l ခင်လေး l အလှမ်းဝေးနေဆဲ ပန်ပက်ရွာလေးရဲ့ ပညာရေး




l ခင်လေး l  အလှမ်းဝေးနေဆဲ ပန်ပက်ရွာလေးရဲ့ ပညာရေး
(Photo Essay, Education Digest) မိုးမခ၊ မတ် ၁၊ ၂၀၁၇



ပန်ပက်လို့ခေါ်တဲ့ ယကန်းရွာလေးဟာ ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်မှာရှိတဲ့ နေရာလေးဖြစ်ပြီး၊ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေရှာဖွေပေးနေတဲ့ နေရာတစ်ခုဖြစ်ပေမဲ့လည်း ရွာမှာနေထိုင်ကြတဲ့ ကလေးသူငယ်တွေရဲ့ ပညာရေးအတွက်ကတော့ မူလတန်းကျောင်းလေး တစ်ကျောင်းသာရှိပါတယ်။


မူလတန်းပြီးဆုံးသွားတဲ့ ကလေးတွေရဲ့ အလယ်တန်းနဲ့ အထက်တန်းပညာရေးအတွက် ဒီမော့ဆိုမြို့မှာသာ သွားရောက်သင်ယူနိုင်ပါတယ်။ ဒီလို ပညာသင်ယူဖို့ဆိုတာကလည်း မိဘတွေက မြို့ပေါ်မှာအိမ်ငှားပေးတာ ဒါမှမဟုတ် ဆွေမျိုးတွေရှိမှသာ ဖြစ်နိုင်ကြပါသတဲ့။




ရွာနဲ့ ခပ်လှမ်းလှမ်းမှာတော့ ပြည်တွင်း၊ ပြည်ပက ခရီးသွားတွေကို ရောင်းချနိုင်ဖို့ ကယန်းလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုဆိုင်ရာ အမှတ်တရပစ္စည်းတွေရောင်းတဲ့ ဆိုင်လေးတွေကို ဖွင့်လှစ်ထားကြပါတယ်။




Photo & Text by Khin Lay