လောကဓာတ်ခန်း သာဂိ - Office Application in the Cloud (16)

လောကဓာတ်ခန်း သာဂိ  - Office Application in the Cloud (16)
(Cloud Computing Basics with Google App and Facebook)
(မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇

Text Basics
စာရိုက်ခြင်း အခြေခံများ

စာရိုက်တာကတော့ အီးမေးတွေ ၀ဒ်ဒေါ့ကူးမင့်တွေ သုံးနေကျသူတွေအတွက်ကတော့ မဆန်းပါဘူး။ ကျွဲကူး ရေတင် တတ်သွားကြတာချည်းပါပဲ။ သို့သော် အခုဟာက သင်တန်းသုံးလက်စွဲသဘောဆိုတော့ စာရိုက်ခြင်းမှာ အခြေခံအဖြစ် သင်တန်းဆရာက မိမိသင်တန်းသားတွေ ဘာတွေကို အခြေခံအဖြစ် နားလည်ကျွမ်းကျင်အောင် သင်ပေးရမလဲဆိုတဲ့ အချက်တွေကို စုစည်း တင်ပြလိုက်တာ ဖြစ်ပါတယ်။


To insert text:


Typing text

Google DOCs ထဲက စာရိုက်ရာ မျက်နှာပြင်က နေရာလွတ်ဖြစ်စေ၊ ရှိနှင့်ပြီးစာ၏ အစဖြစ်စေ၊ အဆုံးဖြစ်စေမှာ မောက်စ် ကာဆာ (Cursor) ကို ချပြီး ရွေးချယ်ပါ။ ပြီးမှ blinking cursor ကနေ မိမိရိုက်လိုတဲ့ စာကို ရိုက်ပါ။

To select text:


မိမိရွေးချယ်လိုတဲ့ စာသားတွေကို မောက့်စ်ကို ဖိပြီးတော့ ဆွဲသွားမယ် ဆိုရင် ဟိုင်းလိုက်အရောင်ပြောင်းပြီး စာသွားတွေ ဆလက်လုပ်လို့ရတယ်ဆိုတာကို သရုပ်ပြပါ။

Selected text

To delete text:


ဘယ်ဘက်ကစာတွေကို ဖျက်ချင်တယ် ဆိုရင်တော့ ကာဆာကို ဖျက်ချင်တဲ့စာရဲ့ ညာဘက်မှာချ၊ backspace နှိပ်ပြီး ကာဆာရဲ့ ဘယ်ဘက်ကစာလုံးတွေကို ဖျက်ပစ်လို့ ရပါတယ်။

ညာဘက်ကစာတွေကို ဖျက်ချင်ရင်တော့ ကာဆာကို ဖျက်ချင်တဲ့စာရဲ့ ဘယ်ဘက်မှာ ချ၊ Delete နှိပ်ပြီး တလုံးချင်း ဖျက်ပါ။

စာတွေအများကြီး ရွေးပြီး ဖျက်ချင်ရင်တော့ စာတွေကို “Select Text” နည်းနဲ့ မောက်စ်ဖိပြီး ဆွဲချပြီးတော့မှ Delete ကို နှိပ်ရပါမယ်။

နောက်တနည်းကတော့ မိမိဖျက်ချင်တဲ့ စာသားတွေကို “select text” လုပ်ြပီးတော့ မိမိရိုက်ချင်တဲ့စာသားတွေကို အပေါ်ကနေ ရိုက်ထည့်ပြီး Overwrite လုပ်ရင်း ဖျက်သွားတဲ့ နည်းဖြစ်ပါတယ်။

Copying, cutting, and pasting text


စာတွေကို ရိုက်တာ ဖျက်တာ သင်ပေးပြီးရင်တော့ စာတွေကို ကော်ပီ၊ ကပ်၊ ပေ့စ်ကို ဆက်သင်ပါ။ အဲသည်မှာ ကီးဘုတ်ဖြတ်လမ်းနည်းတွေ Keyboard Short-cut တွေနဲ့ တွဲသုံးတတ်အောင် သရုပ်ပြရပါမယ်။

Viewing the Keyboard shortcuts

To copy and paste text:

