ဇာနီကြီး - တရုတ်လွှမ်းမိုးမှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း ဒေါ်အောင်ဆန်းစုကြည်


ဇာနီကြီး - တရုတ်လွှမ်းမိုးမှုကို မည်ကဲ့သို့ ကာကွယ်နိုင်မည်နည်း ဒေါ်အောင်ဆန်းစုကြည်
 (အပိုင်း၂၊ ၂၀၁၇ အာဏာရရှိပြီး တနှစ်အကြာ)
မိုးမခ၊ ဧပြီ ၃၀၊ ၂၀၁၇

ကိုးကန့်ဒေသစစ်ပွဲများ၊ ကချင်စစ်ပွဲများ၊ နောက်ဆုံး ဝ လူမျိုးတို့၏ ကြီးမားလှသော လက်နက်ကိုင်တပ်ကြီး၊ စသဖြင့်၊ မြန်မာပြည်မြောက်ပိုင်း၊ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ကြားနေရာမှ ပင်လုံညီလာခံ အပစ်ခတ်ရပ်စဲရေး ကြိုးစားနေကြပြန်တယ်။ ရေနံနှင့်ဓါတ်ငွေ့ ပိုက်လိုင်းကြီးက မြန်မာနိုင်ငံကို နှစ်ခြမ်းခွဲထားသလို ဖြစ်နေသည်ကိုလည်း တရုတ်လွှမ်းမိုးခံရသကဲ့သို့ ဖြစ်နေသည်။ တရုပ်နိုင်ငံ၏ One Belt, One Road OBOR မြေပုံတွင် မြန်မာပြည်မှတဆင့်၊ လမ်းဖေါက်မည့် အစီစဉ်မပါခြင်းမှာလဲ ထူးဆန်းနေပါတယ်။
ယခုအခါ တရုတ်နိုင်ငံ၏ အဆင်းရဲဆုံးဟု ဆိုနိုင်သော ယူနန်ပြည်နယ်သည် တဟုန်ထိုး တိုးတက်နေလာပြီး၊ ယူနန်ပြည်နယ်မှတဆင့် မြန်မာနှင့်ဗီယက်နမ် ၂နိုင်ငံအားဖြင့် လမ်းဖောက်နေကြသည်။ တရုပ်က ဗီယက်နမ်ကို မြန်မာနိုင်ငံ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကဲ့သို့ စီးပွားအားဖြင့် ထိုးဖေါက်ပြန်သည်။ ဗီယက်နမ်ပြည်သူလူထုသည် အပြင်းအထန်ဆန့်ကျင်သော်လည်း၊ ဗီယက်နမ်အစိုးရအဖို့ အင်အားကြီး တရုတ်နိုင်ငံကို လက်ခံနေရဆဲဖြစ်သည်။ အနာဂါတ် ဗီယက်နမ်နှင့် မြန်မာအစိုးရမှာ Good Attitude ခေါင်းဆောင်များစွာ လိုအပ်နေသည်။

ပညာရေး၊ ကျန်းမာရေးတွေမှာ လူထုကပဲ ကိုယ့်ဖာသာ အကောင်းဆုံး လုပ်ခွင့်ရရှိခြင်းဟာ .. အစိုးရအရာရှိ၊ ဌာနဆိုင်ရာ အကျင့်စာရိတ္တပညာ သင်ကြားခြင်းပါပဲ။ ပေါ်လစီမှာ အစိုးရ ကိုင်တွယ်ထားသည်။ ပုဂ္ဂလိကကျောင်းများ၊ အစိုးရကျောင်းများ မအောင်မနေရ ပေါ်လစီကို ကျောင်းဆရာမ အားလုံးနီးပါး ကန့်ကွက်ကြသည်။ ဆရာများ၏ ကျောင်းသားများက မိဘများကို အနိုင်ယူသည်မှာ စာမေးပွဲအောင်စေခြင်းနည်း ဖြစ်သည်။ အားလုံး အအောင်ပေးရမည် ဆိုတော့ မကြိုက်ကြပါ။ တကမ္ဘာလုံးက အခြေခံပညာရေး အရှုံးမရှိ ၊ တက္ကသိုလ်ပညာရေး အကျရှုံးရှိသည့် စနစ်ဖြစ်နေသည်ကို ဆရာမအများစု မရိပ်မိကြ။ ဆရာ လစာခံစားခွင့် နှင့် အရည်အသွေး အများကြီးမြှင့်ရဦးမည်။

