ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

စိုးလင်း ● ရွာပုန်းကလေးတွေရဲ့ အနာဂတ်အိပ်မက်များဆီသို့


စိုးလင်း ● ရွာပုန်းကလေးတွေရဲ့ အနာဂတ်အိပ်မက်များဆီသို့
(မိုးမခ) ဧပြီ ၃၊ ၂၀၁၇
(မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၃၊ ၂၀၁၇ မတ်လထုတ် လူမှုရှုခင်းကဏ္ဍတွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်)

ဒီရက်တွေအတွင်း ငြိမ်းချမ်းရေးအတွက် တဖွဲ့ချင်းစီရော ကော်မတီတွေအနေနဲ့ပါ ဆွေးနွေးသံများ ခပ်စိပ်စိပ်ကြားနေရပါ တယ်။ ငြိမ်းချမ်းရေးအသံကြားရင် ကျနော်ပြေးပြေးမြင်မိတာက မငြိမ်းချမ်းနိုင်တဲ့ တိုင်းရင်းသားဒေသအသီးသီးက ရွာပုန်းက လေးတွေပါပဲ။ ကျနောက် ABSDF (ကျောင်းသားတပမ်တော်) မှာ ကာလတခုကြာ လက်နက်ကိုင်တော်လှန်ခဲ့သူတယောက် ပါ။

အဲဒီကာလအတွင်း တိုင်းရင်းသားဒေသအသီးသီးရဲ့ နယ်မြေတော်တော်များများကို ဖြတ်သန်းခဲ့ဖူးပါတယ်။ အိမ်ခြေကောင်းဖွံ့ဖြိုးတဲ့ရွာကြီးတွေ အသင့်တင့်ရွာငယ်တွေ၊ နောက် ကျနော်မေ့မရတဲ့ ရွာပုန်းလေးတွေ။

ရွာပုန်းလေးတွေဟာ အထူးသဖြင့် အဲဒီအချိန်က စစ်ပူဒေသတော်တော်များများမှာ ရှိနေတတ်ပါတယ်။ မြင့်မားတဲ့တောင်တန်း တွေကြားက တောထူထူနက်နက်ဟာ ရွာပုန်းကလေးတွေရဲ့ ဘူမိနက်သန်နေရာမှန်ပါ။ လေကွယ်လုံခြုံတိတ်ဆိတ်တဲ့ လျှို မြှောင်တွေက ရွာပုန်းလေးတွေ အနှစ်သက်ဆုံးဖြစ်တယ်။

ရွာပုန်းတွေမှာ နေအိမ်က လွန်လှရှိ လေးငါးခုပဲ။ သူတို့တွေမှာ ကိုယ်ပိုင်ယာဉ်မရှိ။ လျှပ်စစ်မီးမလို။ တောကောင်ရတဲ့နေ့ဆို ထမင်းစို။ ကလေးတွေအတွက် ကျောင်းမရှိ၊ ကစားကွင်းမလို။ ဖျားနားရင် မိရိုးဖလာ ကုသဖြတ်သန်း။ အချိန်မတန်ပဲ ကြွေ ရတဲ့ပန်းတွေလည်း ရှိပ။

အိမ်လယ်မီးဖိုမှာ စုဝေးထိုင်။ အိမ်ဦးစီး အမျိုးသားက အသက်နဲ့မမျှ ရင့်ရော်မျက်နှာနဲ့ ပြုံးပြုံးပြ။ မည်း ညစ်ညစ်ဆံ စုတ်ဖွား လေးတွေက ကျနော်တို့ကို စူးစမ်းကြည့်ကြ။ စားစရာမုန့်လေးများပေးလိုက်ရင် ပျော်လို့။ စကားမပေါက်ပေမယ့် ကျောင်းသား မှန်းသိတော့ ခင်ကြတယ်။ အဲဒီအချိန် မီးဖိုပေါ်တည်ထားတဲ့ ဟင်းရည်အိုးပွက်လာလို့ အိမ်ဦးစီးက မီးဖိုအထက်တည့်တည့် ကျပ်ခိုး စငမှာ်ချတိထာ်းတဲ့ နှီးချောင်းလေးကိုဖြုတ်မြေအိုးလေးထဲထည့်။ ခဏနှစ်ထားပြီး နှီးချောင်းလေးကို မူလနေရာပြန် ထားတယ်။ ကျနော်စိတ်ဝင်စားလို့သေချာကြည့်တော့ နှီးချောင်းထိပ်မှာ ဝက်ခေါက်ခြောက်ဖတ်လေးထင်ရဲ့။ ဆီမရှိတဲ့ ရွာ ပုန်းလေးရဲ့ တောင်ယာဗူးရွက် သုံးလေးဖတ်နဲ့ ညစာဟင်းရည်ပေါ့။

ဖြစ်မယ်ဆို တနိုင်ငံလုံး အမြန်ဆုံးငြိမ်းချမ်းစေချင်ပါပြီ။ စစ်ဖြစ်ပြီဆိုကတည်းက အရင်ဆုံးဒုက္ခတွေ့ရတာ စစ်ဖြစ်တဲ့နေရာက ဒေသခံ ပြည်သူတွေပါပဲ။ သူတို့ဘဝများက သနားစရာကောင်းပါတယ်။ နောက်နှစ်ဖက်စလုံး စစ်တိုက်နေတဲ့ ရဲဘော်တွေ။ အားလုံး တိုင်းရင်းသား ညီအကိုတွေဖြစ်တယ်။ ကိုလိုနီဖြစ်တော့လည်း အတူ။ နယ်ချဲ့ကိုတော်လှန်ကြတော့လည်း အတူ။ အချင်းချင်းတိုက်နေရတာ ရင်နာစရာကောင်းပါတယ်။

စစ်ပွဲဖြစ်တော့ တိုင်းပြည်ဘဏ္ဍာ နစ်နာပါတယ်။ စစ်ဖြစ်ရာဒေသက ပြည်သူတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး အစစ ချွတ်ခြုံကျပါတယ်။ လမ်းပန်းဆက်သွယ်ရေးပြတ်ပြီး အခြားဆက်နွယ်ရာ တော်တော်များများပါ ထိခိုက်ပါတယ်။ စစ်ပွဲတွေ ရပ်သင့်ပါပြီ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအများစုဟာ နိုင်ငံရေးပြဿနာကိုအခြေခံပြီး ဖြစ်ခဲ့တယ်လို့ စာတွေမှာလည်း ဖတ်ရ၊ သမိုင်းဖြတ်သန်းဖူးတဲ့ လူကြီးသူမများပြောတာလည်း ကြားခဲ့ရပါတယ်။

ဒါ့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက အမှန်ဆုံး အကောင်းဆုံးလို့ ယုံကြည့်ပါ တယ်။ အားလုံး လက်တွဲဖြေရှင်းနိုင်ကြမယ်လို့လည်း မျှော်လင့်ပါတယ်။

ပန်းတိုင်းပွင့်စေ ... အနာဂတ်များ လှပါစေ ....

စိုးလင်း