လင်းသက်ငြိမ် ● ပေါက်ကဗျာ


လင်းသက်ငြိမ် ● ပေါက်ကဗျာ
(မိုးမခ) ဧပြီ ၈၊ ၂၀၁၇

အိပ်ယာထဲကမုန်တိုင်းကို အပီအပြင်ဖွင့်ပြဖို့ ကဗျာရေးကြ
ပန်းသေနေသူရဲ့ညဟာ စိတ္တဇပဲ
အကာတွေနဲ့ကမ္ဘာကို လိမ်ညာနေတဲ့နေရာလို့အော်ဆဲ
စောင့်ကြည့်ရမယ့် ကဗျာစာရင်းထဲ တိုးဝင်ဖို့
ဘာသာရေးကို နည်းနည်းထိပါးကြည့်မယ်
ငါဖတ်နေတဲ့စာအုပ်ဟာ ငါ့ဆရာသခင်
နာမည်တွေကိုမုန်းသူဟာ ထမင်းကို ချီးလို့မခေါ်တဲ့အကြောင်း
အပြင်လူတွေမသိပါစေနဲ့
မိန်းမမြင်ရင် မျက်စိနဲ့ပြစ်မှားမိတဲ့စိတ်ကို
ဆေးကြောဖို့ မဆင်ခြင်ဘူး
အိမ်သာထဲက လိင်ဖျော်ဖြေမှုအကြောင်းတွေကို ဖွင့်ထုတ်ပြ
လူအုပ်ထဲအကျယ်ကြီးအော်လိုက်တာလည်း
လူ့အကြည့်ကို ဖျားယောင်းလိုက်တာပဲ
နားရွက်တွေကို တံတွေးစွတ်ဖို့ ကဗျာရေးတယ်
တရက်တည်းနဲ့ အားလုံးကို ရင်ပေါင်တန်းဖို့
ငါ့ကိုအလေးပေးသူကို ငါကိုးကွယ်
တီးနေတဲ့လက်ခုပ်သံတွေဟာ အကျယ်ကြီး အကြီးကြီး
ငါ့အမည်ကိုအော့နှလုံးနာလေ ငါပိုကြိုက်လေ
အနုပညာတစ်ခုကို အဲ့ဒီလိုပျိုးခဲ့တယ်လို့ အော်မယ်
အသစ်တစ်ခုဟာ သွေးသံရဲရဲလို့ ကြွေးကြော်တယ်
ငါ့ကိုယ်ငါညာရင်းပေါ့
ငါ့ကဗျာ ငါ လိမ်ရင်းပေါ့။

လင်းသက်ငြိမ်