စင်ကာပူမှာတော့ စားဝတ်နေရေး မပူပင်ရတဲ့ ကျောင်းဆရာများက မူလတန်းမှာ ကလေးများကို ပညာသင်တယ်။ အထူးသဖြင့် စာရိတ္တ၊ စည်းကမ်း၊ လေ့လာနည်း၊ အသင်းဖွဲ့ပုံစံ၊ CCA ဆိုတဲ့ ကျောင်းစာမဟုတ်တဲ့ စာကြည့်တိုက်၊ အားကစား၊ ဂီတ၊ ဘင်ခရာ၊ ကြက်ခြေနီ၊ ဘရောင်နီ၊ စကောက်အသင်း.. စတဲ့ပညာရပ်များမှာ ကလေးများ တိုးတက်လာပါတယ်။ နောက်ဆုံးတော့ .. ဒီကလေးများ အိမ်ပြန်ရောက်လာတော့ မိဘကို ပြန်လည်သင်ကြားလာပါတယ်။ ဘယ်သူမှပြောမရတဲ့ အော်ငေါက်တတ်တဲ့ အစိုးရအရာရှိကြီး.. အိမ်မှာလဲ အော်ငေါက်နေတာ.. မိန်းမကလည်း သူ့လုပ်စာ စားနေရတော့ ပြန်မပြောရဲ့ဘူး။ အဲ.. ဒီ အရာရှိကြီးကို ၆နှစ်သား သား၊ သမီးများက မကြောက်မရွံ့ .. အမေ့ကို အော်ငေါက်မပြောပါနဲ့။ ကျောင်းက ဆရာမ ပြောတယ်။ အော်ငေါက်မပြောရဘူး၊ မဆဲရဘူး… လို့ ထမင်းစားဝိုင်းမှာ ပြောလိုက်တော့ .. အဖေကြီး ဒေါသထွက်ပါတယ်။ ကလေးကတော့ ဖခင်ကိုမလေးစားတာ မဟုတ်ပါဘူး။ ဖခင်ရဲ့ ငါဆိုတဲ့ အတ္တစိတ်၊ ဒေါသစိတ်၊ စာရိတ္တပျက်မှုတွေကို .. မိတ်ဆွေတွေက မပြောပါ၊ မပြောချင်ပါ။ ပြောပြလဲ စိတ်ဆိုးပြီး မိတ်ပျက်သွားနိုင်ပါတယ်။

ဒါပေမဲ့ ကိုယ့်သားသမီးများရဲ့ မေတ္တာနဲ့ ပြန်ပြောစကားကိုတော့ မိဘများ နားထောင်ကြပါတယ်။ အကျင့်ပျက်နေဆဲ ငွေ၊ အာဏာရှင် သားသမီးများကတော့ ရှိပါစေတော့လေ… ။ အများစုဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများစွာကို Good Attitude ဖြစ်လာဖို့ .. ဒီဆရာမများ၊ ဘုန်းကြီးနဲ့ ပံ့ပိုးသူများ ဗီဒီယိုကို ရှယ်ပေးသူများကို လေးစား၊ ကျေးဇူးတင်ပြီး မြန်မာပညာရေးမှာ ပုဂ္ဂလိကကဏ္ဍဟာ အထူးတိုးတက်လာတာကို ကြိုဆိုရပါတယ်။

