ဒေါက်တာ ကျော်ကျော်ဝင်း - သမိုင်း အစဉ်အလာ နှင့် ရိုးရာ ယဉ်ကျေးမှု ဆောင်းပါးများ


  ဒေါက်တာ ကျော်ကျော်ဝင်း  - သမိုင်း အစဉ်အလာ နှင့် ရိုးရာ ယဉ်ကျေးမှု ဆောင်းပါးများ
 (မိုးမခ စာအုပ်စင်) မေ ၃၊ ၂၀၁၇


မိုးမခရဲ့ ပင်တိုင်ဆောင်းပါးရှင်းတဦးဖြစ်တဲ့ ရန်ဝင်း(တောင်တခါး)ရဲ့ စာအုပ် မြန်မာပြည်မှာ ထုတ်ဝေဖြစ်ခဲ့ပါပြီ။ မူလကလောင်အမည် -" ဒေါက်တာကျော်ကျော်ဝင်း - သမိုင်းအစဉ်အလာနှင့် ရိုးရာယဉ်ကျေးမှု  ဆောင်းပါးများ" ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်အတွက် ပခုက္ကူဦးအုန်းဖေစာကြည့်တိုက် စာပေဆု ရရှိ ခဲ့ပါတယ်။ ဂုဏ်ယူ ၀မ်းမြောက်ဖွယ်ရာ ဖြစ်ပါတယ်။

ဇင်ရတနာစာပေတိုက်က ၂၀၁၅ အောက်တိုဘာက ထုတ်ခဲ့ပြီးတော့ အုပ်ရေ ၁၀၀၀၊ တန်ဖိုး ၇ ထောင် ကျပ် ကျသင့်ပါတယ်။




မာတိကာ
၁။ ဂြီက္ခေတြ ပျူခေတ် ရွှေပေထက် အက္ခရာတင် ပဋိစ္စသမုပ္ပါဒ် ပါဠိတော်
၂။ ထေရ၀ါဒ ဗုဒ္ဓဘာသာ အနှစ်ချုပ် အညွှန်း ယေဓမ္မာ ဂါထာတော်
၃။ ပုဂံလက်သစ်ဘုရားစေတီအထွတ်များ

၎။ ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၁) မွန်ပုံဂူဘုရားများ
၅။ ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ (၂) မြန်မာပုံ ဂူဘုရားများ
၆။ ပုဂံမြို့ဟောင်းက ရှေးဟောင်းဘုရားစေတီများ(၃) မြေပေါက်စေတီပုထိုးများ
၇။ ပုဂံခေတ် ရေစင်တော်သွန်းကရား
၈။ ပုဂံဂူဘုရားနံရံပေါ်က အင်းဝခေတ် ခေတ်စမ်းကဗျာ
၉။ ဇမ္ဗူပတိချွတ်ခန်းမင်းဝတ်ဆင်းတုတော်များ
၁၀။ ညီညွတ်ရေးနဲ့အသက်ရှည်ရှည်ခင်ခင်မင်မင်
၁၁။ လွမ်းတော်မူလို့စာကိုစီတယ်
၁၂။ မျိုးချစ်စာဆိုတော်အချုပ်တန်းဆရာဖေ
၁၃။ သဟာယဆရာတင်နှင့်သူ့တေးများ
၁၄။ ဘ၀မုန်တိုင်းကြားက ချစ်ပန်းပွင့်ဦး ဂီတနက်သန်ကိုစောညိန်း
၁၅။ ခေါင်းလျှော်ကာတရော်ကင်ပွန်းရယ်နဲ့
၁၆။ တောင်ကတုံးကို ရောင်ထုံးမယ်
၁၇။ ထိုးကွင်းကလေးနဲ့ယဉ်တဲ့ကိုဆံရှည်
၁၈။ ဆေးတံတိုတစ်ညှိုလောက်
၁၉။ ဆူဝေအောင် ချူတွေဆွဲလို့ရယ်
၂၀။ ပျိုလေးတို့ ကောက်စိုက်ရာ
၂၁။ ကုက္ကလံ မြောက်ကိုလှည့်ခါမှ
၂၂။ စာပလွေ မောင်းမှာပိုက်ပါလို့
၂၃။ အောင်စည်ရွမ်းသံကြားပြီထင့် ပြည်တော်ဝင်မယ်လေ
၂၄။ မြို့ငြိမ်း၏အလှပြိုင်ပွဲ
၂၅။ မှိုင်းပြာရီညို့တိမ်လွှာမို့မိုလွင်
၂၆။ မြို့ငြိမ်း၏ တောင်သမန်သို့တမ်းချင်း
၂၇။ တောင်သမန် လေညင်းနဲ့အင်းပေါ်ကတံတား
၂၈။ ၀ါလကင်းလွတ်သီတင်းကျွတ်လျှင်
၂၉။ အလွမ်းမပြေတဲ့ကမ်းခြေဇေယျာဦး
၃၀။ ခွာသံချင်းယှက် ဂေါက်ဂက် ဂေါက်ဂက် ဘယ်ညာမြိုင်မြိုင်ချီ
၃၁။ လက်ပံပွင့်ကောက်အရောက်လာမယ်
၃၂။ နွေဦးကာလ မြူထသောအခါ
၃၃။ ဟေလာမောင်တို့ဝါး
၃၄။ ၀ံသာနု မြန်မာနှဲကြီး
၃၅။ မြန်မာ့ဇာတ်ပို့ဆိုင်းဝိုင်းကြီး
၃၆။ ပလွေတို ရောင်မှာထိုးပါလို့
၃၇။ ပလွေချင်းဖြင့်မတူပါလေ
၃၈။ လက်ဖျားသံနှော ရှေးတယော
၃၉။ ညင်းတူရိယာ
၄၀။ မြန်မာဟွန်းတယော
၄၁။ မိကျောင်း တူရိယာ

