ကမ်လူဝေး ● ဖန်​ (fan)

ကမ်လူဝေး ● ဖန်​ (fan)
(မိုးမခ) မေ ၂၃၊ ၂၀၁၇

အသင်းက​တော့ နာမည်​​ကျော်
အများရဲ့ ​မျှော်​လင့်​ချက်​ အိပ်​မက်​အသင်း
ကစားသမား​တွေက
လူသိများပြီးသား အ​ကျော်​အ​မော်
နည်းပြက ကမ္ဘာသိ
ထင်​​ပေါ်​ကျော်​ကြားသူ။

ရာသီစလို့ ပွဲ​တွေ့ လက်​​တွေ့ကစား​တော့
ကစားသမား​တွေ အားထုတ်​မှုညံ့​လေသလား
ကစားသမား​တွေ အချိတ်​အဆက်​မဲ့တာလား
ကစားသမား​တွေဟာ အ​ကျော်​အ​မော်​ ထင်​ခံရတဲ့ လူ​လျှော်​​တွေလား
ဒါမှမဟုတ်​ ကမ္ဘာ​ကျော်​ နည်းပြရဲ့ နည်းစနစ်​​ကြောင့်​လား
ခံစစ်​ ခံစစ်​ ဖင်​ပိ​တ်​ကန်​ရင်း အသွင်းခံလိုက်​ရတဲ့ဂိုး​တွေ​ကြောင့်​လား
တိုက်​စစ်​ တိုက်​စစ်​​ကြွေးကျော်​ ​နေတဲ့​ခောတ်​မှာ
အသင်းရဲ့ခံစစ်​ကစားပုံဟာ အားရဖွယ်​တိုးတက်​လာတယ်​လို့
နည်းပြက ဂုဏ်​ယူစွာ ထုတ်​ပြန်​ချက်​​ပေးရဲ့။

တလုံး​တ​လေနဲ့ ကံ​ကောင်းစွာနိုင်​တာက တပွဲနှစ်​ပွဲ
ခံစစ်​ ခံစစ်​ ​အော်​ရင်း သ​ရေပွဲ​တွေကအလီလီ
ဂိုးမ​ပေး​ရေး ဖင်​ပိတ်​ကန်​ရင်း ဂိုးသွင်းခံပြီးအရှုံး​တွေကတန်းစီ။

ရာသီကုန်​ခါနီး
အမှတ်​​ပေးဇယားကိုကြည့်​လိုက်​မှ
အသင်းက တန်းဆင်းဇုံမှာ ​ကျောက်​ချ။

ဘဝ​တွေရင်းပြီး အား​ပေးခဲ့တဲ့ ငါတို့မှာ
နည်းပြကို အားရပါးရ ​အော်​ဆဲဖို့​တောင်
အားအင်​ကုန်​ခမ်း စိတ်​ပျက်​​နေရ။        ။

ကမ်​လူ​ဝေး