လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (20)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (20)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) မေ ၁၈၊ ၂၀၁၇

Table များနဲ့ အလုပ်လုပ်ခြင်း

Table ဆိုတာကတော့ အချက်အလက်တွေကို ကြည့်ကောင်းအောင် ရှင်းပြလွယ်အောင် နားလည်လွယ်အောင် စုစည်းထားတဲ့ ဇယားကွက်တွေ ဖြစ်ပါတယ်။ သာမန် စာစီ စာရိုက် အပိုက်ခွဲ စာပိုဒ်တွေနဲ့ မိမိဆောင်းပါးကို ဖော်မက်ချတာအပြင် Table တွေနဲ့လည်း စာစီ စာရိုက်ကြတာတွေ လုပ်ပါတယ်။ Indent တွေ ဖော်မက်ချပြီး စာတွေ နေရာချထားတာထက် ဇယားကွက်တွေထဲမှာ စာတွေ စီရ ရိုက်ရတာက ပိုပြီး လွယ်ကူ လျင်မြန်ပါတယ်။

To insert a table: တေဘယ်ကို ထည့်သွင်းခြင်း


Table မီးနူးကို ဆွဲချပြီးတော့ Insert Table ကို နှိပ်ပါ။
အဲသည်မှာ Table အတွက် ဒေါင်လိုက်အကွက် အလျားလိုက်အကွက် ဘယ်လောက်ထည့်မလဲဆိုတာ ပေါ်လာပါလိမ့်မယ်။

Inserting a new table

မောက်စ်ကို ဖိဆွဲပြီးတော့ ကိုယ်အလိုရှိရာ ဇယားအကွက်တွေကို ရွေးချယ်ပါ။
Selecting columns and rows

ပြီးတော့ မောက်စ်ကို ကလစ်ပြီး လွှတ်လိုက်ရင် မိမိ ကာဆာချထားတဲ့နေရာမှာ ဇယားကွက် ပေါ်လာပါမယ်။

A new table

ဇယားကွက်တခုလုံးကို ဖျက်ချင်ရင် ဇယားပေါ်ကို မောက်စ်ကိုထား၊ Right Click ကိုနှိပ်ပါ။ အဲသည်မှာ - “Delete Table” command ကို ရွေးလိုက်ရုံပါပဲ။

Deleting the table

To add an additional row: ကန့်လန့်ဖြတ်အတန်း (ROW) ထပ်ထည့်မယ် ဆိုရင် -


လိုချင်တဲ့ row ထည့်ချင်တဲ့ကပ်ရက် row ကို ရွေးချယ်ပါ။ မောက်စ်ကို ရိုက်ကလစ် နှိပ်ပါ။ ပြီးတော့
Insert row above or Insert row below တခုခုကို ရွေးချယ်ပါ။


Inserting a new row

အောက်မှာ ပြထားတဲ့ အတိုင်း ROW အသစ်တခု ပေါ်လာပါလိမ့်မယ်။
The additional row

To add an additional column: အပေါ်အောက်အတန်း COLUMN ထည့်မယ်ဆိုရင်


မိမိအလိုရှိရာ ကော်လန်ထည့်ချင်တဲ့ ကပ်ရက် ကော်လန်ကို ရွေးပါ။ ရိုက်ကလစ် နှိပ်ပါ။ ပြီးတော့ Insert column left or Insert column right ကိုရွေးချယ်ပါ။


Inserting a column to the right
The additional column

To delete a row or column: ကော်လန်တွေ ရိုးတွေကို ဖျက်ချင်ရင်


ဖျက်ချင်တဲ့ ကော်လန် သို့မဟုတ် ရိုးကို အရင်ရွေး၊ ရိုက်ကလစ်နှိပ်၊ ပြီးမှ Delete Rom or Delete Column လုပ်ပါ။

Deleting a row

Editing table properties - ဇယားကို ဖော်မက်ချခြင်း


table properties ဆိုတာက သူ့ဇယားကွက်တခုချင်းစီ - cell dimensions, alignment, border size, and color တွေ ပြောင်းတာ ဖြစ်ပါတယ်။

To modify cell dimensions:


Cell တွေ အကွက်တွေကို ပြင်ဆင်ချင်ရင် သူ့ဘော်ဒါလိုင်းတွေကို ရွေးချယ်ပြီး ပြင်လို့ ရပါတယ်။

  1. ဘော်ဒါလိုင်းအပေါ်ကို မောက်စ်ကို နေရာရွှေ့ပါ။ ကာဆာလေးကို မြားနှစ်သွား အဖြစ် ပုံပြောင်းသွားပါလိမ့်မယ် - double arrow.
  2. The double arrow
  3. ဖိပြီးတော့ ဆွဲလိုက်ရင်တော့ ပြောင်းလို့ရတဲ့ လိုင်းဟာ အပြာရောင် မျဉ်းတံလေးအဖြစ် လိုက်ပါ လာပါတယ်။
  4. Using the guide line
  5. မောက်စ်ကို ဖိထားတာကနေ လွှတ်ချလိုက်ရင်တော့ cell အမြင့် ပြောင်းသွားတာကို တွေ့ရပမယ်။
  6. Viewing the new dimensions