 
စာရေးသူ ၏ အမှာစာ

 သမိုင်း အစဉ်အလာ၊ ရိုးးရာ ယဉ်ကျေးမှု နဲ့ ရှေးဟောင်းပစ္စည်းဆိုတာ ဘိုးဘွား အစဉ်အဆက်ရဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ အမွေအနှစ်ပါ။ ယဉ်ကျေးမှုဆိုတာကလည်း နယ်မြေချင်း ထိစပ်နေကြတဲ့ လူမျိုးစုတွေကြားမှာ အပြန်အလှန် ကူးလူး ဖလှယ်တတ်တဲ့ သဘော သဘာဝရှိပါတယ်။ ယဉ်ကျေးမှုတွေက နီးစပ်ရာ၊ နီးစပ်ရာ ကို ဆင့်ပွား၊ ဆင့်ပွား ကျယ်ပြန့်သွားပြီး ယဉ်ကျေးမှုဒေသကြီးတစ်ခု ပေါ်ပေါက်လာလေ့ရှိပါတယ်။ တကယ်တော့ ရိုးးရာ ယဉ်ကျေးမှုနဲ့ ရှေးဟောင်းပစ္စည်းတွေက လက်ရှိ တည်ရှိဆဲ အမည်ပေါက် တိုင်းပြည် တစ်ပြည်တည်းနဲ့သာ သက်ဆိုင်ရုံ မကပဲ၊ လူသားတို့ ဖြစ် တည်ရှိမှုနဲ့ လူသားတို့ရဲ့ ယဉ်ကျေးမှုသမိုင်းနဲ့ပါ သက်ဆိုင်တယ် လို့ ဆိုနိုင်ပါတယ်။ ရိုးးရာယဉ်ကျေးမှုတွေက ပြင်ပ ပရောဂ ထိုးဖေါက်ဝင်ရောက်မှု နဲ့ တန်ဖိုးကို မသိနားမလည်တာတွေကြောင့် ပျက်စီးလေ့ ရှိပါတယ်။ ရှေးဟောင်းပစ္စည်းတွေကလည်း သဘာဝဘေးဒဏ်တွေကြောင့် ပျက်စီးခဲ့ကြတယ်။ ကျန်နေသေးတာတွေမှာ ဖျက်တဲ့သူကဖျက်လို့ ပျက်ခဲ့သလို ခေတ်အဆက်ဆက်မှာ မဆင်မခြင်ပြုပြင်ပေါင်းများခဲ့လို့ ပျက်သွားရတာတွေလည်းရှိပါတယ်။ ယဉ်ကျေးမှုသမိုင်း ကို မပျောက်ဆုံးအောင် ဘယ်လိုထိန်းသိမ်းရတယ် (conservation) ၊ အဲဒီလိုပဲ ရှေးဟောင်းပစ္စည်းကို နောက်ထပ်မပြိုပျက်အောင် ဘယ်လိုကာကွယ်ရတယ် (preservation) ၊ မူရင်းပုံစံမပျက် ဘယ်လိုပြန်လည်တည်ဆောက်ရတယ် (restoration) ဆိုတာတွေရှိပါတယ်။ ဒါတွေကို လုပ်ဆောင်ဖို့ရာမှာ ယဉ်ကျေးမှုသမိုင်းကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးကြဖို့လိုပါတယ်။ ဒါကလည်း ကိုယ့်သမိုင်းကို ကိုယ်သိကြမှ ချစ်မြတ်နိုးပြီး တန်ဖိုးထားကြပေလိမ့်မယ်။ သမိုင်းကိုသိကြမှလည်း ‘မ အ’ ရာရောက်မှာပါပဲ။ ဒါကြောင့် ‘မ အ’ အောင်လို့ သမိုင်းဘာသာကို လေ့လာသင်ကြားကြရမယ်လို့ဆရာကြီးဒေါက်တာသန်းထွန်းက ညွှန်းဆိုခဲ့တယ်။ ဘိုးဘွား အမွေအနှစ်ကို ချစ်မြတ်နိုးကြစေချင်လွန်းတဲ့ စေတနာတွေရဲ့ တိုက်တွန်း လှုံ့ဆော်မှုကြောင့် ကျွန်တော့်ရင်ထဲမှာ သိမ်းဆည်း စုဆောင်းထားတဲ့ စာစုကလေးတွေကို မျှဝေလိုက်ပါတယ်။ ရင်မှာသိမ်းထား ပွင့်လွှာများကို တံခါးဖွင့် စေ ဖြန့်ဝေလိုက်သည် လေသွေးရာသို့ မွှေးစေသော။ ။ ဘ၀တုသဗ္ဗမင်္ဂလံ၊ မင်္ဂလာအပေါင်းနှင့် ပြည်စုံကြပါစေသတည်း။

 ဒေါက်တာ ကျော်ကျော်ဝင်း
နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၁၄