မင်းညွန့်လှိုင်- ကု ထုံး

Photo - Than Htay Maung


မင်းညွန့်လှိုင်- ကု ထုံး

(မိုးမခ) မေ ၂၇၊ ၂၀၁၇

တိတ်ဆိတ်ခြင်းကို
လုံလောက်စွာမှီဝဲပြီးပြီလား။

အသံကို
အဆုံးစွန်အထိလျှော့ချပြီးပြီလား။

ကြမ်းပြင်ပေါ်
အပ်တချောင်းမကျစေရ။

ဝတ်မှုန်တွေ
တမှုန်ချင်းခွဲထားပါ။

အသံထွက်အင်္ဂါကို
တင်းတင်းကျပ်ကျပ်ဖိနှိပ်လိုက်။

မင်းလက်အံသေတာနဲ့
အော်သံတွေပန်းထွက်လာလိမ့်မယ်။

မထင်မှတ်ဖွယ်
အကြားအာရုံကောင်းမွန်သွားပါမယ်။ ။

မ င်း ညွ န့်လှို င်
၁၀ မေ ၂၀၁၇