နေစိမ့် ● အမေးနွားကျောင်းသား

နေစိမ့် ● အမေးနွားကျောင်းသား
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၇

ရည်ရွယ်ချက်က
ဘုရားသခင်ရဲ့ကောင်းကင်ဘုံ
အသေခံဗုံးဖောက်ခွဲသူ ဓာတ်ပုံမှာ
သက်ငယ်အကြမ်းဖက်အစွန်းရောက်
ကမ်းလွန်ပင်လယ်ပြင်
ရေမျောကမ်းတင်သဲသောင်စပ်က
ကလေးငယ်ရဲ့အလောင်း

ဒုက္ခသည်ခိုလှုံရေးစခန်းမှာ
တီတီတာတာ
အမေကိုပြောနေတဲ့ကလေးရဲ့စကားက
သားအဖေကို
သားမမှတ်မိတော့ဘူးဆိုလား

စစ်ရေးလေ့ကျင့်ခန်းတွေအပြီး
ယမ်းငွေ့တွေစဲသွားတော့
မိဘနှစ်ပါးရဲ့အလာင်းရှေ့
မျက်စိသူငယ်ကလေးငယ်က
ဆွံ့အနားမကြား

အမှိုက်ပုံမှာ
သားအိမ်ကထွက်ထွက်ချင်း
ချက်ကြိုးတန်းလန်း
အမည်မရှိလွန်လေသူ ကလေးရဲ့ဝိညာဉ်လိပ်ပြာ
ရင်သွေးရှင်ကို ကိုယ်ထင်ပြ

ကျိန်စာတွေလား
ဝဋ်ကြွေးတွေလား
ကြွေကျပြီးသား ကြယ်တွေရဲ့အနာဂတ်
ဘယ်ကောင်းကင်မှာ
ဘယ်သူပြန်တက်ချိတ်မလဲ။ ။

နေစိမ့်