လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (13)

လောကဓာတ်ခန်း သာဂိ  - Office Application in the Cloud (13)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) မတ် ၁၄၊ ၂၀၁၇

Google Drive ပေါ်မှာ ဖိုင်တွေကို ဘယ်လို ကိုင်တွယ်မလဲ

အခု သင်နေတာက Google Office Application on the Cloud ဖြစ်ပါတယ်။ ဂျီမေးအပါအ၀င် ဂူးဂဲဒရိုက် ဂူးဂဲဆော့ဝဲတွေကို အင်တာနက်ချိတ်ဆက်ထားတဲ့ ၀က်ဘရောက်ဇာ သို့မဟုတ် မိုးဘိုင်းဖုန်းထဲကနေ အသုံးပြုနည်းတွေကို သင်ကြားနေတာဖြစ်ပါတယ်။ ကွန်ပြူတာတခုတည်းပေါ်မှာ မူသေကိုင်ထားပြီး အဲသည် my computer, my desktop ဆိုတာနဲ့ သင်တန်းသားတွေကို သင်နေတာမဟုတ်ဘဲ သင်တန်းသားတွေဟာ နေ့စဉ် မည်သည့်ကွန်ပြူတာမှာ ထိုင်ထိုင် မိမိအီးမေးအကောင့်နဲ့ ဂူးဂဲကို ဖွင့်ပြီးတော့ မိမိဖိုင်တွေ အက်ပလီကေးရှင်းတွေကို သုံးစွဲနေတာ ဖြစ်ပါတယ်။ အခု ဒီတပတ်မှာ သင်ကြားမှာကတော့ မိမိအွန်လိုင်းပေါ်မှာ ထားရှိတဲ့ ဖိုင်တွေကို ဒရိုက်ပေါ်မှာ ဘယ်လို ကိုင်တွယ် သိမ်းဆည်းထားသလဲဆိုတာကို ကြည့်ကြရအောင်ပါ။

ဖိုင်များကို ရှာခြင်း

Screenshot of Google Drive

ဒရိုက်ဝင်းဒိုးအပေါ်က မှန်ဘီလူး အကွက်မှာ မိမိအလိုရှိရာ ဖိုင်အမည်တွေ ရိုက်ထည့်ပြီး ရှာရပါတယ်။ ဖိုင်အမည် တခုလုံး မှတ်မိစရာမလိုပဲ အစပိုင်းလောက် မှတ်မိရင်ကို ရှာဖွေရေးအကွက် (seach box) က ရှာပေးတာကို တွေ့ရပါမယ်။

ဖိုင်များကို စီစဉ်ခြင်း

Screenshot of Google Drive

မိုင်ဒရိုက်ရဲ့ အတန်းမှာ အိုင်ကွန်တွေထဲက ဖိုင်တွေ စီပုံကို လေ့လာနိုင်ပါတယ်။ AZ အိုင်ကွန်မှာ နောက်ဆုံးပြင်ခဲ့တဲ့ ဖိုင်၊ ဖိုင်အမည်၊ ဘာညာတွေကို စီနိုင်ပါတယ်။


ဖိုင်များ ရှာခြင်း စီခြင်းကို ရှာဖွေရေးအကွက်ကနေ ပြုလုပ်ခြင်း

ပထမဦးစွာ Search Box က Pull Down (Search Option) ကို ဆွဲချပါ။

Screenshot of Google Drive

အဲသည်မှာ လိုချင်တဲ့ ဖိုင်အမျိုးအစားကို ဆွဲချပါ။


Screenshot of Google Drive

ဥပမာအားဖြင့် document တွေပဲ ရှာပြီး စီချင်တယ် ဆိုကြပါစို့။ ဒေါ့ကူမင့်ကို ရွေးပါ။



screenshot of YouTube


ပြီးရင် Search ခလုပ်ကို နှိပ်ပါ။

Screenshot of Google Drive

File အမျိုးအစားထဲက DOC ဖိုင်တွေချည်းပဲ ရှာပြီး စီထားတာကို တွေ့ရပါမယ်။
Screenshot of Google Drive



ဖိုင်များ ဖိုလ်ဒါများကို စီမံခန့်ခွဲခြင်း


ဖိုင်တွေကို create လုပ်တတ်ပြီးရင် ဖိုလ်ဒါတွေ ဖန်တီးတတ်အောင်လည်း လေ့ကျင့်ရပါမယ်။ ဖိုလ်ဒါဆိုတာကတော့ မျိုးတူရာ အကြောင်းအရာတူရာ ဖိုင်တွေကို သီးသန့် တနေရာတည်းမှာ ဖိုလ်ဒါထဲ အံဆွဲထဲ စုပြီး သိမ်းထားသလိုမျိုးပေါ့။

ဒရိုက်ကနေ New ကို ဆွဲချပြီးတော့ Folder ကို ရွေးပါ။

Screenshot of Google Drive

သင်အလိုရှိရာ ဖိုလ်ဒါအမည်ကို ရိုက်ထည့်ပြီး ဖန်တီးလိုက်ပါ။

Screenshot of Google Drive

မိုင်ဒရိုက်အောက်မှာ သင်ဖန်တီးလိုက်တဲ့ ဖိုလ်ဒါအမည် ပေါ်ထွက်လာတာကို တွေ့ရပါမယ်။


Screenshot of Google Drive

ဖိုလ်ဒါတွေထဲကို ဖိုင်များ ပြောင်းရွှေ့ခြင်း


ညာဖက်ဝင်းဒိုးထဲက ဖိုင်တွေကို ဖိပြီး မောက်စ်နဲ့ ဆွဲပြီး အလိုရှိရာ ဖိုလ်ဒါတွေထဲ လွှတ်ချပေးနိုင်ပါတယ်။

