မျိုးတေဇာမောင် ● ဆောင်းတွင်းအိပ်မက် (၈)

မျိုးတေဇာမောင် ● ဆောင်းတွင်းအိပ်မက် (၈)
(မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

ဟန်းဆက်ဆိုင်တွေရှေ့က
လေမှုတ်အရုပ်ကြီးတွေ
အသက်ဝင်လာပြီး
မြို့စပ်ကိုချီတက်သွားတယ်။

တဲတွေ
တဲလေးတွေကို
အားရပါးရဖျက်ဆီးကြတယ်။

တဲနံရံလုပ်ထားတဲ့
မြန်မာဗွီဒီယိုဇာတ်ကားကြော်ငြာကမင်းသမီး
လူတွေနဲ့အတူ ရောငိုလို့။    ။

မျိုးတေဇာမောင်
မေ ၆၊ ၂၀၁၆