစ္စတာထရမ့်က သူရွေးချယ်ခန့်အပ်ခဲ့သော ကာကွယ်ရေးဝန်ကြီးအသစ်၏စကားများကို အယုံအကြည်ရှိ ဟန်မတူပါ။ သူက ဘတ်ဂျက်အသစ်တွင် အမေရိကန်စစ်တပ်အတွက် ဒေါ်လာ ၅၄ ဘီလီယံမျှ ပို၍သုံးစွဲရန် လိုအပ်သည်ဟု ကြေညာခဲ့ပါသည်၊ သူ့ရည်ရွယ်ချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းများအသုံးစ ရိတ် မှ ၃၇ ရာခိုင်နှုန်း ဖြတ်တောက်ရန်ဖြစ်ပါသည်။ ကာကွယ်ရေးဝန်ကြီး၏အဆိုနှင့်ပြောင်းပြန် ကျင့်သုံးလိုက်ခြင်းပင်ဖြစ်ပါ၏။

အမေရိကန်သမ္မတအသစ်သည် ကမ္ဘာကြီး၏ အလုပ်လုပ်ပုံကို နားမလည်နိုင်ဟူသောအချက်က ပေါ်လွင်နေပါသည်၊ ဗုံးတွေ ချ၊ လူတွေကို သတ်ဖြတ်ခြင်းဖြင့် မိမိတို့နိုင်ငံသည် ပို၍ငြိမ်းချမ်းတည်ငြိမ်မှုကို ရနိုင်သည်ဟု ယူဆပါလျှင် မှားယွင်းသည်။ တချိန်က ဥက္ကဌကြီးမော်စီတုံးက နိုင်ငံရေးအာဏာသည် သေနတ်ပြောင်းဝမှာတည်သည်ဟု ရေးသားခဲ့ဖူးပါသည်။ သို့ပါ သော်လည်း အများသိကြသည့်အတိုင်း သံတမန်ရေးရာ စေ့စပ်ညှိနှိုင်းမှုများ၊ ကူညီထောက်ပံ့မှုများ၊ နှစ်ဦးသဘောတူ ကတိ ကဝတ်များဖြင့်သာ ခိုင်မာသောငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခဲ့ကြကြောင်း ကမ္ဘာ့သမိုင်းတွင် ဥပမာမြောက်များစွာရှိခဲ့ပါ သည်။

ယနေ့ အမေရိကန်တို့ ကြုံတွေ့နေရသည်မှာ မျှော်လင့်မထားသော ပြဿနာဖြစ်ပါသည်၊ ဘိန်းကုန်ကူးသူများ အန္တရာယ် ကြောင့် သေဆုံးရသူဦးရေမှာ အီရတ်နှင့် အာဖဂန်နစ္စတန်တွင်ကျဆုံးရသူ စစ်သားဦးရေထက် ၄ ဆထက် မနည်းရှိပါသည်၊ ဘိန်းကုန်ကူးသူတွေကို စစ်တပ်ကြီးဖြင့် ချေမှုန်း၍မရပါ။ ဆိုင်ရာအစိုးရများနှင့် သံတမန်နည်းဖြင့်သာ ပြဿနာကို နိုင်အောင် ကိုင်တွယ်ကြရပါသည်။ မက္ကစီကိုနှင့် အာဖဂန်နစ္စတန် အစရှိသည့် နိုင်ငံများမှ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းတို့ လိုအပ်ပါသည်။

ထိုနည်းတူ အီဘိုလာ ဗိုင်းရပ် (Ebola) အန္တရာယ် ကိုတင့်ကားကြီးများဖြင့် မဖြိုခွင်းနိုင်ပါ။ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်အသွယ်သွယ်ကိုလည်း စစ်လက်နက်ပစ္စည်းများနှင့် ကာကွယ်တိုက်ဖျက်ရန် မဖြစ်နိုင်ပါ။

သမ္မတထရမ့် မတက်လာမီကာလကပင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ရန်ပုံငွေမှာ ကာကွယ်ရေးအသုံးစရိတ်ကို မမီခဲ့ပါ။ န ယူး ရော့ရဲတပ်ဖွဲ့က နိုင်ငံခြားရေးဌာနမှ အရာရှိများထက် နှစ်ဆပိုသောအရာရှိများကို ခန့်ထားနိုင်ပါသည်။

