လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (14)

လောကဓာတ်ခန်း သာဂိ  - Office Application in the Cloud (14)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) မတ် ၂၃၊ ၂၀၁၇

ဖိုင်များကို ရှယ်ခြင်း၊ တပြိုင်နက်တည်း သုံးစွဲ တည်းဖြတ်ခြင်း

အွန်လိုင်းပေါ်ကနေ ဂူးဂဲအက်ပလီကေးရှင်းတွေ သုံးတဲ့အခါ အားသာချက်ကတော့ ဖိုင်တွေက အလိုလို ကလောက်ဒ် (cloud) ပေါ်မှာ သိမ်းထားတာ၊ ပျောက်ပျက်မသွားတာ။ ဘယ်ကွန်ပျူတာကနေမဆို ပြန်ပြီး ဖွင့်နိုင် အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဒီထက်သာလွန်တဲ့ အချက်ကတော့ Google Drive က ဖိုင်တွေကို မိတ်ဆွေတွေ၊ ၀န်ထမ်းတွေနဲ့ ရှယ် (share) နိုင်တာ ဖြစ်ပါတယ်။ အီးမေးကနေ ဖိုင်ကော်ပီကို သီးခြား ပို့စရာ မလိုဘဲနဲ့ မိမိဖိုင်ကို အွန်လိုင်းမှာ အီးမေးလိပ်စာနဲ့ တိုက်ရိုက် ရှယ်ထားလို့ ရပါတယ်။ အရှယ်ခံရသူက ဖွင့်ကြည့်ရုံတင် ဖွင့်ကြည့်တာ (Read Only) လုပ်နိုင်သလို၊ မိမိက ခွင့်ပြုလိုက်ရင် သူတို့ပါ ၀င်ရောက် တည်းဖြတ် ပြုပြင်တာ (Edit) လုပ်နိုင်တာ ဖြစ်ပါတယ်။
ဖိုင်တွေကို ရှယ်လိုက်လို့ မိမိရှယ်တဲ့သူတွေသာ ကြည့်ခွင့်ရတာပါ။ အများသူငှာကနေ တိုက်ရိုက်ဝင်ကြည့်လို့ မရအောင် ကာကွယ်မှု လုပ်ထားပြီး ဖြစ်ပါတယ်။

ဖိုင်တွေကို ရှယ်ခြင်း


Screenshot of Google Drive

မိမိ ရှယ်လို့တဲ့ဖိုင်ကို ဒရိုက်မှာ ရှာဖွေပါ။ ဆလက်လုပ်လိုက်ပါ။ ပြီးတော့ မီးနူးဘား၊ (Ribbon Bar) က လူပုံနဲ့ အပေါင်းလက္ခဏာကို နှိပ်ပါ။

Screenshot of Google Drive
Share with Others ဆိုတဲ့ ၀င်းဒိုးဘောက်စ်မှာ သူငယ်ချင်း အီးမေးလိပ်စာကို ထည့်ပါ။ မတ်စိပါ ထည့်ရေးချင်တယ် ဆိုရင် မတ်စိလေးပါ ထည့်ပေးလိုက်လို့ ရပါတယ်။ အဲသည်က ခဲတံနဲ့ pull down မှာ can edit ဆိုတာ ရွေးထားတော့ သူငယ်ချင်းက တိုက်ရိုက် အယ်ဒစ်လုပ်လို့ ရတယ်ပေါ့။

Screenshot of Google Drive

တိုက်ရိုက်ပြင်ခွင့်မဟုတ်ဘဲ ကြည့်ရုံ ကြည့်ခွင့်ဘဲ ပေးမယ်ဆိုရင် Can View ကို ရွေးပေးလိုက်ရုံပါပဲ။ သူငယ်ချင်း အီးမေးထဲမှာ အဲသည် ရှယ်ထားတဲ့ အီးမေးမတ်စိ ရောက်သွားမယ်။ သူကိုယ်တိုင် သူ့ ဒရိုက်ထဲမှာ မိမိဖိုင်ကို တိုက်ရိုက် ဖွင့်ကြည့်တာ လုပ်လို့ ရပါလိမ့်မယ်။

Sharing with a link


ဖိုင်ကို မတ်စိနဲ့ ရှယ်တာအပြင် ဖိုင်ရဲ့ လင့်ကိုလည်း ရှယ်လို့ ရပါတယ်။
Screenshot of Google Drive

