ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

Mbuyiseni Oswald Mtshali ( South Africa) ရဲ့ALWAYS A SUSPECT


Mbuyiseni Oswald Mtshali ( South Africa) ရဲ့ALWAYS A SUSPECT
အမြဲတမ်း သံသယတရားခံ (မျိုးတေဇာမောင် ဘာသာပြန်)

(မိုးမခ) မေ ၁၂၊ ၂၀၁၇
ကျနော် မနက်အိပ်ယာ က နိုးတော့
လူကြီးလူကောင်းတစ်ယောက်လိုဝတ်ဆင်တယ်
ရှပ်အကျီအဖြူရောင်၊နက်တိုင်၊ပြီးတော့ဝတ်စုံပြည့်။

လမ်းထဲလျှောက်နေတုန်း
လူတစ်ယောက်နဲ့ဆုံတယ်
သူကျနော့်ကိုပြောတာ
"ကျနော့်ရဲ့အထောက်အထားစာရွက်စာတမ်း
ထုတ်ပြ"တဲ့။

ကျနော်လည်း
ကျနော့်ဖြစ်တည်မှုအတွက်
အထောက်အထားတွေထုတ်ပြ
စေ့စေ့စပ်စပ်အစစ်ခံဖို့၊ခေါင်းတစ်ချက်ညိမ့်ပြတာရဖို့။

ကျနော် အ​ဆောက်​အဦး တစ်ခုရဲ့အဝင်ခန်းမထဲ
ဝင်ခဲ့တယ်၊
တံခါး​စောင့်​ က ကျနော့်ကိုတားပြီး
"ဘာလိုချင်သလဲ"လို့မေးတာခံဖို့။

ကျနော် မြို့ထဲက နှင်းတွေဖုံးနေတဲ့ ပလက်ဖောင်းမှာ
အမျိုးကောင်းသမီးကြီးတစ်ယောက်နဲ့ ဘေးချင်းယှဉ်
လမ်းလျှောက်နေတုန်း
သူမက လက်ကိုင်အိတ်ကို
ကျနော့်ဘက်ကနေတစ်ဘက်ကိုပြောင်းလွယ်တယ်
သူမရဲ့မျက်လုံးတွေကပြောနေတာ
" ဟ၊ဟ ၊ နင့်ကိုငါသိတယ်
အဲ့ဒီ့ဝတ်ကောင်းစားလှတွေအောက်မှာ
သူခိုးနှလုံးသားအမှတ်အသားပါတယ်"

Mbuyiseni Oswald Mtshali ( South Africa) ရဲ့ALWAYS A SUSPECT