  1. ကော်ပီလုပ်ချင်တဲ့ စာကို ဆလက်လုပ်ပါ။

  1. Selecting text to copy

  1. Ctrl+C (Windows) or Command+C (Mac) နှိပ်ပြီး copy လုပ်ပါ။

  1. အလိုရှိတဲ့ နေရာကို ကာဆာချပါ။
  2. Placing the insertion point

  1. Ctrl+V (Windows) or Command+V (Mac) နှိပ်ပြီးတော့ paste လုပ်ပါ။ ကော်ပီကူးထားတဲ့စာသား - “Alliope Systems” က တနေရာမှာ မိတ္တူကူးပြီးသား ဖြစ်သွားပါမယ်။
  2. Viewing pasted text

To cut and paste text:

  1. ကော်ပီကူးချင်တဲ့ စာသားတွေကို မောက်စ်နဲ့ ဖိပြီး ဆလက်လုပ်ပါ။

  1. Selecting text to cut

  1. Press Ctrl+X (Windows) or Command+X (Mac) လုပ်ပြီးတော့ စာသားတွေကို cut ဖြတ်ထုတ်လိုက်ပါ။

  1. မိမိအလိုရှိတဲ့ နေရာမှာ ကာဆာကို ထားပါ။

  1. Placing the insertion point

  1. Press Ctrl+V (Windows) or Command+V (Mac) နှိပ်ပြီးတော့ ဖြတ်ထားတဲ့ Cut ထားတာတွေ ပြန်ပြီး ပေစ့် Paste လုပ်လိုက်ပါ။
  2. Viewing the pasted text

To drag and drop text:

  1. စာသားတွေကို ဆလက်လုပ်ပြီး ဆွဲပြီး ရွှေ့သွားချင်တယ် ဆိုရင်တော့ (Drag and Drop) လုပ်ရပါမယ်။ စာတွေကို ဆလက်အရင်လုပ်ပါ။ ဟိုင်းလိုက်ပေါ်လာပြီဆိုရင် ဟိုင်းလိုက်ပေါ်မှာ မောက်စ်ကာဆာလေး ရောက်အောင် ရွေ့ပြီးတော့မှ မောက်စ်ကို နောက်တချက် ဆက်ဖိပါ။
  2. Preparing to drag and drop text

  1. ပြီးတော့ မောက်စ်ကို မိမိအလိုရှိရာ နေရာကို ဆွဲသွားပါ။ ကာဆာလေးပေါ်တဲ့ နေရာမှာ ဖိထားတာကို လွှတ်ပေးလိုက်ပါ။

  1. Dragging text to a new location

  1. အပေါ်က ပုံအရဆိုရင် ကာဆာက “In Addition to” ဆိုတဲ့ နေရာရှေ့မှာ ရောက်နေပြီ။ အဲသည်မှာမှ Mouse ကို Release လုပ်တာ ဖြစ်ပါတယ်။

  1. Viewing dropped text

To insert special characters:


စပယ်ရှယ်စာလုံးများ ထည့်သွင်းခြင်း ဆိုတာက စာလုံးတွေအပြင် အခြား ဂီတတို့ သချာင်္တို့ သိပ္ပံ အက္ခရာတွေ မိမိစာသားထဲ ထည့်သွင်းချင်ရင် သုံးတဲ့ နည်းဖြစ်ပါတယ်။

မီနူးကနေ Insert ကို ရွေးပါ။ ဆွဲချလိုက်ရင် “special character”  ဆိုတာ တွေ့မယ်။

Selecting Special characters


Insert Special Characters အကွက်လေး ပေါ်လာမယ်။


The special characters dialog box

အခုကိစ္စမှာတော့ Symbols အုပ်စုတွေထဲက Musical ကို ရွေးချယ်ပါတယ်။


Browsing special characters

သင်နှစ်သက်ရာ ဂီတသင်္ကေတကို ရွေးချယ်လိုက်ပါ။
Selecting a symbol

သင့်ကာဆာ ထားခဲ့တဲ့ နေရာမှာ အဲသည် သင်္ကေတလေး ပေါ်လာပါလိမ့်မယ်။

Viewing a selected symbol in a document

Spell check and suggested spelling


ဂူးဂဲက မူလကတည်းက အင်္ဂလိပ်စာ စာလုံးပေါင်းတွေကို တပြိုင်နက်တည်း စစ်ပေးပါတယ်။ စာလုံးပေါင်းမှားနေရင် အနီရောင် လိုင်းတားပြီး ပြပါတယ်။