Table Properties ကို Table ပေါ်မှာ မောက်စ်ကို ထား၊ Right Click လုပ်ပြီးတော့၊ ဆလက်လုပ်ပြီးတော့လည်း ရွေျးချယ် ပြင်ဆင်မှုတွေ လုပ်နိုင်ပါတယ်။


Entering exact dimensions

To modify horizontal cell alignment: ဇယားကွက်တွေကို ဘယ်ညာ အလယ် ညှိခြင်း


ဇယားကွက်အတွင်းက စာသားတွေကို ဘယ်၊ ညာ၊ အလယ်၊ တပြေးညီ ညှိတာတွေ လုပ်လို့ရပါတယ်။ ဒါကို မီနူးဘားပေါ်က four alignment buttons in the shortcut toolbar ကို သုံးပြီး လုပ်ရပါတယ်။


  1. Cell တခု သို့မဟုတ် Cell တွေကို ရွေးချယ်ပါ။

  1. Selecting cells to align horizontally

  1. မိမိနှစ်သက်တဲ့ ဘယ်ညာအလယ် ညှိ ခလုပ်ကို ရွေးလျယ်ပါ။ alignment button from shortcut toolbar.

  1. Clicking the Center align shortcut

  1. စင်တာကို ရွေးရင် အလယ်ကို ညှိပါမယ်။ ဘယ်၊ အလယ်၊ ညာညှိ အပြင် တပြေးညီ ညှိ (Justify) လုပ်တာကိုလည်း သင်တန်းဆရာက ပြသရပါမယ်။

  1. The Center aligned cells

To modify vertical cell alignment: Cell များကို အပေါ်အောက် ညှိခြင်း


Vertical cell alignment ဆိုတာက cell အတွင်းထဲက စာသားတွေ စာပိုဒ်တွေကို ဒေါင်လိုက်စီရာမှာ cell ထိပ်ကနေ စီရမလား၊ cell အလယ်ကောင်ကနေ စီမလား၊ cell အခြေကနေ စီလားဆိုတာ ရွေးချယ်တာ ဖြစ်ပါတယ်။ Cell vertical alignment in the Table properties dialog box ကနေ ပြင်ဆင်လို့ရပါတယ်။

  1. ပြင်ချင်တဲ့ cell တွေကို ရွေးပါ။

  1. Selecting cells

  1. Right-click and select Table properties

  1. Clicking Table properties

  1. Table Properties ထဲက Cell vertical alignment ဆိုတာကို ဆွဲချပါ။

  1. Clicking the Cell vertical alignment box

  1. နှစ်သက်ရာ အထက်အောက် ညှိမှုကို ရွေးပါ။

  1. Centering the vertical alignment
  2. Click OK

  1. Vertically aligned cells

To modify border size: ဇယား၏ ဘောင်များကို ဆိုက်ပြောင်းခြင်း


  1. Table properties ထဲမှာပဲ Table border size ကို ဆွဲချပြီးတော့ Table ရဲ့ ဘောင်တွေကို အထူ အပါး ပြောင်းလို့ ရပါတယ်။

  1. Modifying the border size

  1. အောက်ပါအတိုင်း ဘောင်တွေ ထူသွားတာ တွေ့ရပါမယ်။
  2. Viewing the larger border

To change cell background color: ဇယားကွက်အတွင်း အရောင်ထည့်ခြင်း

  1. မိမိအရောင်ပြောင်းချင်တဲ့ Cell သို့မဟုတ် Cells တွေကို ရွေးပါ။
  2. Right-click and select Table properties
  3. Table Properties ထဲက Cell background color ကို ဆွဲချပြီး အရောင်ထည့်ပါ။

  1. Changing the cell background color

  1. အခုလို အောက်ပါအတိုင်း ပြောင်းသွားပါလိမ့်မယ်။

  1. The new cell background color

To modify border color: ဇယား၏ ဘောင်ကို အရောင်ပြောင်းခြင်း

  1. Table properties ထဲက Table border color ကို ဆွဲချပြီး table ၏ ဘောင်ကို အရောင်သွင်းတာ ပြောင်းတာ လုပ်လို့ရပါတယ်။

  1. Modifying the border color

  1. အောက်ပါအတိုင်း အဖြူရောင် ဘော်ဒါကာလာ ပြောင်းသွားပါမယ်။
  2. The new border color

လေ့ကျင်ခန်း
Sundae Best
ICE CREAM PARLOR

Weekly Schedule   |   July 11th - 16th


Monday
Tuesday
Wednesday
Thursday
Friday
Saturday
Dylan
9-5
9-5
9-5
9-5
2-10
Off
Marilla
11-7
11-3
Off
5-9
9-2
2-10
Arthur
5-9
Off
11-7
Off
Off
2-10
Barrett
Off
5-9
5-9
11-3
5-10
9-5

ဒီဇယားကို မိမိဖိုင်အဖြစ် ကော်ပီပွားပါ။ ပြီးတော့ အောက်ပါအတိုင်းဖြစ်အောင် စမ်းသပ်ပါ။

(ဆက်လက် ဖော်ပြပါမည်)