နိုင်ငံရေး၊ စစ်ရေး ငြိမ်းချမ်းရေး
စစ်တပ်ကြီးစိုးသော မြန်မာနိုင်ငံ မှာ တရုတ်နယ်စပ် လက်နက်ကိုင်တပ်အားလုံး နိုင်ငံကာကွယ်ဖို့ ညီညွတ်မှုရရှိပါက တရုတ်နိုင်ငံသြဇာလွှမ်းမိုးလာမှုကို ကာကွယ်နိုင်မည်ဖြစ်ပါတယ်။ လက်နက်ကိုင်တပ်အားလုံး၊ အထူးသဖြင့် မြန်မာစစ်တပ် အရာရှိများ လောဘမကြီးရန်၊ အကြပ်တပ်သား၊ မိသားစုများ လုံလောက်သော စားဝတ်နေရေး ဖန်တီးပေးရန် လိုပါတယ်။

နောက်တခုက တိုင်းရင်းသားလက်နက်ကိုင်များ စားဝတ်နေရေး ဖြစ်ပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခြင်းကို တရုပ်နိုင်ငံအပါဝင် နိုင်ငံများစွာက ကျင်သုံးအောင်မြင်ကြပါတယ်။

အဆိုးဝါးဆုံး တောင်၊မြောက် ကိုးရီးယားစစ်ပွဲ ၁၉၅၀-၅၃မှာ တရုတ်၊ ရုရှား -
အမေရိကန်၊ ဗြိတိန် စစ်သားများအပါဝင် ၃နှစ်ဖြစ်ပြီး နှစ်ဖက် လူ ၅သိန်း သေတယ်၊ ၂ သန်းကျော် ဒဏ်ရာ၊ ပျောက်ဆုံးခဲ့တယ်။ အပစ်အခတ်ရပ်စဲပြီး မြောက်ကိုးရီးယားက ညူကလီယား ဗုံးများစွာ နဲ့ ဒုံးပျံတွေပိုင်ဆိုင်လို့ လက်ရှိ အမေရိကန်၊ ဂျပန် တို့ကိုပါ ချိန်းခြောက်နေပါတယ်။

သင်္ခန်းစားယူစရာ ကတော့ ငြိမ်းချမ်းရေး မရပေမဲ့ အပစ်ခတ်ရပ်စဲထားတော့ လေနဲ့ပဲတိုက်ပွဲတွေဆင်တယ်။ လက်နက်အပြိုင်တပ်ဆင်တယ်။ တောင်ကိုးရီးယားက ကမ္ဘာ့ ထိပ်တန်း စီးပွားရေး နိုင်ငံကြီးဖြစ်ရုံမက အားကစား၊ ပညာရေး၊ တီထွင်မှုတွေမှာ ကမ္ဘာကျော် ဖြစ်သွားပါတယ်။ ဒါက အပစ်ခတ် ရပ်စဲခြင်း ရလဒ်ပါ။

မြန်မာ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက မသိကျိုးကျွန် လုပ်နေတောင် မြန်မာစစ်တပ်နဲ့အစိုးရခေါင်းဆောင်များက အပစ်ခတ်ရပ်စဲမှု နိုင်ငံနဲ့လူမျိုးအနာဂါတ်အတွက် ဘယ်လောက်အကျိုးရှိတယ်ဆိုတာ စိတ်ရှည်သည်းခံဖို့ဖြစ်ပါတယ်။ လေနဲ့ပဲ စစ်တိုက်တာ တိုင်းပြည်တိုးတက်ပါတယ်။
https://en.wikipedia.org/wiki/Korean_War

ဘာသာရေး၊ လူမှုရေး၊ အိမ်ခြံမြေဈေးကြီးမှု
မြန်မာများ ရေတို၊ ပေါ်ပင်၊ အကြံအဖန်၊ ဝယ်ရောင်း လုပ်စားတဲ့ခေတ်ကနေ ရေရှည်အကျိုးစီးပွားအတွက် လုပ်နိုင်လာဖို့ မျှော်လင့်ချက်များစွာ တွေ့နေရပါတယ်။

* လွန်ခဲ့တဲ့ ၆နှစ်က အမေရိကန်သမ္မတကြီးအိုဘားမား ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ရောက်လာပြီး၊ ချစ်ကြည်ရေးလုပ်မယ် .. ပြောရင် အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။

* နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါး ထောင်ကလွတ်လာမယ်။ ပြည်ပရောက် နိုင်ငံရေးဘလက်လစ်များ ပြန်လာနိုင်မယ် ..ပြောရင်လဲ အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။

* အတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ အတိုက်ခံပါတီအဖြစ် ရောက်လာမယ် … ပြောရင်လဲ အိပ်မက်လို့ပဲ ထင်ကြပါလိမ့်မယ်။

* နောက်ဆုံး အင်န်အယ်လ်ဒီရွေးကောက်ပွဲ အပြတ်အသတ်နိုင်ပြီး၊ အစိုးရကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မယ် ပြောလာသူကို ဟာသ လို့ပြောကြမယ်။

ဒါတွေအားလုံး အိပ်မက်တောင်မမက်ဖူးတာတွေ တကယ်ဖြစ်လာခဲ့ပါတယ်။
တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန့်
တရုတ်နိုင်ငံကြီး တဟုန်ထိုးတိုးတက်သွားခြင်းမှာ အတွေးအခေါ်ကောင်းဖြင့်၊ လက်တွေ့ အကောင်ထည်ဖေါ်သွားသော ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန့် ဖြစ်သည်။ မည်သူမျှ မငြင်းနိုင်ပါ။ တိန့်ရှောင်ဖိန့် ခေါင်းဆောင်မှုနှင့် စင်ကာပူနိုင်ငံမှ လီကွမ်းယူ ခေါင်းဆောင်မှု မတူညီပါ။ စင်ကာပူခေါင်းဆောင် လီကွမ်းယူက အာဏာရှင်ဆန်ဆန် စင်ကာပူနိုင်ငံကို ကမ္ဘာ့ထိပ်တန်းသို့ ပို့ဆောင်သွားခဲ့သည်။ တောင်ကိုးရီးယား နိုင်ငံလည်း ကမ္ဘာ့ထိပ်တန်းသို့ ရောက်လာခြင်းမှာ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုံ အဂတိအနည်းဆုံးနိုင်ငံအဖြစ် အခြေခံလုပ်ဆောင်ခဲ့ခြင်းကြောင့် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် နတ်မောက်မြို့အခမ်းအနားကျင်းရာမှာ
ဗိုလ်ချုပ်အောင်ဆန်းကို စံနမူနာယူ၍ တိုင်းပြည်အတွက်သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ဦး ဖြစ်လာအောင် ကြိုးစားကြဖို့ တိုင်းပြည်အတွက် သာမက လူသားများအတွက်ပါ တန်ဖိုးရှိသူတစ်ယောက် ဖြစ်လာအောင် ကြိုးစားကြရန် ဒေါ်အောင်ဆန်းစုကြည်က အမှတ်တရစကား ပြောကြားတိုက်တွန်းခဲ့ပါတယ်။

ပညာရေး၊ ကျန်းမာရေး အထွေထွေ
ဘာသာရေး အဓိကရုဏ်များအတွက်၊ ရုန့်ရင်း ကြမ်းတမ်းတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ပြောဆိုမှုကို ကြားရတာတွေ အံ့အား သင့်မိသလို စိတ်မကောင်းလည်း ဖြစ်မိပါတယ်။ ဘာသာရေး၊ လူမျိုးရေးကိစ္စများနှင့် ဆက်နွှယ်ပြီး အစွန်းရောက်သည့် ဟောကြားမှုများ၊ နိုင်ငံရေး၊ လူမှုရေး လှုံ့ဆော်မှုများ လွှမ်းမိုးထားတဲ့တရားပွဲများ အထူးရေပန်းစားနေချိန်၊ ဖြစ်ပါတယ်။ နိုင်ငံသားများ အသိဉာဏ် မြင့်မားစေမည့် ဗုဒ္ဓ၏စစ်မှန်သော သင်ကြားမှုများ၊ တရားဓမ္မ များကိုသာ အလေးအနက်ထား ပို့ချ၊ ဟောကြားပေးသူ၊ မြန်မာနိုင်ငံရှိ ရဟန်းတော်များ အသိုင်းအဝိုင်းမှယလု ဘုန်းတော်ကြီး၊ ပုဂ္ဂိုလ်ထူး များစွာပေါ်ပေါက်လာကြပါတယ်။အားရစရာတွေ ပိုများပါတယ်။

