ဇာနီကြီး - FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)


ဇာနီကြီး - FDI Foreign Direct Investment နိုင်ငံခြားရင်းနှီးမြှတ်နှံမှု (အပိုင်း-၁)
(မိုးမခ) မတ် ၁၀၊ ၂၀၁၇
 
နိဒါန်း

အခု ၂၀၁၇ ခုနှစ်မှာ ပြည်ပရင်းနှီးမှုငွေတွေနဲ့ပဲ မြန်မာတွေ အလုပ်ရ စားသောက်နေနိုင်လာပါပြီ။ ဦးသိန်းစိန်ခေတ်မှာ ခရိုနီနဲ့ အစိုးရအရာရှိကြီး လတ် အငယ်တွေ လုပ်ပိုင်ခွင့်များနဲ့ ကောင်းစားတယ်။ လယ်သမား (မြန်မာ၇၀%) သားသမီးတွေ မြို့ပေါ်တက်လာ၊ အလုပ်လာ လုပ်တယ်။ မြို့ငယ်လေးတွေမှာလဲ ပြည်ပချေးငွေနဲ့ လျှပ်စစ်ဓါတ်အားလိုင်းတွေ၊ တာဝါတိုင်ထောင်ချီပြီး တည်ဆောက်ရေး၊ လမ်းတံတားများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ တက္ကသိုလ်ကောလိပ်များ၊ ဟိုတယ်ကြီးများစွာ၊ နိုင်ငံခြားသားများနဲ့မြန်မာသူဌေးကြီးများအတွက် အဆင့်မြင့်အိမ်ယာများ၊ ကွန်ဒိုများ၊ မော်တော်ကားအကောင်းစားများ၊ စစ်၊ ရဲ၊ မီးသတ် မော်တော်ကားကြီး ထိန်းချုပ်စနစ်များ၊ ဘဏ်များစွာရဲ့ ကွန်ပြူတာထိန်းချုပ်စနစ်များ ... စတဲ့ နိုင်ငံခြားရင်းနှီးမှုတွေ တရားဝင်ရော၊ တရားမဝင်ရော တဟုန်ထိုးဝင်လာပါတယ်။ ဒီတော့ မြို့နေလူတန်းစားတွေ အလုပ်ရကြပါတယ်။ စားနိုင်သောက်နိုင်ဖြစ်လာပါတယ်။ တချို့နိုင်ငံခြားသားများက မြန်မာများသာလုပ်ရမဲ့ စားသောက်ဆိုင်၊ ပွဲရုံ၊ ကုန်လှောင်ရုံ၊ သွင်းကုန်ထုတ်ကုန်လုပ်ငန်း၊ ပွဲစားလုပ်ငန်းတွေအထိ ခပ်တည်တည်နေရာယူလာပါတယ်။ တောင်ကိုးရီးယား၊ တိုင်ဝမ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်အဆုံး နိုင်ငံခြားရင်းနှီးမြှတ်နှံမှုတွေ ဝင်ပါတယ်။ အကြီးဆုံးအဆောက်အဦးကတော့ အင်းယားကန်ဘေးက ဗီယက်နမ်ရင်းနှီးမြှတ်နှံတဲ့ မြန်မာပလာဇာ ဖြစ်ပါတယ်။ ဒါတွေကြောင့် မြန်မာတွေ အလုပ်ရတယ်။ သုံးနိုင်ဖြုန်းနိုင်လာပါတယ်။

ဒါပေမဲ့ တောနေလူတန်းစားကတော့ ဆန်၊ ပဲနှမ်း၊ သီးနှံ၊ သားငါးတွေ နိုင်ငံခြားတင်ပို့ရတော့ ဈေးကောင်းပိုရလာပေမယ့်  ပြသနာကြီးက ဝိသမလောဘသားများနဲ့ ဌာနဆိုင်ရာများ (အထူးသဖြင့် စိုက်ပျိုးရေးချေးငွေနဲ့ တရားဝင်၊ တရားမဝင် ချေးငွေလုပ်ငန်းတွေကြောင့်ပါ။ ရသင့်သလောက် မရတဲ့အပြင် မဆင်မချင်သုံးစွဲတော့ ပိုပြီး မွဲသွား ၊ လယ်ယာ ဆုံးရှုံးသွားသူတွေ တော်တော်များများ ရှိလာပါတယ်။ ဒါကတော့ တဖက်က နိုင်ငံခြားရင်းနှီးမှုများကြောင့် တောင်သူ လယ်သမားလူတန်းစားတွေ ထိခိုက်နစ်နာနေပုံပါ။

