နီဇူလိုင် - ပုံပြင်အသစ်ပြောပါမေမေ




နီဇူလိုင် - ပုံပြင်အသစ်ပြောပါမေမေ
(မိုးမခ) မေ ၁၀၊ ၂၀၁၇


မေမေ
မေမေပဲ ပြောတော့
ပုံပြင်အဆုံးမှာ
လူကောင်းတွေပဲ နိုင်ရမယ်ဆို...။
မေမေ့ပုံပြင်
မဆုံးသေးဘူးလား...။
ခုထိ
လူဆိုးတွေက
ဆိုးလို့ကောင်းတုန်း
ခိုးလို့ကောင်းတုန်း
အနိုင်ကျင့်လို့ကောင်းတုန်း..။
သူတို့
ဘယ်တော့ရှုံးမှာလည်းမေမေ..။

သမီးတော့
မတရားမှုတွေအဆုံးမသတ်နိုင်သေးတဲ့
ဒီပုံပြင်ကို
မုန်းတယ်..။

ပုံပြင်အသစ်ပြောပါမေမေ..။ ။

(၉.၅.၂၀၁၇)