ခုနင်ကလိုပဲ ပုံလေးကို နှိပ်ပါ။

Screenshot of Google Drive

Get shareable link ဆိုတာကို နှိပ်ပါ။
Screenshot of Google Drive
အဲသည်မှာ မိမိဖိုင်ကို ၀က်လင့်ခ် လိပ်စာနဲ့ ကော်ပီလုပ်ပြီး ရှယ်ဖို့အတွက် ဂူးဂဲက ပြင်ဆင်ပေးပါလိမ့်မယ်။
အီးမေးရှယ်တယ်ဆိုတာက အီးမေးလိပ်စာနဲ့သူကိုပဲ ရှယ်တာပါ။ တခြားအီးမေးလိပ်စာနဲ့သူက မိမိဖိုင်ကို ဖတ်ခွင့် ကြည့်ခွင့် မရပါဘူး။ လင့်ခ်နဲ့ ရှယ်တယ်ဆိုရင် လင့်ခ်ရသွားတဲ့သူက (can edit / can view) ရွေးထားချက်အတိုင်း လုပ်ပိုင်ခွင့်ရသွားပါတယ်။ ပြီးတော့ သူကနေ သူ့မိတ်ဆွေတွေဆီကို လက်ဆင့်ကမ်းခွင့်လည်း ရသွားပါတယ်။ လုံခြုံရေးအရ ပေါ့သွားပါတယ်။ မိမိကိုယ်တိုင်ကလည်း မိမိဂျီမေးထဲကနေ မည်သူကိုမဆို လင့်ခ် ကော်ပီပေးပြီး ရှယ်လိုက်နိုင်ပါတယ်။ ဒါက သတိထားရမယ့် အချက် ဖြစ်ပါတယ်။

Files shared with you

Shared with Me folder

သူများတွေဆီက ရှယ်ထားတဲ့ ဖိုင်တွေကို ဒရိုက်က shared With Me Folder ထဲမှာ သိမ်းဆည်းပေးထားပါတယ်။
Screenshot of Google Drive


သူများရှယ်ထားတဲ့ ဖိုင်ကို မိမိဒရိုက်ထဲ ပြောင်းပြီး သိမ်းထားချင်တယ်ဆိုရင် အဲသည်ဖိုင်ကို ဆလက်လုပ်ပြီးတော့ အပေါ်က ပြထားတဲ့အတိုင်း “add to my drive” လုပ်ပြီး သိမ်းနိုင် ရွေ့နိုင်ပါတယ်။ ရွေ့တဲ့ဆီမှာလည်း ဒရိုက်ဖိုလ်ဒါထိပ်ဆုံး (root) မှာအပြင် ဒရိုက်ဆပ်ဘ်ဖိုလ်ဒါ (sub folder) ကြိုက်တဲ့ ဖိုလ်ဒါဆီမှာ သိမ်းလို့ရတယ်ဆိုတာကို သင်တန်းဆရာက ပြပေးရပါမယ်။

Collaboration tools (အများနဲ့ လက်တွဲအလုပ်လုပ်ခြင်း)


ကိုလက်ဘိုရေးရှင်း ဆိုတာက အများနဲ့ အတူလက်တွဲ အလုပ်လုပ်တာ ကို ပြောပါတယ်။ ဂူးဂဲဖိုင်တွေကို သူများနဲ့ ရှယ်တာအပြင် တပြိုင်နက်တည်းမှာ၊ သို့မဟုတ် တယောက်တလှည့် ဖိုင်ကို ပြင်ဆင်တာ၊ တည်းဖြတ်တာ၊ ဖြည့်သွင်းတာ၊ မှတ်ချက်ရေးထားတာတွေနဲ့ အလုပ်တွဲလုပ်လို့ရပါတယ်။ တယောက်က ဖိုင်ကို ဖွင့်နေချိန်မှာ တခြားတယောက်က ၀င်ပြင်နေတာကို မိမိစကရင်မှာ တိုက်ရိုက် live မြင်တွေ့နေရပါမယ်။

ဥပမာ - အစည်းအဝေးမှတ်တမ်းဖြစ်ဖြစ် ပရိုဂျက်ဖြစ်ဖြစ်ကို မိမိတို့ ကွန်ပြူတာနဲ့ ချက်ဘောက်စ်တွေကနေ စကားပြောရင်းကနေ (ဖုန်းနဲ့ဖြစ်ဖြစ် ပြောရင်း) ဖိုင်ကို ဖွင့်ပြီး ၀ိုင်းဝန်း ဖြည့်စွက်တာတွေ တပြိုင်နက်တည်း လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။
labeled graphic

အထက်ပါ စာဖိုင်ကို ဖွင့်ထားပြီး comments ကို ဖွင့်ထားရင် အဖွဲ့သားတွေရဲ့ ကွန်မင့်တွေ ရေးသားတာကို တွေ့နိုင်ပါတယ်။ “share” ကို နှိပ်ကြည့်ရင် ဘယ်သူတွေနဲ့ ရှယ်ထားသလဲဆိုတာ မြင်ရပါမယ်။ ရှယ်အောက်က အနီလေးထောင့်တုံးလေး ၂ တုံး ဆိုတာက အခုချိန်မှာ ၀င်ကြည့်နေသူ နှစ်ဦး ရှိနေတယ်လို့ ဆိုတာပါ။