နိုင်ငံတိုင်းမှာ အစိုးရဆိုတာ၊ လူတွေ အလုပ်လုပ်ချင်လာအောင် လမ်းခင်းပေး၊ လျှပ်စစ်မီးပေးရပါတယ်။ အလားတူ လူငယ်များကို အလုပ်လုပ်ချင်အောင် မျှော်လင့်ချက်ပေးရပါတယ်။ စားဝတ်နေရေး လိုအပ်ချက်များအပြင် ၊ စုဆောင်းငွေနဲ့ နေစရာအိမ်ရရှိရေးဟာ အထူးအရေးကြီးလှပါတယ်။ စုဆောင်းငွေနဲ့ တန်ဘိုးနည်း အိမ်ယာတစ်ခု ၁၀နှစ်အကြာ ဝယ်နိုင်မယ်ဆိုရင် အလုပ်လုပ်ဖို့ အားရှိပါတယ်။ မိုတီဘေးရှင်း motivation လို့ခေါ်ပါတယ်။ မြန်မာအစိုးရကလဲ စင်ကာပူက စီပီအက် CPF ပုံစံမျိုး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာပြည်မှာ လွန်ခဲ့တဲ့ ၅နှစ်အတွင်း အိမ်ခြံမြေဈေးတွေ၊ နိုင်ငံခြားသားများ ရုံးခန်းငှားခတွေ စင်ကာပူ၊ နယူးယောက် ဈေးနှုန်းနီးပါး အလွန်မြင့်မားသွားလို့ လူတွေ အတော်စိတ်ဓါတ်ကျရပါတယ်။ ပြန်လာမဲ့မြန်မာတွေ မပြန်နိုင်တော့ပဲ၊ မြန်မာပြည်တွင်းက လူငယ်များစွာ တဟုန်ထိုး နိုင်ငံခြားတွေကို အလုပ်ထွက်လုပ်လာကြပါတယ်။ မြန်မာ့သူဌေးကြီးများစွာ ပေါ်ပေါက်နေပြီး ဆင်းရဲ-ချမ်းသာ အရမ်းကွာဟနေပါတယ်။ အဂတိတွေ တရားဥပဒေမစိုးမိုးမှုတွေ ပြ ဌာနဆိုင်ရတွေ၊ ရဲ၊တရားရုံး၊ အုပ်ချုပ်ရေးရုံးတွေမှာ များပြားစွာရှိနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးဖို့၊ အိမ်ခြံမြေဈေး သင့်တင့်ဖို့၊ ဘိန်း၊ မူးရစ်နဲ့ ဝိသမစီးပွားရေးများကို ရပ်တံ့စေဖို့ စီတီဇင်ကောင်းများ၊ ခေါင်းဆောင်ကောင်းများ အထူးလိုအပ်နေပါတယ်။

အခုတော့ တစ်နှစ်၊ နှစ်နှစ်အတွင်း တန်ဖိုးနည်းအိမ်ယာများစွာ အရစ်ကျပေးခြင်း ၂၀% (သိုမဟုတ်) လုံးချင်းပေးသူများကို ၂၀% ဈေးရှော့ပေးမယ်လို့ ဆိုပါတယ်။ ရန်ကုန်မှာ အိမ်တစ်လုံးရဖို့ အိမ်ခြံမြေဈေးတွေ ပုံမှန်ဈေး (အရှေ့တောင်အာရှ နိုင်ငံများဈေးနှုန်း) ပြန်ဖြစ်လာမှာပါ။ အခု ၂၀၁ရ မှာ ရန်ကုန်မြို့တွင်းတောင် ၄ထပ်ဆိုရင် သိန်း ၂၀၀ လောက်နဲ့ ရောင်းနေကြတာကို တွေ့နေရပါပြီ။

