သော်တာအေးလဲ့ရဲ့ ရသဝတ္ထုရှည် လရိပ်ပိုးမျှင်





သော်တာအေးလဲ့ရဲ့ ရသဝတ္ထုရှည် လရိပ်ပိုးမျှင်
(မိုးမခစာအုပ်စင်) မေ ၆၊ ၂၀၁၇


မိုးမခ မဂ္ဂဇင်း ရဲ့ ပင်တိုင် အဖြစ် မျက်ရှု ကလောင်နဲ့ ဝတ္ထုတို၊ သော်တာသစ် ကလောင်နဲ့ ကျား-မ ရေးရာ ပညာရပ်ဆိုင်ရာ ဆောင်းပါး တွေ ပုံမှန်ရေသားနေသူရဲ့ သော်တာအေးလဲ့ အမည် ကလောင် အသစ် တခုနဲ့ ဝတ္ထုရှည် လရိပ်ပိုးမျှင် ထွက်ရှိလာပါတယ်။

ကံကော်ဝတ်ရည် စာအုပ်တိုက်ထုတ်ေ စာမျက်နှာ ၂၆၉ မျက်နှာပါ ဝတ္ထုရှည်ရဲ့မျက်နှာဖုံးကို ပန်းချီ မြင့်မောင်ကျော်က ဆွဲပါတယ်။

ဝတ္ထု နောက်ခံက ၂၀၀၈ နာဂစ် အပြီး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ လူမှုဖွံ့ဖြိုးရေး ဝန်ထမ်း အမျိုးသမီးတယောက် ရဲ့ ဘဝကို အခြေခံတဲ့ ချစ်ခြင်း မေတ္တာဘွဲ့ ဇာတ်လမ်းပါ။

စာအုပ် ကို အင်းဝ၊ ရာပြည့်၊ စာပေလောက၊ TAB book center၊ Yangon Book Plaz၊ စိတ်ကူးချိုချို၊ ထွန်းဦး၊ နဂါး၊ ချင်းတွင်းအိမ်၊ ကျော်ကျော်စာပေနဲ့ စီးတီးမတ်က စာအုပ်ဆိုင်တွေမှာ ဖြန့်ချိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အမှတ် ၅၁၊ ရေကျော်လမ်းမပေါ်က ကံ့ကော်ဝတ်ရည်စာအုပ်အိမ် မှာလည်း တိုက်ရိုက်ဝယ်ယူနိုင်တယ် ဆိုပါတယ်။

အိမ်တိုင်ရာရောက် မှာယူလိုသူတွေအနေနဲ့လည်း We Distribution ၊ RoyalShop.Biz ၊ Mybook.com.mm စတဲ့ အိမ်အရောက်ပို့ ဝန်ဆောင်မှု တွေမှာ ဝယ်ယူနိုင်ပါတယ်။