A word with spelling suggestions

To use suggested spelling:

  1. အဲသည် အနီရောင်လိုင်းတားတဲ့ စာကို မောက်စ်နဲ့ ညာကလစ် လုပ်လိုက်ရင် ပေါ်လာတဲ့ အကွက်မှာ သူက မှန်တယ်ထင်တဲ့ စာလုံးပေါင်းကို ပေါင်းပြထားပါတယ်။ အဲသည်ဟာကို ရွေးလိုက်ရင် တခါတည်း အမှန်ကို ပြင်ပေးပါတယ်။

  1. The spelling suggestions menu

  1. အောက်မှာ မြင်တဲ့အတိုင်း ပြင်ပေးလိုက်ပါပြီ။
  2. A corrected spelling

တခါတလေကျတော့လည်း ဂူးဂဲအင်္ဂလိပ်အဘိဓ္ဓါန်မှာ မပါတဲ့ စာလုံးတွေ ရှိနေတာ ဖြစ်တတ်ပါတယ်။ မိမိဘက်ကတော့ ဒါက စာလုံးပေါင်း အမှန်ပေါ့။ ဥပမာ - Alliope ဆိုတာက မိမိ၏ အမှန်စာလုံးပေါင်း ဖြစ်နေတာမျိုးဆိုရင် ဂူးဂဲကို မိမိ၏ သီးသန့် အဘိဓ္ဓါန်ထဲမှာ ထည့်မှတ်ခိုင်းထားလို့ ရပါတယ်။ သူက ဂူးဂဲထဲမှာ မှတ်ထားတာမဟုတ်ပဲ မိမိအကောင့်သီးသန့် အဘိဓ္ဓာန်မှာ မှတ်ပေးပါတယ်။ Add to Personal Dictionary လို့ ခေါ်ပါတယ်။
Adding a word to the dictionary

Using find and replace

စာသားများကို ရှာဖွေခြင်းနဲ့ အစားထိုးလဲလှယ်ခြင်း။ မိမိရဲ့ ဆောင်းပါးမှာ ရှာဖွေလိုတဲ့ စာသားတွေ ပြန်ရှာရတာ၊ လိုအပ်ပါက အခြားစာသားနဲ့ အစားထိုးတာတွေ လုပ်ရတာမျိုး ရှိတတ်ပါတယ်။ ဂူးဂဲရဲ့ EDIT MENU မှာ Find and Replace ဆိုတဲ့ အမိန့်ပေးချက် Command ကို သုံးစွဲတတ်ရပါမယ်။

To find text:

  1. Selecting Find and replace

  1. The Find and replace dialog box ပေါ်လာပါမယ်။

  1. Find နေရာမှာ “auction” ဆိုတာကို ရိုက်လိုက်တဲ့အခါ မိမိဆောင်းပါးထဲမှာ “auction” စာလုံး ဘယ်နှလုံး ပါနေသလဲဆိုတာကို ရေတွက်ပေးတာကို တွေ့ရပါမယ်။ အခု ဥပမာအရ ဆိုရင် ၄ လုံးတောင် ရှိနေပါတယ်။ ပြီးတော့ အဲသည်စာလုံးတွေကို ဟိုင်းလိုက်ပါ လုပ်ပေးထားတာကို တွေ့ရပါမယ်။

  1. Finding text in a document

  1. အဲသည်စာလုံးတွေ ရှိတဲ့ ဆောင်းပါးထဲက နေရာတွေဆီကို သွားချင်ရင် Prev and Next arrows ခလုပ်ကို နှိပ်ပြီးတော့ သွားကြည့်လို့ရပါတယ်။
  2. Selecting an occurrence of text

  1. Click X လုပ်ပြီးတော့ ရှာတဲ့အလုပ်ကို ရပ်လိုက်လို့ရပါတယ်။
  2. Closing the Find and replace dialog box


To replace text:

