မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ



မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ
(မိုးမခ) မေ ၃၊ ၂၀၁၇

မိုးမခ မဂ္ဂဇင်း အတွဲ (၄)၊ အမှတ် (၅) ၂၀၁၇ ခုနှစ် မေလထုတ်အသစ် E-book ကို Wun Zinn Mobile App ကတဆင့် ၈၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။


ဝန်ဇင်း ရယူရန် —

Wun Zinn Android App:
http://bit.ly/wzfbpage
Wun Zinn iOS App:
http://bit.ly/wziosfbpage

မိုဘိုင်းဖုန်း၌ ဝန်ဇင်းကို အသုံးပြုဝယ်ယူရာတွင် အခက်အခဲ ရှိပါက ဝန်ဇင်းဖုန်း ၀၉ ၂၅၂ ၅၄၅ ၇၅၃ ကို ဆက်သွယ် အကူအညီတောင်းနိုင်ပါသည်။

မေလထုတ် မဂ္ဂဇင်း ပုံနှိပ်စာအုပ်မှာလည်း ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများရှိ စာအုပ်အရောင်းဆိုင်ကြီးကို အခု သီတင်းပတ် အတွင်း မိုးမခ စာပေတိုက်က ဖြန့်ချိမည်ဖြစ်ပါသည်။

အိမ်အရောက်ပို့ မှာယူထားသူများကိုလည်း အိမ်တိုင်ရာရောက် စာတိုက်ကတဆင့် ပေးပို့ပေးမည် ဖြစ်ပါသည်။ ယခင်လများက အိမ်အရောက်ပို့စနစ် ဖြန့်ချိမှု နှောင့်နှေးကြန့်ကြာခဲ့သည် များကို ပြင်ဆင်ပြီး အမြန်ဆုံး ပို့ပေးနိုင်ရန် စီစဉ်ထားပါသည်။

မိုးမခ အိမ်အရောက်ပို့စနစ် အသစ်မှာယူ ဖတ်ရှုလိုသူများ အနေဖြင့် ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ကို ဆက်သွယ်မှာယူနိုင်ပါသည်။

မိုးမခ မေလ ထုတ်မှာ မိုးမခ နာယက တဦးဖြစ်သည့် ဘကြီးမိုး (မောင်မိုးသူ) ၏ အသက် ၈၀ ပြည့် မွေးနေ့ အထူးထုတ် ဖြစ်ပြီး ပပန်းချီဆရာမ မမွှေး ၏ ဘကြီးမိုး ပုံတူပန်းချီးကား မျက်နှာဖုံးနှင့်အတူ မိုးမခ ထုံးစံအတိုင်း မျက်မှောက်ရေးရာ၊ နိုင်ငံတကာရေးရာ၊ ပညာရေး၊ အမျိုးသမီးကဏ္ဍ၊ လူမှုရှုခင်း မြင်ကွင်း စာပဒေသာ၊ ရုပ်ပုံလွှာ၊ ခရီးသွားဆောင်းပါး၊ စာပေရေးရာ ဆောင်းပါး၊ ကဗျာ၊ ဘာသာပြန်ကဗျာ၊ အက်ဆေး၊ ဝတ္ထုတို၊ ကာတွန်း၊ သရော်စာ အမယ်စုံဖြင့် အကောင်းဆုံး ဖွဲ့စည်း တင်ဆက်ထားပါသည်။