ဖြူစင်သော ၅၂၈ မေတ္တာနှင့် မြန်မာဝတ္ထုတိုစုစည်းမှု ၁၀၀

 ဖြူစင်သော ၅၂၈ မေတ္တာစာစုများ ထွက်ပြီ

မိတ်ဆွေတို့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေကို နူးညံ့ပျော့ပြောင်း လာစေဖို့အတွက် ဆရာခင်မောင်တိုး(မိုးမိတ်) ဘာသာပြန်ထားတဲ့ စာစုလေးတွေ ထွက်ရှိလာပါပြီ။
Chicken Soup စာအုပ်တွေထဲကနေပြီး အကောင်းဆုံးဟု ဆိုအပ်သောစာစုလေးတွေကို ရွေးချယ်ထုတ်နှုတ်ပြန်ဆိုထားတာ ဖြစ်ပြီး "ဖြူစင်သော ၅၂၈ မေတ္တာစာစုများလို့" အမည်ပေးထားပါ တယ်။
လင်းလွန်းခင်စာပေရဲ့ စာအုပ်အမှတ် ၂၈၅ အဖြစ်နဲ့ မေလထဲမှာ ဖြန့်ချိလိုက်ပါပြီ။ 
စာအုပ်တန်ဖိုး ၂၀၀၀ကျပ် ဖြစ်ပြီးအဖုံးကိုတော့ အံ့ဘွယ်ဇင်က ဒီဇိုင်းပြုလုပ်ပေးထားပါတယ်။ ။
 
မြန်မာဝတ္ထုတို စုစည်းမှု ၁၀၀
 
လင်းလွန်းခင်စာပေတိုက်က စာအုပ်ထုတ်ဝေမှု ၃၀၀ ပြည့်မြောက်အမှတ်တရအဖြစ် မြန်မာဝတ္တုတို စုစည်းမှု ၁၀၀ စာအုပ်ကို ယနေ့နေ့စွဲနဲ့ ထုတ်ဝေ ဖြန့်ချိတယ်လို့ သိရပါတယ်။ ထိုစာအုပ်မှာ မြန်မာ့ စာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ စာရေး ဆရာ ဆရာမများရဲ့ဝတ္ထုတိုကောင်းများကို ရွေး ချယ်တင်ဆက်ထားတယ်လို့ စီစဉ်သူများကဆိုပြီး စာဖတ်ပရိသတ်များ နှစ်ခြိုက်သဘောကျမှုကိုရရှိဖို့ ကြိုးစားအားထုတ်ထားတယ်လို့လည်း ဆိုပါတယ်။
ဆရာမခင်မေကြည် အသေးစိတ်ချယ်မှုန်းထားတဲ့ ကံ့ကော်ပန်းလေးများပန်းချီကားကို ဗဂျီလင်းဝဏ္ဏက ဒီဇိုင်းမျက်နှာဖုံးနဲ့ ဆယ်ချိုးဆိုက်ကြီးအဖြစ် ခန့်ထည်စွာထုတ်ဝေထားပြီး စာမျက်နှာပေါင်း ၁၀၀၀ ကျော်ကို စာအုပ်တန်ဘိုး ၁၂၀၀၀ိ/ ဖြစ်တယ်လို့ ဆိုပါတယ်။ 
 ရန်ကုန်မန္တလေးနဲ့ နယ်မြို့ကြီးတွေမှာ  ၁၉ ရက်မေလက စတင်ပြီး ဝယ်ယူနိုင်ပြီလို့ သိရပါတယ်။