ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၂)



ဒေါက်တာခင်မောင်ဝင်း (သချာင်္) – အချက်​အလက်​လုံ​​လောက်ခြင်းဆိုင်​ရာ ​မေးခွန်းများ (၂)
Data Sufficiency Question (၂)
(မိုးမခ) မေ ၂၊ ၂၀၁၇

ဥပမာ -  ပြဇာတ်​ရုံ တ​ခု၏​ပထမ အတန်းတွင်​ ခုံ ၁၈ ခုံရှိသည်​။ ဒုတိယတန်းမှ စ၍ ခုံ အ​ရေအတွက်​သည်​ သူ့​ရှေ့က အတန်းထက်​ ခုံ ၂ ခုံစီ တိုးသွားသည်​။ ဇာတ်​ရုံထဲတွင်​ အားလုံး​ပေါင်း ခုံ ဘယ်နှခုံရှိသနည်း။

အဆို ၁ ။ ဇာတ်​ရုံထဲတွင်​ အ တန်း ၂၇ တန်း ရှိသည်​။
အဆို ၂ ။ ဇာတ်​ရုံ၏​ ​နောက်​ဆုံးတန်းတွင်​ ခုံ​ပေါင်း ၇၀ ရှိသည်​။

စဉ်းစားနည်းနှင့်​ အ​ဖြေ

ကနဦး​တွေ့ရှိချက်​များ -

ပထမတန်း ရှိ ခုံအ​ရေအတွက်​ = ၁၈
နောက်ပိုင်းတွင်​ ဒုတိယတန်းမှစ၍ ၂ ခုံစီတိုးသွားသည်​။
ဇာတ်​ရုံထဲတွင်​ ခုံအ​ရေအတွက်​ ဘယ်​​လောက်​ရှိသနည်းဟု ​မေးထားသည်​။

ကနဦး ​တွေ့ရှိချက်​အရ
ပထမ တန်း - ၁၈ ခုံ
ဒုတိယတန်း - ၁၈ + ၂ = ၂၀ ခုံ
တတိယတန်း - ၂၀ + ၂ = ၂၂ ခုံ 
. .. . . . . . . .

ယခု အဆို ၁ ကို စဉ်းစားမည်​။
အဆို ၁ အရ အတန်း​ပေါင်း ၂၇ တန်းရှိ သည်​။ 
ထို့​ကြောင့်​ ၁၈ +၂၀ +၂၂ + .. ... ...  + ၂၇ ကြိမ်​အထိ ​ပေါင်းလျှင်​ အ​ဖြေရမည်​။ အ​ဖြေကို ​မေးခြင်းမဟုတ်​ အ​ဖြေကိုရနိုင်​ကိုသာ ​ပြောရန်​လိုသည်။ ထို့​ကြောင့်​ အ​ဖြေမှာ အဆို ၁ တစ်​ခုတည်းဖြင့်​ အ​ဖြေကိုရရန်​ လုံ​လောက်​သည်​။

ယခု အဆို ၂ ကို စဉ်းစားမည်​ ။ အဆို ၁ ကို ​မေ့ထားပါ။

အဆို ၂ အရ ​နောက်​ဆုံးအတန်းတွင်​ ခုံ ၇၀ ရှိသည်​။

 ထို့​ကြောင့်​ ကနဦး ​တွေ့ရှိချက်​အရ ၁၈ + ၂၀ + ၂၂ + ... ... . . . . .+ ၇၀ ကို ​ရောက်​သည် အထိ ​ပေါင်းသွားလျှင်​ အ​ဖြေကိုရမည်​။
ထို့​ကြောင့်​ အဆို ၂ တစ်​ခုတည်းဖြင့်​ အ​ဖြေကို ရနိုင်​သည်​။

 ထိုကြောင့်​ အဆို ၁ သို့မဟုတ်​ အဆို ၂ တခုခုဖြင့်​ အ​ဖြေကို ရနိုင်​သည်​။

 ထို​ကြောင့်​ အ​ဖြေ မှာ D ဖြစ်​ သည်​။
(D ။ အဆို ၁ သို့မဟုတ်​ အဆို ၂ တစ်​ခုခု ဖြင့်​ အ​ဖြေ ကို​ပေးရန်​ လုံလောက်​သည်​)

Reference : The Official Guide for GMAT Review 2015.
Data Sufficiency