တပ်မတော်အရာရှိများ အနေဖြင့် လက်နက်ခဲယမ်း မီးကျောက် အလုံအလောက်ရှိဘို့ လိုအပ်သည်မှန်စေ သံတမန်ရေးရာ ကိစ္စများတွင် ငွေကြေးကို ပိုမိုသုံးစွဲစေလိုကြပါသည်။ သူတို့၏စစ်တပ် Hard Power ထက် နိုင်ငံရေး အရာရှိများ ၏ Soft Power က ပြဿနာကိုဖြေရှင်းရာတွင် ပိုမိုထက်ရောက်မှုရှိကြောင်း ကောင်းစွာသဘောပေါက်ကြပါသည်။ မကြာသေးမီ ကာလကပင် လက်ရှိ ယူနီဖောင်းဝတ်အရာရှိ ၁၂၉ ဦးလက်မှတ်ရေးထိုး ထားသောကွန်ဂရက်သို့ ပို့ပေးသည့် စာတစောင်တွင် နိုင်ငံခြားအထောက်အပံ့ (Foreign Aids) ပိုမိုပေးနိုင်ရေးအတွက် ရံပုံငွေအလုံအလောက် ချပေးရန်လိုအပ်ကြောင်း တိုက် တွန်းရေးသားခဲ့ကြပါသည်။

ကာကွယ်ရေးဝန်ကြီးဟောင်း ရောဘတ်ဂိတ်က တပ်မတော်စစ်တီးဝိုင်းသည်ပင် နိုင်ငံခြားရေးဌာနဝန်ထမ်းဦးရေ ထက်များ သေးသည်ဟု ဆိုခဲ့ဘူးသည်။ နိုင်ငံခြားသို့ ထောက်ပံ့ငွေမလုံလောက်လျှင် နယ်ခြားနယ်နိမိတ်များကို ကျော်လွန်လာသည့် မူးယစ်ဆေးဝါးပြဿနာ၊ ရာဇဝတ်မှုခင်းများနှင့် ဒုက္ခသည်များအရေးကိစ္စများကို ဖြေရှင်းရာတွင် အခက်အခဲများတွေ့ရ တတ်ပါသည်။

မကြာမီက တကမ္ဘာလုံးရင်ဆိုင်ခဲ့ရသည့် ပြဿနာများတွင် အာဖရိကနိုင်ငံများတွင် ကြုံတွေ့ခဲ့ရသည့် အီဗိုလာဗိုင်းရပ်မှ ကူးစက်သည့်ရောဂါပြန့်ပွားမှုဖြစ်ပါသည်။ ဤရောဂါမျိုးထပ်မံဖြစ်ပွားခဲ့လျင် ရန်ပုံငွေ အလုံအလောက်မရှိပါက ယခင်အခြေအ နေထက် ပိုမိုဆိုးရွားသွားပါလိမ့်မည်။ ရောဂါကိုအချိန်မှီမထိမ်းချုပ်နိုင်လျင် ဂျက်လေယဉ်များ ဥဒဟိုပျံသန်းနေသောခေတ်၌ တကမ္ဘာလုံး ကပ်ဆိုက်စေပါလိမ့်မည်။

အကြမ်းဖက် Terrorism  များ ပြဿနာကလည်း ထိုနည်းတူ ကြီးထွားလာစရာရှိပါသည်။ သုတေသနဌာနတခုဖြစ်သော RAND ကော်ပိုရေးရှင်းကထုတ်ပြန်သော စာတစောင်အရ ကမ္ဘာကြီးတွင် ၁၉၆၈ခုနှစ်မှ ၂ဝဝ၆ ခုနှစ်အတွင်း အကြမ်းဖက်အုပ်စု ၆၄၈ အုပ်စုပေါ်ပေါက်ခဲ့ပါသည်၊ ထိုအဖွဲ့အစည်းများနိဂုံးချုပ်သွားပုံမှာ အားလုံးနီးပါး နိုင်ငံရေးနည်းဖြစ်သော်လည်းကောင်း၊ ရဲတပ်ဖွဲ့အင်းအားဖြင့်လည်းကောင်း ဖြေရှင်းခဲ့ပါသည်၊ (၇) ရာခိုင်နှုန်းမှာသာ စစ်တပ်ဖြင့်နှိမ်နှင်းခဲ့ရပါသည်။