ဖိုင် မီးနူးကို ဆွဲချလိုက်ရင်တော့


See revision history ဆိုတာက မိမိဖိုင်ကို ဘယ်တုံးက ဘာတွေ ဘယ်သူက ပြင်ဆင်ထားတဲ့ ရာဇ၀င်မှတ်တမ်းကို ပြန် ကြည့်တာ စစ်တာ လုပ်လို့ရပါတယ်။

အဲသည်မှာ သင်တန်းဆရာက ရှင်းပြသင့်တာတွေကတော့ Download As, Publish to the web, email collaborators, email as attachment တွေရဲ့ အလုပ်လုပ်ပုံတွေ ဖြစ်ပါတယ်။

မိမိဖိုင်တွေကို ဒေါင်းလုပ်လုပ်ပြီး သိမ်းဆည်းတာ၊ ၀က်ဆိုက်ပေါ်မှာ လင့်ခ်တခု ဖန်တီးပြီး အများကို တင်ဆက်တာ၊ မိမိတို့ အဖွဲ့သားတွေဆီ အီးမေးပို့ ရှယ်တာ၊ မတ်စိပို့တာ၊ သို့မဟုတ် အီးမေးထဲမှာ အတက်ခ်ျမင့် လုပ်ပြီး ပို့ဆောင်တာတွေ လုပ်နိုင်တာကို သင်ပြရမှာ ဖြစ်ပါတယ်။ လေ့ကျင်ခန်းတွေလည်း ပြင်ဆင်ပြီးတော့ သင်တန်းသားတွေ ရင်းနှီးကျွမ်းဝင်အောင် သင်ကြားပေးရပါမယ်။

Download File

ဖိုင်တွေကို ဒေါင်းလုပ်လုပ်ရမှာ တိုက်ရိုက် right click download လုပ်နည်းနဲ့ ဖိုင်တွေကို ဖွင့်ပြီးတော့မှ ဖိုင်မီးနူးကနေ download လုပ်နည်းတို့ ကွာခြားချက်ကို သင်ပေးရပါမယ်။

Screenshot of Google Drive

ဖိုင်ကို ဒရိုက်နေ တိုက်ရိုက်ဆလက်လုပ်၊ ရိုက်ကလစ်လုပ်လိုက်ရင် download ဆိုတာ ရွေးလို့ရပါတယ်။ အဲဒီနည်းနဲ့ ဒေါင်းလုပ် လုပ်ရင် ဂူးဂဲက ဖိုင်ကို Microsoft format နဲ့ တခါတည်း ပြောင်းသိမ်းပေးပါတယ်။ ဥပမာ - google docs ကို MS Word အဖြစ်၎င်း၊ google sheet ကို MS Excel အဖြစ်၎င်း တခါတည်း ကွန်ဗတ်လုပ် ပြောင်းသိမ်းပြီး ဆေ့ဗ်လုပ်ပေးပါတယ်။

Screenshot of Google Drive

သို့မဟုတ်ပါက ဖိုင်ကို အရင်ဆုံး double click လုပ်ပြီး ဖွင့်လိုက်ပါ။ ဖိုင်အတွင်းရောက်မှာ file menu ကို ဆွဲချပါ။


Screenshot of Google Drive

File > Download As > မှာ တွေ့ရတာတွေကတော့ ၈ူးဂဲဖိုင်ကို ဖိုင်ဖော်မက် အမျိုးမျိုးနဲ့ ပြောင်းသိမ်းနိုင်တဲ့ option ရှိနေတာ တွေ့ရပါမယ်။ များသောအားဖြင့် PDF ဖိုင်အဖြစ် သိမ်းဆည်း ဒေါင်းလုပ် လုပ်ကြတာကို သည်နည်းနဲ့ သွားလို့ရပါတယ်။

Printing Google DOCS

ပရင့်ထုတ်ချင်တယ်ဆိုရင်တော့ Print ကို ဖိုင်မီးနူးကနေ ရွေးချယ်ပါ။

Screenshot of Google Drive


မိမိကွန်ပျူတာနဲ့ ချိတ်ထားတဲ့ ပရင်တာဆီကို ဂူးဂဲဒေါ့ကို ပရင့်ထုတ်လို့ ရအောင် ရွေးလိုက်ပါ။

Screenshot of Google Drive

အခုလောက်ဆိုရင် ဖိုင်တွေကို ကိုင်တွယ် စီမံ ခန့်ခွဲပုံတွေကို သိရှိသွားပြီ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)