ပြည်ပတိုက်ရိုက်ရင်းနှီးမြှတ်နှံမှု
အလွန့်အလွန်အရေးကြီးလှပါတယ်။ လူအများက နိုင်ငံခြားငွေများများ ရောက်လာရင် ပြည်သူလူထု အကြွေးများများ တင်နေမယ် ပြောကြတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ တကယ်တော့ ငွေဆိုတာ သုံးတတ်ရင် မိတ်ဆွေကောင်းဖြစ်ပြီး မသုံးတတ်ရင်တော့ ဒုက္ခရောက်ရပါတယ်။ ငွေကြေးဆိုင်ရာ မူဝါဒများမှာ ခရစ်ယာန်များက ငွေနဲ့အရာရာဟာ ဘုရားသခင်ပိုင်တယ် လို့မှတ်ယူပြီး လုပ်ကိုင်ကြလို့ တိုးတက်ကြီးပွားကြပါတယ်။ နိုင်ငံတခုက လုပ်သားပြည်သူတွေကတော့ နိုင်ငံသယံဇာတတွေအားလုံး သူတို့ပိုင်တယ်၊ ပြည်သူလူထုပိုင်တယ်လို့ သိကြပါတယ်။ ဒီလိုအသိစိတ်ပေးပြီး လိမ်ညာအုပ်ချုပ်တဲ့ အာဏာရှင်အစိုးရများကြောင့် လူတစုပဲ အရမ်းချမ်းသာကြွယ်ဝပြီး၊ ပြည်သူလူထုက မွဲတေသွားကြတာ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ လက်တွေ့အခြေအနေပါ။

အခုရေးမဲ့ FDI အကြောင်းမှာ နိုင်ငံတနိုင်ငံ ပြန်လည်တည်ဆောက်ရာမှာ ဘယ်ဟာ အရေးကြီးဆုံးလဲ ဆိုတာကို မီးမောင်းထိုးပြချင်တာပါ။

အဓိကလိုအပ်ချက်များကတော့..
၁။ လူသားအရင်းမြစ် Man
၂။ ပစ္စည်းများ၊ ကုန်ကြမ်းများ၊ အခြားသယံဇာတများ Materials
၃။ နည်းပညာ၊ နည်းစနစ်များ၊ စက်များ Method
၎။ ငွေကြေး Money
၅။ ပတ်ဝန်ကျင်ဒေသအခြေအနေ Environment

အခု FDI က နံပါတ်(၄) အဆင့်မှာ ရင်းနှီးမြှတ်နှံမှုအဖြစ် ပါဝင်ပါတယ်။ တကယ်တော့ နံပါတ်(၄) အဆင့်ဆိုပေမဲ့ နံပါတ်(၁)(၂)(၃) အားလုံး ပါဝင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှတ်နှံရာမှာ ငွေကြေးပမာဏနဲ့ပဲ တိုင်းထွာလေ့ရှိပါတယ်။ ဥပမာ ရင်းနှီးမြှတ်နှံမှု ဒေါ်လာသန်း၂၀ လို့ဆိုရင် လာရင်းနှီးတဲ့ ကုမ္ပဏီက မြန်မာနိုင်ငံထဲကို ဒေါ်လာအားလုံး ယူပြီးမလာပါဘူး။ တချို့ငွေတွေကို နိုင်ငံခြားကလာတဲ့ ကျွမ်းကျင်သူတွေရဲ့ လစာ၊ နေစရိတ်၊ စားစရိတ်အဖြစ် သုံးရမယ်။ ငွေတချို့ကို ပစ္စည်းများ၊ ကုန်ကြမ်းများ၊ နည်းပညာ (Software & Hardware) နဲ့ စက်များကို မြန်မာပြည် သယ်လာရမယ်ဖြစ်ပါတယ်။ လိုအပ်ရင် ပြည်တွင်းကြွမ်းကျင်သူများ၊ ကုန်ကြမ်းသယံဇာတများကို ကျပ်ငွေနဲ့ ဝယ်သုံးရပါမယ်။ ဒါတွေအားလုံးပေါင်းမှာ FDI ဖြစ်လာပါတယ်။