ခေါင်းဆောင်ကောင်းရွေးချယ်ခြင်း ဒေါ်အောင်ဆန်းစုကြည်
လက်ရှိအခြေအနေမှာ အားနည်းချက်တွေများစွာရှိပေမဲ့ ဒေါ်အောင်ဆန်းစုကြည် နေရာ တခြားလူ ရှိပါသလား မေးစရာရှိပါတယ်။

တိုင်းပြည်တစ်ခု တိုးတက်လာဖို့၊ ပြောင်းလဲလာဖို့ဆိုတာ ခေါင်းဆောင်ကောင်းတစ်ယောက် ရှိဖို့လိုပါတယ်။ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ကောင်း ပေါ်ထွန်းခဲ့ပေမဲ့၊ လုပ်ကြံခံခဲ့ရပါတယ်။ အခုလည်း သူ့သမီး ဒေါ်အောင်ဆန်းစုကြည် ပေါ်ပေါက်လာပြန်ပါတယ်။

နိုင်ငံခြားသားကို လက်ထပ်ခဲ့တယ်။ သားနှစ်ဦးဟာ နိုင်ငံခြားသားဖြစ်တယ်.. စသဖြင့် မြန်မာနိုင်ငံခေါင်းဆောင်လုပ်ဖို့ မသင့်တော်ဘူး။ စစ်တပ်ကိုလည်း ထိန်းနိုင်မှာမဟုတ်ဘူး..စသဖြင့် တီးတိုးပြောနေဆဲ ဖြစ်ပါတယ်။ စစ်သွေးကြွသူများက လုပ်ကြံနိုင်တယ် ..ပြောကြပါတယ်။ အခြေခံဥပဒေ ပြင်ဖို့ကြိုးစားနေတဲ့ ဦးကိုနီ လုပ်ကြံခံရတယ်။ လက်တွေ့ တကယ့်ဖြစ်ရပ်ကို ဆန်းစစ်မယ်ဆိုရင်

* နိုင်ငံနဲ့လူမျိုးအတွက် အသက်ကိုပါပေးဆပ်ထားတဲ့၊ စွန့်လွှတ်သူ Surrender Attitude ဖြစ်ပါတယ်။ ခင်ပွန်း၊ သား၂ဦးကိုပါ စွန့်လွှတ်ထားတဲ့ မျိုးချစ်စိတ်ဓါတ်ပါ။

အခုချိန်မှာ တဖြေးဖြေး အရင်ကအလွန်ကြိုက်တဲ့လူတွေ အခုဝေဖန်ကုန်ကြပါပီ။ ဒါပေမဲ့ ခေါင်းဆောင်ကောင်း ဆိုတာ ထိပ်ဆုံးနေရာ တက်ထိုင်ဖို့ လိုတယ်၊ မလိုဘူး အချေတင်ပြောနိုင်ပါတယ်။ တရုပ်ပြည် ပြုပြင်ပြောင်းလဲစေတဲ့ ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန့်က ထိပ်ဆုံးနေရာမှာ မနေပါဘူး။ တရုပ်ပေါ်လစ်ဗျူရိုအဖွဲ့မှာ ထိုင်ပြီး မျက်နှာပြလိုက်တာနဲ့၊ တရုပ်ပြည်ကြီးရဲ့ တိန်ရှောင်ဖိန့်ပေါ်လစီကြီး အသက်ဝင်လာပါတယ်။ ခေါင်းဆောင်ကောင်းဆိုတာ မျက်နှာပြရုံနဲ့ အမှောင်ထုထဲက အလင်းလို တောက်ပပါတယ်။ အမှောင်ထုထဲက ဖယောင်းတိုင်မီးတစ်ခုကို မိုင်ပေါင်း ၂၀လောက်က မြင်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲမှာ ဖယောင်းတိုင်မီးလို မျက်နှာပြလိုက်တာနဲ့ လွှတ်တော်လူကြီးတွေ မဟုတ်တာ မလုပ်ရဲ၊ မလုပ်ချင် ဖြစ်ရပါတယ်။ ဘာကြောင့်ဒီလောက် အလင်း အင်အားကြီးပါသလဲ

