မောင်မှိုင်းလွင်(အင်းဝ) - အိပ်မက်

Illustration - KT


မောင်မှိုင်းလွင်(အင်းဝ) - အိပ်မက် 
(မိုးမခ) မေ ၄၊ ၂၀၁၇

အိပ်ရေးမက်တာမဟုတ်
အိပ်ရင်းမြင်မက်နေတာလည်းမဟုတ်
တသက်တာလုံး
နေ့ရောညပါ မက်မက်စက်စက်
တပ်မက်ခဲ့ရတဲ့အိပ်မက်။

မစွန့်ပစ်ရက် မစားသုံးရက်
အဲဒီ အိပ်မက်ကိုယ်ထက်
မှိုတက်မှာ စိုးပြီး
အသက်နဲ့ရင်း ဘဝနဲ့ရင်း
နုပျိုမှုတွေနဲ့ရင်းလို့
သွေးချင်းချင်းနီ ကာကွယ်ခုခံ
ချိုးငှက်တောင်ပံ ဒဏ်ရာအပြည့်။

အော်…သူတို့မို့ ရက်ရက်စက်စက်
အိပ်မက်ထိကို
လိုက်သတ်ချင် နေကြသေးတယ်။ ။

မောင်မှိုင်းလွင်(အင်းဝ)
၂ ၀ ဧ ၂ ၀ ၁ ၇