FDI အကြောင်းကို အင်တာနက်မှလေ့လာခြင်း
ဝီကီ Wikipedia စွယ်စုံကျမ်းကနေ မှီငြမ်းရေးပါမယ်။ Google.com ဝက်ဆိုဒ်ထဲမှာ FDI wiki လို့ရိုက်ထည့်ရင် အင်္ဂလိပ်လို ဖတ်နိုင်ပါပြီ။ မြန်မာလိုဝီကီ ကတော့ မြန်မာစာလုံး ကွန်ပြူတာမှာ ယူနီကုတ်စနစ်ကောင်းသွားမှ ကွန်ပြူတာက ဘာသာပြန် မြန်မာဝီကီ အလွယ်လေး ပေါ်လာမယ်ဖြစ်ပါတယ်။ အခုတော့ အင်္ဂလိပ် ဝီကီကိုပဲ အားကိုး၊ အားထားရပါမယ်။

FDI ဆိုတာဘာလဲ..?
https://en.wikipedia.org/wiki/Foreign_direct_investment

တကယ်တော့ FDI ဆိုတာ ဘာသာရပ်ကြီးတခုအလား အလွန်ကျယ်ပြန့်ပါတယ်။ တိုးတက်တဲ့နိုင်ငံတိုင်း FDI အလွန် များပြားစွာရရှိပါတယ်။ စဉ်းစားကြည့်ပါ။ ဘယ်သူမှ ကိုယ့်ပိုက်ဆံ မသေချာပဲ စီးပွားမလုပ်ကြပါဘူး။ မသေချာပဲ ကိုယ့်စက်ပစ္စည်း၊ ကိုယ့်ဝန်ထမ်းတွေကို တခြားနိုင်ငံကို မပို့ကြပါဘူး။ ဒါကြောင့် သေချာမှ ရင်းနှီးမြှတ်နှံကြပါတယ်။ အခုခေတ်မှာ မသေချာပဲ ကံကိုယုံချေးပုံနင်းသလို ငွေအမြောက်အများ မရင်းနှီးကြပါဘူး။

FDI by country wiki ဆိုပြီး Google.com မှာရှာကြည့်ပါ။
 List of countries by received FDI - Wikipedia ဆိုတာကို တွေ့ရပါမယ်။




ဒီဇယားကို ကြည့်ရင် FDI များတဲ့နိုင်ငံက တိုးတက်တယ် လို့ ယေဘူယ ပြောရပါမယ်။ အမေရိကန်နိုင်ငံက နံပါတ်(၁) စွဲပါတယ်။ ဟောင်ကောင်က နံပါတ်(၂) တရုပ်ပြည်ကိုရင်းနှီးချင်ရင် စိတ်ချရအောင် ဟောင်ကောင်ကတဆင့် သွားပါတယ်။ စင်ကာပူနိုင်ငံက သေးငယ်ပေမဲ့ နံပါတ်(၁၀) အရှေ့တောင်အာရှ ဥပမာ မြန်မာ၊လာအို၊ဗီယက်နမ် စတဲ့နိုင်ငံတွေကို ရင်းနှီးချင်ရင် စင်ကာပူကတဆင့် သွားပါတယ်။ ဒါကြောင့် တရားဝင် FDI မြန်မာနိုင်ငံကို ရင်းနှီးမြှတ်နှံမှုမှာ စင်ကာပူက ထိပ်ဆုံးရောက်မှန်းမသိ ရောက်လာခြင်းဖြစ်ပါတယ်။ သို့သော တရားမဝင်နည်းနဲ့ ရင်းနှီးမြှတ်နှံရာမှာ တရုပ်၊ ထိုင်း နိုင်ငံများက မြန်မာပြည်မှာ အမြောက်အများ ရင်းနှီးထားပြီ ဖြစ်ပါတယ်။

နောက်တမျိုးကတော့ Google.com မှာ FDI youtube ဆိုပြီး ရိုက်နှိပ်ရှာကြည့်ပါ။ FDI အကြောင်း အင်္ဂလိပ်လို ရှင်းပြထားတာတွေ ကြည့်ရှု နားဆင်ရပါမယ်။

ဒါတွေကတော့ လူငယ်တိုးတက်နေသူများရဲ့ သိသူဖော်စား၊ မသိသူကျော်သွား နာမည်ကျော် အင်တာနက်ဝက်ဆိုက် ဂူဂယ် Google, ဝီကီပီဒီယာ Wikipedia, ယူကြု Youtube ၃ခုအားဖြင့် ဗဟုသုတ စီးပွားရေးလုပ်ခြင်းပါပဲ။

နောက်အပိုင်းတွေမှာ FDI များများ ရဖို့ နိုင်ငံတွေဘယ်လိုလုပ်ကိုင်နေကြသလဲဆိုတာ ရေးပါမယ်။ အခုတော့ အောက်ဖော်ပြပါ အဓိကအချက်အလက်များကိုပဲ ရေးပါမယ်။