အကြမ်းဖက်သူများက တပ်မတော်ကြီးနှင့် ဒရုန်းများ (Drone) ထက် စာအုပ်ကိုင်ထားကြသည့် မိန်းခလေးများ ကိုပိုမို ကြောက်ကြပုံရသည်။ သူတို့သည် အာဖဂန်သူမာလာလာ၏ မျက်နှာကိုသေနတ်ဖြင့်ပစ်ခဲ့ကြသည်။ ကျောင်းသူများကို အက် ဆစ်ဖြင့်ပက်ပြီး၊ နိုင်ဂျီးရီးယားနိုင်ငံတွင် ကျောင်းသူကလေးများကို ပြန်ပေးဆွဲခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

သမ္မတအိုဘားမားက နောက်ဆုံးလုပ်ခဲ့သော Townhall တွေ့ဆုံပွဲတခုတွင် သူ့အနေဖြင့် သမ္မတသက်တမ်းအတွင်း အာဖ ဂန်နစ္စတန်နိုင်ငံတွင် ကလေးများအတွက် စာသင်ကျောင်းများဆောက်လုပ်ပေးရေးကိစ္စ မလုပ်နိုင်ခဲ့သည်ကို ဝမ်းနည်းစိတ်မ ကောင်းဖြစ်ရပါသည်ဟု ပြောခဲ့သည်။ ပညာရေးသည် ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည်တော့မဟုတ်။ သို့ပါသော် လည်း အမေရိကန်စစ်သားတယောက်ကို နိုင်ငံခြားတွင် တနှစ် တာဝန်ချထားရန် ကုန်ကျမည့်ငွေသည် အာဖဂန်နစ္စတန်လို နိုင်ငံတွင် ကျောင်းပေါင်း ၄ဝ ဖွင့်ပေးနိုင်သည်ဟု ဆိုထားသည်။ ထိုအချက်မှာ စစ်တပ်ကြီးကို ကြီးထွားအောင်လုပ်နေသူတိုင်း သတိချပ်သင့်သည်။

၁၉၇ဝခုနှစ်ကအထိ အိုမန်နိုင်ငံသည် တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သည်။ ရေဒီယိုမဖွင့်ရ၊ ညတွင် မြို့တော်ဂိတ်တံခါးကို ပိတ်သည်၊ ယောက်ျားလေး၊ မိန်းခလေး မဟူ၊ ပညာသင်ခွင့်မရှိ၊ အိမ်နီးချင်း ယီမင်နိုင်ငံထက် အစစ ချို့တဲ့ခဲ့သည်၊ ခေတ် နောက်ပြန်ဆွဲနေခဲ့သည်။ ယခုအခါမူ ပညာသင်ကြားရေးကို အားပေးသော ဆူလတန်အသစ်၏ ပြုပြင်ရေးလုပ်ငန်းများ ကြောင့် ငြိမ်းချမ်းသာယာသော နိုင်ငံတခုဖြစ်နေပါပြီ၊ ယီမင်နိုင်ငံမှာမူ သောင်းကျန်းသူတွေပြည့်နေပြီး ပြည်တွင်းစစ်ကို ဆင်နွှဲနေကြရဆဲဖြစ်ပါသည်။

အမေရိကန်နိုင်ငံသည် လုံခြုံရေးရှိဘို့ လိုအပ်သည်မှန်ပါ၏၊ သို့ပါသော်လည်း ပိုက်ဆံကြွယ်ဝသောနိုင်ငံအဖို့ ထိုပိုက်ဆံကို လူ့တန်ဘိုးအတွက်လည်း အသုံးချရန်လိုအပ်သည်၊ အာဖရိကားနှင့် အရှေ့အလယ်ပိုင်းတွင် လူသန်း၂ဝ ငတ်ပြတ်နေခြင်းကို လက်ပိုက်ကြည့်နေရန် သင့်မသင့် စဉ်းစားဆင်ချင်သင့်လှပါသည်၊ လုံခြုံရေး ဆိုသည်မှာ ကြောက်ကြောက် လန့်လန့်ဖြင့် ရန်သူကို ခုခံကာကွယ်နေရခြင်းမဟုတ်ပါ၊ မိမိကိုယ်ကိုမိတ်ဆွေများ ဖြင့်ဝန်းရံထားရှိခြင်းမှာလည်း လုံခြုံခြင်းပင် ဖြစ်ပါသည်။
အမေရိကန်နိုင်ငံအဖို့၊ တရုတ်ပြည်၊ မြောက်ကိုရီးယား၊ အီရန်စသည်ဖြင့် ရန်လိုသောနိုင်ငံတွေနှင့် ရင်ဆိုင်ရဦး မည်ဖြစ်ပါ၏၊ ထိုရန်သူများကို စစ်တပ်အင်အားဖြင့် နှိပ်ကွပ်နိုင်သည်ဟု ယူဆနေလျင် ရူးသွပ်ခြင်းတမျိုးသာ ဖြစ်ပါလိမ့်မည်၊ ထိုပြဿနာ များကို မိတ်ဆွေနိုင်ငံများ အကူအညီဖြင့်သာ ဖြေရှင်းနိုင်ပါလိမ့်မည်။