ရေးရရင် အများကြီးပါ

* မိခင်မေတ္တာမျိုးထက်သာတဲ့ ကြီးမားတဲ့နှလုံးသားပိုင်ရှင်ဖြစ်ပါတယ်။ ရန်လိုသူကို လေးစားစွာနဲ့ အတူထိုင်ဆွေးနွေးနိုင်သူဖြစ်ပါတယ်။
* မြန်မာတပ်မတော် ခေါင်းဆောင်များပင်လျှင် လက်ခံနိုင်အောင် ငြိမ်းချမ်းရေးအင်အားပြည့်ဝသူဖြစ်ပါတယ်။ ကာ/ချုပ် ဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့လဲ လက်တွဲအလုပ်လုပ်နေပါပြီ။
* နိုင်ငံကိုအုပ်ချုပ်ဖို့ ကမ္ဘာ့အဆင့် ပညာရေးနဲ့ပြည့်စုံသူဖြစ်ပါတယ်။ သိပ္ပံ၊ဝိဇ္ဖာ၊လူမှုရေး၊ စစ်ရေး ထူးခွန်သူများရွေးချယ်ခန့်ထားနိုင်သူဖြစ်ပါတယ်။

နိဂုံး (တရုပ်နှင့်အတူနေထိုင်ရေး)
ပြသနာများစွာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။ အထူးသဖြင့် ကမ္ဘာ့အဆင်းရဲဆုံး အယ်ဒီစီ နိုင်ငံဘဝမှာ လွတ်မြောက်ဖို့နဲ့၊ လက်နက်ကိုင်နည်းက အခုခေတ်ကြီးမှာ အသုံးမကျတော့မှန်း အားလုံးလက်ခံပါတယ်။ အထက်က ရေးသွားတဲ့ တရုတ်နိုင်ငံသြဇာလွှမ်းမိုးမှုကို ကာကွယ်ရေး၊ မြန်မာနိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ နိုမ့်ကျမှုများက လွတ်မြောက်ဖို့ ဒီမိုကရေစီစနစ် လမ်းခင်းပေးသွားတဲ့ သမ္မတဦးသိန်းစိန်ကို ကျေးဇူးတင်ပါတယ်။ နောက်တဆင့်လုပ်ဖို့ သမ္မတဦးသိန်းစိန်ထက် ပြက်သား၊ ညင်သာစွာ ဦးဆောင်မဲ့ ခေါင်းဆောင်ကောင်းတစ်ဦး ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ်နိုင်ခဲ့ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ အလွန်စိတ်ပျက် နှေးကွေးစွာနဲ့ တနှစ်ကျော်လွန်ခဲ့ပါပြီ။ စစ်တပ်လည်း ပြုပြင်ပြောင်းလဲနေပါတယ်။ အရေးအကြီးဆုံးကတော့ မိမိ ပြောင်းလဲဖို့ ဖြစ်ပါတယ်။

အခုဆို တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် ဆက်ဆံရေး လုံးဝပြောင်းသွားပါပြီ။ မြန်မာပြည်မှာ ရာဇ၀တ်မှု၊ သစ်ခိုး၊ မူးယစ် လုပ်နေတဲ့ တရုတ်နိုင်ငံသားများစွာ ဖမ်းဆီးထောင်ချနိုင်ပါပြီ။ ၀ိသမလောဘသား တရုတ်စီးပွားရေးသမားတွေ ထွက်ခွာနေကြပါပြီ။ ဒါ တနှစ်ထဲပဲ ရှိပါသေးတယ်။ တရုတ်ကြောက် အစိုးရအဖြစ်က လွတ်မြောက်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အာဏာရပြီး နောက်လ ဒုတိယအကြိမ် တရုတ်ပြည်ခရီးစဉ်ရှိပါတယ်။

ဇာနီကြီး
၂၅ ဧပြီ ၂၀၁၇

ကိုးကား
http://moemaka.com/archives/42333