၁။ အစိုးရရင်းနှီးမြှတ်နှံမှုဥပဒေ ဘယ်လောက်ခိုင်မြဲသလဲ။ အလွယ်တကူပြောင်းနိုင်တဲ့ဥပဒေလား

၂။ အစိုးရအဖွဲ့ ဒီမိုကရေစီကျသလား၊ တနည်းအားဖြင့် တရားဥပဒေစိုးမိုးပါသလား

၃။ Corruption Index (Transparency) အဆင့်ကောင်းသလား၊ Ease of doing Business စီးပွားလုပ်ငန်းလုပ်ဖို့ အစိုးရဌာနများနဲ့ ကြိုးနီစနစ်တွေ (ပေးကမ်းရတာတွေ) ..စတဲ့ ပွင့်လင်းမြင်သာမှု ရှိသလား၊

၎။ Infra Structure လို့ခေါ်တဲ့ မိုဘိုင်းဖုန်း၊အင်တာနက်လိုင်းတွေ ကောင်းသလား၊ လမ်းတံတားတွေကောင်းသလား၊ ခရီးသွားလာမှု လွယ်ကူဈေးချိုသလား၊ လျှပ်စစ်ဓါတ်အား ဈေးချို လွယ်ကူသလား၊ ဘဏ်ငွေကြေးရေးလုပ်ငန်း လျှင်မြန်သလား၊ ငွေမဲတွေနဲ့ အခွန်စနစ် တရားမျှတသလား ..စတဲ့ အခြေခံအဆောက်အဦများ ကောင်းပါသလား...

အထက်ပါ (၄)ချက်ကိုကြည့်ရင် နိုင်ငံရေးတည်ငြိမ်မှု အလွန်လိုအပ်တယ်ဆိုတာ မြင်ရပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေ
မြန်မာအစိုးရသစ် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရပြီး ၂၀၁၆ ဧပြီ-ဒီဇင်ဘာ FDI ခွင့်ပြုငွေပမာဏက ၃.၅ ဘီလျံ ဒေါ်လာကတော့ မနှစ်ကထက် ၂၈% ရော့သွားပါတယ်။ MIC လို့ခေါ်တဲ့ ရင်းနှီးမြှတ်နှံမှု ကော်မရှင်ကိုလဲ ဖြက်သိမ်းလိုက်ပြီး အစားထိုးဖွဲ့မှု မရှိသေးဘူးလို့ ကမ္ဘာ့ ငွေကြေးသတင်း www.ft.com ဇန္နဝါရီလ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။ စီးပွားရေးကျဆင်းနေတဲ့နှစ် လို့ပြောနိုင်ပါတယ်။

အခု DASSK အစိုးရ တနှစ်မှာ ဟိုလူတွေ သူတို့လုပ်သွားတဲ့ ဥပဒေစုတ်တွေ အများဆိုများကြီး . . လယ်ယာမြေဥပဒေကအစ အခြေခံဥပဒေအဆုံး . .ပြင်နေတယ်လေ။ ဒီလူတွေ (ဝိသမလောဘသား + စစ်အာဏာရှင်ဟောင်းမိသားစု) က စစ်သားအသစ်၂၅% ကို မြှောက်ပေး support လုပ်ပီး နောက်ပြန်ဆွဲနေတုန်းပါပဲ။

တယောက်ကို ထောင်ချလိုက်ရင် ပျားအုံဒုတ်နဲ့ ထိုးမိမှာမို့ DASSK က လိမ်မာ ပါးနပ်စွာလုပ်တယ်။
မပြောင်းလဲသေးဘူးလို့ ဦးဝင်းထိန်က ပြောပါတယ်။
ကာချုပ်ကိုယ်တိုင်လဲ မတိုးတက်ဘူးလို့ ဝန်ခံစကားပြောတယ်။

