ငြိမ်းသစ် ● သင်္ကြန်နှစ်ထပ်ကွမ်း

 ငြိမ်းသစ် ● သင်္ကြန်နှစ်ထပ်ကွမ်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၁၇

ပိတောက်တွေ တကြိမ်ပွင့်ဖို့
တို့မှာ အရိုးတွေညှစ်ပြီး ချောင်းမြောင်းနေရ
ရေရွှဲရွှဲစိုခဲ့တဲ့
ကိုယ်ပေါ်က အဝတ်တွေဟာ
ပန်းရနံ့တွေ စွဲမက်ဖွယ်လှပ
တနွေတည်းမှာပဲ သင်္ကြန်နှစ်ခါ ကျခဲ့ရသပေါ့။

မျက်နှာချင်း လမင်းမှာဆုံ
ပိတောက်တွေအပေါ် အကြည့်တွေဆုံတဲ့အခါ
မုန်းသူတွေတောင် ချစ်သွားခဲ့ကြ။

ပိတောက်လေးရေ
မင်းဘယ်နှကြိမ်ပွင့်ခဲ့ပြီလဲ
သူနဲ့ကိုယ် အကြည့်တွေ လွဲနေသေးတယ်။ ။

ငြိမ်းသစ်

မဟေသီမဂ္ဂဇင်း
ဧပြီ၊ ၁၉၉၇