တင်လတ်ကို - ရေးသူတကျပ်၊ ဖတ်သူတကျပ်

သန်းဌေးမောင်၏ ပန်းချီကား

တင်လတ်ကို - ရေးသူတကျပ်၊ ဖတ်သူတကျပ် 
(မိုးမခ) မေ ၇၊ ၂၀၁၇


စစ်ပွဲတွေ အာဇာနည်နေ့တွေ ဖတ်ရသလို
အားလပ်ရက်များများ
ပျော်ရွှင်ဖွယ်များများ
အလိုရှိ။

ကဗျာသေပြီတွေ
ကမ္ဘာပြားပြီတွေ ဖတ်ရသလို
မာရ်နတ်တွေရှိနေသရွေ့ကဗျာမသေ
ကမ္ဘာကို ဆက်သွယ်မရသရွေ့
ကမ္ဘာမပြား ...
အလိုရှိ။ 


အလိုကြီးလို့
အရနည်းလို့
အလိုရှိ။ ။

တင်လတ်ကို 
၂၀၁၃