မြင့်အောင်သန့်- အေးအတူ ပူအမျှ




အေးအတူပူအမျှ
မြင်အော့င်သန့်
 (မိုးမခ)၊ မေ ၈၊ ၂၀၁၇

တောင်တွေက
မြင့်သထက်မြင့်လာ
ကြင်သူရယ်
ကားပိစိကွေးလေးရယ်
ဦးတည်လာနေတဲ့
မြူ အယောင်ဆောင်တိမ်ထုထဲ
ဝိုးတဝါး နဲ့တိုးဝင်ရွေ့လျား
မလွမ်းအားပါဘူးရယ်
ဝမ်းစာရှာဖို့ထွက်ခဲ့တယ်

မြင့်အောင်သန့်
၂၀၁၇