Screenshot of Google Drive

ဖိုင်ဟာ သင်အလိုရှိရာ ဖိုလ်ဒါထဲမှာ သွားနေရာယူထားတာကို တွေ့ရပါမယ်။

Screenshot of Google Drive

ဖိုင်တွေ အများကြီးကို တခါတည်း ရွေးချယ်ပြီး ရွှေ့ချင်တယ် ဆိုရင်တော့ ကီးဘုတ်က CTRL ကွန်ထရိုးကီးကို တွဲပြီး ဖိုင်တွေကို နှိပ်ပါ၊ (ကလစ်ပါ)။ ပြီးမှ တစုတည်း မောက်စ်နဲ့ ဖိဆွဲပြီး လိုချင်တဲ့ ဖိုလ်ဒါထဲကို လွှတ်ချလိုက်ပါ။

Screenshot of Google Drive

ဖိုင်များကို ဖျက်ခြင်း


ဖိုင်တွေကို ဖျက်တာကလည်း ကွန်ပြူတာထဲက ဖိုင်တွေကို DELETE ကီးနှိပ်ပြီး ဖျက်လိုက်သလိုပါပဲ။

ကွန်ပြူတာမှာကတော့ Recycle Bin ဆိုတာ ရှိပါတယ်။ ဒရိုက်မှာကတော့ TRASH FOLDER ရှိတယ်။ ဖျက်လိုက်လို့ရှိရင် သူတို့က Trash folder ထဲကို ရောက်သွားပြီး မြင်ကွင်းကနေ ပျောက်သွားပါတယ်။ ပြန်လိုချင်ရင် Trash ထဲကနေ Recover လုပ်လို့ရပါတယ်။ Recycle Bin ထဲကနေ recover လုပ်သလိုပါပဲ။

ဒရိုက်ဝင်းဒိုးက မီနူးဘားမှာ အမှိုက်ပုံးပုံကလေးက ဖျက်တဲ့ခလုပ်ဖြစ်ပါတယ်။ ဖိုင်ကို ရွေးပြီးတော့ အမှိုက်ပုံးကို နှိပ်လိုက်ရုံပါပဲ။


Screenshot of Google Drive
ဘယ်ဘက်ကော်လံက Trash folder ကိုနှိပ်ကြည့်ပါ။ အဆိုပါဖိုင်တွေ အဲသည်ထဲ ရောက်သွားပါပြီ။
Screenshot of Google Drive

သင်တန်းဆရာက Restore from Trash and Delete Forever ဆိုတာကို သရုပ်ပြရပါမယ်။

Deleting all files in the trash folder

ဖိုင်များကို Preview လုပ်ခြင်း


ဖိုင်တွေကို Preview လုပ်တယ်ဆိုတာက ဖိုင်တခုလုံးကို ၀င်းဒိုးအသစ်တခုနဲ့ ဖွင့်ကြည့်တာ မလုပ်ပဲ မိမိဝင်းဒိုးထဲမှာပဲ အစမ်း ဖွင့်ကြည့် မြည်းကြည့်တာမျိုးကို ဆိုလိုတာပါ။

မျက်လုံးပုံနဲ့ အိုင်ကွန်ကို နှိပ်ပြီးတော့ မိမိရွေးထားတဲ့ ဖိုင်ထဲမှာ ဘာပါသလဲဆိုတာ စမ်းဖွင့်ကြည့်လို့ရပါတယ်။

Screenshot of Google Drive

ဖိုင်ကို မိမိဝင်းဒိုးထဲမှာပဲ ဖွင့်ပြပါတယ်။ တန်းပြီးတော့ edit လုပ်စရာ မလိုဘူးပေါ့။

Screenshot of Google Drive

Right-clicking ကို လေ့လာခြင်း


ကွန်ပြူတာမှာ သင်တန်းသားတွေက မောက်စ်ရဲ့ ဘယ်ခလုပ်ကိုသုံးပြီး ရွေးတာ၊ ဖွင့်တာ တွေ လုပ်ကြပါတယ်။ မောက်စ်ရဲ့ ညာခလုပ်မှာကတော့ အခြားသက်ဆိုင်ရာ နည်းစနစ်တွေကို မီနူးနဲ့ ပေါ်အောင် လုပ်ထားတာကိုလည်း သိရပါမယ်။
Clicking the More button

ဖိုင်တဖိုင်ကို ရိုက်ကလစ် လုပ်ကြည့်ပါ။ သည်ဖိုင်နဲ့ ပတ်သက်ပြီး အခြားလုပ်စရာနည်းနာတွေ command တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ သင်တန်းဆရာက အဲသည် အလုပ်ခလုပ်တွေအကြောင်း ရှင်းပြရပါမယ်။


(ဆက်လက်ဖော်ပြပါမည်)