ရလဒ် တနှစ်ရလဒ်က DASSK အာဏာဆုပ်ကိုင်နိုင်စ ပြုလာနိုင်ပါတယ်။ ဦးသန်းရွှေကိုလဲ စစ်အုပ်စုထဲကပဲ အသေသတ်ချင်သူတွေ အများကြီးရှိတယ်။ DASSK ပဲ ကာကွယ်ပေးနိုင်တယ်။ ၂၀၁၇ နှစ်ကုန်ဆို လယ်ယာအလုပ်တွေ အထွက်တိုး ကွာလတီကောင်းလာမယ်။ ခရိုနီတွေရဲ့ ၁၀၀ ဘီလျံ USD 100 billion စင်ကာပူကနေ မြန်မာပြည်ထဲ ပြန်ဝင်လာဖို့ national plan လုပ်နေ ပါတယ်။ မလွယ်လှပါ။ ခပ်ရှင်းရှင်းပြောရရင် လူပျင်းတွေများတဲ့ မြန်မာနိုင်ငံမှာ ပျင်းအောင်၊ ကြောက်အောင်၊ ငပိရည်တို့စရာနဲ့ ဆန်ကြမ်းစားပြီး ကျေနပ်နေတဲ့ စိတ်ဓါတ်တွေ၊ တနည်း - ဘုရားကောင်းကြီးကို ထိုင်စောင့် ညစ်ပတ်နေတဲ့ လူတွေ နိုးထအောင် အစိုးရသစ်က လုပ်နေပါတယ်။ အလုပ် လူတွေ အလုပ်လုပ်ချင်အောင် မှိုစိုက်နည်းကအစ တနိုင်အလုပ်တွေလုပ်သူများ အသားဟင်း တနေ့၃ခါ စားနိုင်နေတဲ့ခေတ်ပါ။ အရင်အစိုးရတုန်းက အမှိုက်များ တဖြေးဖြေး ရှင်းထုတ်ရပါမယ်။ လုပ်ပြီးရတဲ့ငွေကို စားသောက်၊ မိုဘိုင်းဖုန်းတွေ ပြောပြီး ဖြုံး မပစ်အာင် saving system (eg. Singapore CPF, USA social security system) လုပ်နေပါပီ။ နှေးတယ်။ မြန်မာဆိုတဲ့အတိုင်း မြန်လာဖို့ မျှော်လင့်နေပါတယ်။

လမ်းမှန်တော့ရောက်နေပါပြီ

ဒါပေမဲ့ ဒါက အစခရီးပဲရှိပါသေးတယ်။ အစိုးရဆိုတဲ့ ဌာနဆိုင်ရာများက ရှုပ်အောင်လုပ်နေဆဲ၊ တနည်းအားဖြင့် နှုတ်မိန့်နဲ့လုပ်နေတဲ့ စနစ်ကနေ တက်မလာသေးပါဘူး။ တရားဥပဒေစိုးမိုးအောင် ဒေါ်အောင်ဆန်းစုကြည်က လိမ်မာပါးနပ်စွာ ကြိုးစားပေမဲ့ အ-ဂတိလိုက်စားမှုများက ရှိနေဆဲဖြစ်ပါတယ်။ FDI နဲ့ပတ်သက်ပြီး နိုင်ငံခြားကုမ္ပဏီကြီးတွေ ၊ ကုမ္ပဏီအသေးတွေ အပါအဝင် ကမ္ဘာ့လူလည်များစွာလဲ မြန်မာပြည်ကို ငွေထုပ် ကြီး၊ သေး ပိုက်ပြီး လာရောက်လုပ်ကိုင်နေပါတယ်။ FDI ဥပဒေကို ကြည့်ရင် ဒေါ်လာတသိန်း နဲ့လဲ ရင်းနှီးလို့ရတော့ များများလာလေလော ကောင်းလေလေ ဖြစ်ပါတယ်။

အရေးကြီးဆုံးကတော့ ပြည်တွင်းက အသေးစား၊ အလတ်စား ကုမ္ပဏီများကို ပြည်ပကုမ္ပဏီများက ငွေအာဏာနဲ့ အနိုင်ကျင့်ခံနေရတာတွေက လွတ်မြောက်ဖို့၊ တရားမျှတတဲ့ စီးပွားစနစ်က မဖြစ်နိုင်ပေမဲ့ တယ်လီဖုန်းအော်ပရေတာများကို အထင်ကြီးတဲ့ တာဝါတိုင်ထောင်တဲ့ မြန်မာကုမ္ပဏီလေးများက ငွေစိုက်ပြီး အလုပ်လုပ်ခိုင်းခံရတယ်၊ ၁နှစ်၊ ၂နှစ်ကြာမှ လုပ်အားခ ဈေးနှုန်းလျှော့ပေးတာမျိုးတွေ အနိုင်ကျင့်မှုမျိုးတွေ နောက်နောင်မပေါ်ဖို့ပါ။

၇-မတ်-၂၀၁၇

ဖတ်ကြည့်ရန် - ပြည်သူ့လွှတ်တော်အစီရင်ခံစာ -
-၂၀၁၆ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု.pdf

publication_date
Monday, October 24, 2016