  1. ခုနင်က စာသားတွေကို ရှာပြီး အစားထိုးလဲချင်တယ် ဆိုရင် Edit Menu ကို ဆွဲချ၊ “Find and Replace” ကို ရွေးပါ။

  1. Find field အကွက်ထဲမှာ ရှာချင်တဲ့ စာကို ရိုက်ထည့်။ Replace with field အကွက်ထဲမှာ မိမိ အစားထိုးချင်တဲ့ စာကိုပါ တခါတည်း ဖြည့်လိုက်ပါ။

  1. တခုချင်းစီကို ကြည့်ပြီးမှ အစားထိုးချင်ရင် Next or Prev နဲ့ ရှာလို့ရတာတွေကို တခုချင်းစီ စစ်ပါ။ Replace နှိပ်ပြီး အစားထိုးပါ။ Replace all ဆိုတာကတော့ တခုချင်းစီ ရွေးချယ် စစ်ပြီးမှ အစားထိုးမယ့်အစား အားလုံးက တခါတည်း အကုန်အစားထိုးလိုက်လို့ ပြောတဲ့ ကွန်မန်း ဖြစ်ပါတယ်။

  1. Replacing text in a document

အိမ်စာ ...

  1. အောက်ပါ စာသားများကို မိမိ ကိုယ်ပိုင် ဒေါ့ကူးမင့်အဖြစ် ပြန်ရိုက်ပါ။

April 27, 2016

Justice Moore
IT Security and Solutions Manager
Alliope Systems, Research Triangle Park
456 Davis Drive
Durham, NC 27603

Dear Mr. Moore:

Thank you for your generous donation of a gift certificate for an 18 hole round of golf at Weston Heights Country Club. It will be considered a big ticket item to be bid upon during the silent auction at Lakestone Montessori’s 7th annual Tee off for Technology Charity Golf Tournament. Your donation is a wonderful addition to our auction and I predict that it will be a very popular item!  

As you may know, with the recent budget cutbacks in education funding, this annual fundraiser is one of our most important events of the school year. Your donation will help us to reach this year’s fundraising goal of $10,000 to help support and increase technology resources at Lakestone Montessori. In addition to replacing aging computer equipment, we would like to purchase 10 Apple iPads to help support the use of technology in expanding and exploring lesson content.

I would like to invite you and a guest to attend our tournament followed by dinner on May 10, 2011 so that we may recognize you for your generous contribution. This year’s tournament will take place at 1:00pm at Weston Heights Country Club and dinner will follow at 6:30pm in the country club’s Brentwood Banquet Room. There will be a reception 30 minutes prior to dinner, in which participants will place their final silent bids for items, and then recognition of our generous donors and announcement of the tournament and auction winners will take place during the meal. At the close of the evening, our chorus, The ♬ Warblers, will perform a song of appreciation for our guests.     

We hope you can make it and thank you, once again, for your donation. Please feel free to contact me if you have any questions or would like additional information about our tournament or silent auction.

Sincerely,



Lisa Paik
(919) 555-2425
lakestone.principal@gmail.com



  1. သုံးပိုဒ်မြောက်က နောက်ဆုံး စာကြောင်းတခုကို ဖျက်ပါ။  At the close of the evening နဲ့ စတဲ့ စာကြောင်း (၀ါကျ) ပါ။
  2. cut and paste or drag and drop သုံးပြီးတော့ ဒုတိယစာပိုဒ်ကို တတိယစာပိုဒ် အောက်သို့ တပိုဒ်လုံး ရွေ့ပါ။  As you may know နဲ့ စတဲ့ စာပိုဒ် ဖြစ်ပါတယ်။
  3. Insert the symbol ®  ကို iPads စာလုံးရဲ့ နောက်မှာ ထည့်သွင်းပါ။ (Symbol under the Miscellaneous category)
  4. Find and Replace  သုံးပြီးတော့ donation စာလုံးကို  gift ဆိုတဲ့ စာသားနဲ့ အစားထိုးပါ။
  5. Spell check လုပ်ပါ။ Alliope ဆိုတဲ့ စာသားကို Ignore လုပ်ပါ။
  6. When you're finished, your document should look something like this:
  7. Text Basics Example


(ဆက်လက်ဖော်ပြပါမည်)