မက္ကစီကိုနိုင်ငံနှင့် အငြင်းပွားခြင်း၊ သြစတြေးလျဝန်ကြီးချုပ်နှင့် စကားပြောစဉ် ဖုန်းချပြစ်ခြင်း၊ ကမ္ဘာကျော် စာရေးဆရာကြီးများ၊ ပါမောက္ခကြီးများကို လေဆိပ်အဝင်တွင် ထိမ်းသိမ်းခေါ်ဆောင် မေးခွန်းထုတ်နေခြင်းမှ ဖြစ်ပေါ်လာမည့် ပြဿနာများကို တင့်ကားများဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပါ။

(၃)
နိုင်ငံရေးပရိရာယ် ကြွယ်ဝပြီး စိတ်ကောင်းရှိသူများသာ နိုင်ငံဦးသျှောင်ခေါင်းဆောင်ရာထူးကို ရယူသင့်ပါသည်၊ စစ်သွေး ကြွပြီး လူသတ်လက်နတ်များစွာ ပိုင်ဆိုင်ရုံဖြင့် ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီး ဖြစ်မလာနိုင်သည်ကိုလည်း သိရှိထားသင့်ပါသည်။

မတ်လ ၄ ရက်နေ့ကထုတ်ပြန်သော တရုတ်ပြည်အစိုးရ၏ ၂ဝ၁ရ ခုနှစ် ဘတ်ဂျက်ရာထားချက်တွင် ကာကွယ်ရေး အသုံး စားရိပ်ကို ယခင်နှစ်ကထက် (၇) ရာခိုင်နှုန်းတိုး၍ ဒေါ်လာ ၁၄၇ ဘီလီယံသုံးမည်ဟု ဆိုထားပါသည်။ အပြိုင်အဆိုင် လက် နက်တပ်ဆင်ရေးပြိုင်ပွဲသည်မပြီးဆုံးနိုင်ပါ။

ရှေး ၂၅ ရာစုနှစ်ကျော်က ထိုတရုတ်ပြည်၌ပင် နယ်စုံလှည့်လည်၍ နိုင်ငံတော်အုပ်ချုပ်ရေးရာများကို ဆွေးနွေးလေ့ရှိသော ပညာရှိကြီး ကွန်ဖြူးရှပ် (စ) က စစ်လိုလားပြီး စစ်တိုက်ရန်သွေးကြွနေသော နယ်စားတဦးနှင့်စကား ဆက်ပြောခြင်း ဖြင့် အကျိုးမရှိနိုင်ဟုဆုံးဖြတ်ပြီး ချက်ချင်းထွက်သွားတော့မည်ဟု ခြိမ်းခြောက်ခဲ့ဖူးသည်။

ပညာရှိကြီးက “ကောင်းမွန်သော နိုင်ငံတော်ကသာ ကောင်းမွန်သောနိုင်ငံသားများကို မွေးထုတ်နိုင်လိမ့်မည်၊ နိုင်ငံခေါင်း ဆောင်တယောက်သည် အားနည်းသောပြည်သူများကိုလေးစားမှုနှင့် ထောက်ပံ့ပေးရမည်။ နိုင်ငံ၏ ကလေးသူငယ်များကို ချစ်ခင်တတ်ရမည်၊ နိုင်ငံရှိ ပညာရှိသူတို့၏စကားကို နားထောင်ရမည်၊ အကြမ်းဖက်မှုကို ချစ်ခင်ကြင်နာသနားမှုများဖြင့် အစားထိုးနိုင်ရမည်၊ တကမ္ဘာလုံးက ကောင်းမှုကို မြင်တတ်ကြစေ၊ တိုင်းသူပြည်သားများ စည်းလုံးညီညွတ်ရေးအတွက် အနစ် နာခံစရာရှိလျင် အနစ်နာခံနိုင်ကြပါစေ” ဟုဆော်သြခဲ့ပါသည်။

ကိုသန်းလွင်
Ref: The Limits of Military Power by Nicholas Kristol, New York Times March 3 2017