စာရေးဆရာမ ခင်ပန်နှင်း ကွယ်လွန်


စာရေးဆရာမ ခင်ပန်နှင်း ကွယ်လွန်
(မိုးမခ ၀မ်းနည်းမှတ်တမ်း) ဧပြီ ၂၇၊ ၂၀၁၇

မ မ ခ င် ဦး စံ ပ ယ် သို့ နှု တ် ဆ က်ေ တး 
(အောင်ဝေး) 
တောင်စောင်းလေးရဲ့ အစ
တိမ်တိုက်တွေရဲ့ အဆုံး
ငှက်ရေ ...
ဂုဏ်ပြုအပ်တဲ့ အစ်မတစ်ယောက်ကို ဆီးကြိုပါတော့။ ။
ေ အ ာ င္ ေ ၀ း


ခင်မင်ရတဲ့ ရသချစ်မက်သူ ရုပ်ရှင်ချစ်သူ စာရေးဆရာမ ခင်ပန်နှင်း( ဒေါက်တာ ခင်မြင့်ဦး) ကွယ်လွန်သွားခြင်း သတင်းကြားရတဲ့အတွက် များစွာ ကြေကွဲထိခိုက်မိပါတယ်
မမ ကောင်းရာမွန်ရာဘုံဘဝရောက်ပါစေ
ခင်လွန်း 

စာရေးတဲ့အလုပ်ကို ချစ်ချစ်မက်မက်လုပ်တဲ့စာရေးဆရာတွေထဲ မခင်ပန်နှင်းလည်း အခိုင်အမာ ပါတာပါ။ တဖြည်းဖြည်းနဲ့ လူဟောင်းတွေ ကုန်ပေါ့.. ကိုယ့်အလှည့် စောင့်ရုံ..
မေငြိမ်း


RIP writer Khin Pan Hnin
ဒါနောက်ဆုံး ဆုံရတာပဲလို့ မတွေးမိခဲ့ပါ ခင်ပန်နှင်း
မနှစ် က ဖေဖော်ဝါရီ ၁၄ ရက်မှာ ကျင်းပတဲ့ ကျမဖခင်ရာပြည့်ပွဲကို သူ အရောက်လာခဲ့တယ်
မိခင် ၂၀၁၀ မှာဆုံးတော့ ကျမကဗျာကို ပရင့်ထုတ်ပြီး မိခင်ရင်ဘတ်မှာ တင်ပေးရအောင် ရန်ကုန်က မိသားစု အိမ်ကို ခင်ပန်နှင်း အစောကြီး ရောက်သွားပါတယ်
သူနာမကျန်းဖြစ်တော့ စကားတွေပြောဖြစ်ချိန်မှာ ကုသနိုင် ပျောက်ကင်းနိုင်မယ်လို့ မျှော်လင့်မိတာပါ
စစ်ကိုင်းက ညီမဆီသွားမယ်
သွားတော့ လူပါတွဲပေးနေရပြီကြားတော့ အားမရှိ
ခုတော့ သူ့ခင်ပွန်းနောက်လိုက်သွားလေပြီ
မတူတာတွေအသာထား စာချစ်တာချင်းက စည်းမခြား
နှလုံးသားချင်းလည်း နီးစပ်ခဲ့သား
နဝတ ခေတ်မှာသူ့ဆံပင် ကိုယ့်ဆံပင် ကွေးကွေးကောက်ကောက် ထိုးထိုးထောင်ထောင်ချင်း ထိုးပြကြရင်း
တို့တွေခေါင်းတော့ ငြိမ်ဝပ်ပိပြားအောင်လုပ်လို့မရဘူး ပြောကြတာ အမှတ်တရ
စမ်းစမ်းတင်

(စာရေးဆရာမ ခင်ပန်နှင်း ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိုးမခက ၀မ်းနည်းမှတ်တမ်း ပြုပါသည်)
(ပုံ ခရက်ဒစ် - လမ်းအိုလေး ၀က်ဆိုက်)