ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဘာတေးလစ်တနာ – ၁၉၇၈မှ ၁၉၈၈။ ပြန်လည်ပေါင်းထုပ်ခြင်းနှင့် မတိုးသာမဆုတ်သာ အခြေအနေ


ဘာတေးလစ်တနာ – ၁၉၇၈မှ ၁၉၈၈။ ပြန်လည်ပေါင်းထုပ်ခြင်းနှင့် မတိုးသာမဆုတ်သာ အခြေအနေ
တရုပ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဗမာ(မြန်မာ)နိုင်ငံ – ဆွေမျိုးပေါက်ဖော် တင်မကသော (၄)
(သိန်းမြင့် ဘာသာပြန်)
မိုးမခ၊ ဇွန် ၄၊ ၂၀၁၇


ဒီဆယ်စုနှစ်ကတော့ တရုပ် နဲ့ မြန်မာနိုင်ငံကြားဖြည်းဖြည်းခြင်း ပြန်လည်ပေါင်းထုပ်တဲ့ ကာလဖြစ်ပါတယ်။ ယခင်ကာလများက အလွန်ပြင်းထန်တဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ကြတဲ့၊ အစိုးရတပ် နဲ့ ဗကပ တပ်များကြားမှာလည်း တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ပါပဲ။

၁၉၇၇ ဦးနေဝင်း ရဲ့ တရုပ် နဲ့ ကမ္ဘောဒီးယား နိုင်ငံ ခရီးစဉ်အပြီး၊ ၁၉၇၈ ဇန္နဝါရီ ၂၆-၃၁ မှာ တိန့်ရှောင်ဖိန် ဟာ ရန်ကုန်သို့ နိုင်ငံရေးအရ အရေးပါတဲ့ ခရီးစဉ်တခု အဖြစ်လာခဲ့ပါတယ်။ တရုပ် မြန်မာ သံတမန် ဆက်ဆံရေး ဟာ ၁၉၇၀ခုနှစ်ကတည်း က သံအမတ်ကြီး အဆင့်နဲ့ပြန်လည်ဆက်ဆံ လာခဲ့ပေမယ့်၊ တိန့်ရှောင်ဖိန်ခရီးစဉ်မတိုင်မီ အထိ နှစ်နိုင်ငံကြားက အကြိတ်အခဲဖြစ်နေတဲ့ဆက်ဆံရေးကို သာမန် အဆင့်လောက်ပဲရှိတယ်လို့ပြောနိုင်ပါတယ်။တရုပ်က ဗကပ ကိုပေးနေတဲ့အကူအညီများကိုလျော့ချလိုက်ပေမယ့်၊ လုံးဝဖြတ်
တောက်လိုက်တာတော့ မဟုတ်ပါဘူး။ ၁၉၇၉ခုနှစ်မှ ၁၉၈၈အထိ  တရုပ်ရဲ့တရားဝင် ပေါ်လစီ ကိုဖေါ်ပြမယ်ဆိုရင်တရုပ်ရဲ့ ရှေ့နောက်မညီတဲ့ အယူအဆ တခုဖြစ်တဲ့ ပါတီ-ပါတီချင်းဆက်ဆံရေးနဲ့ အစိုးရ-အစိုးရချင်း ဆက်ဆံရေး ကို ခွဲခြားထားတယ်ဆိုတာနဲ့ ဖေါ်ပြရမှာဖြစ်ပါတယ်။ တရုပ် အခြေအနေ နဲ့ယှဉ်ထိုးကြည့်ရင်
အတော်အဓိပ္ပါယ်မဲ့တဲ့ ခွဲခြားမှုပါ။ ဘေဂျင်း မှာ အစိုးရ ကို ပါတီ ကသာ ဖွဲ့စည်းပေးထားလို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန် နဲ့ ဘေဂျင်းကြား ဆက်ဆံရေးကတော့ သတိပြုရလောက်အောင် တိုးတက်လာပါတယ်။ ၁၉၇၉ ဇူလိုင် ၉ရက် မှ ၁၃ရက် အထိ မြန်မာ ဝန်ကြီးချုပ် ဦးမောင်မောင်ခ ဟာ တရုပ်ပြည် ကို သွားခဲ့ပြီး စီးပွားရေး နဲ့ နည်းပညာ ပူးပေါင်းမှု ဆိုင်ရာ စာချွန်လွှာ များကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဦးနေဝင်းဟာလည်း ၁၉၈၀ အောက်တိုဘာ နဲ့ ၁၉၈၅ မေ မှာ တရုပ်ပြည်သို့ ထပ်သွားခဲ့ပါသေးတယ်။ တရုပ်သမ္မတ လီရှင်နင်း ဟာလည်း ၁၉၈၅ မတ် မှာ ရန်ကုန် သို့ အလည်အပတ် လာရောက်ခဲ့ပါတယ်။ ဒီကာလများနဲ့
တချိန်တည်းမှာ မြန်မာပြည်အရှေ့မြောက်ဒေသက ဗမာပြည်ကွန်မြူနစ်ပါတီဟာ မသက်ဆိုင်တော့တဲ့သူ၊ ခေတ် နဲ့ တလွဲဖြစ်နေသူ ဖြစ်မှန်းမသိဖြစ်လာနေပါတယ်။ သူတို့ဟာ ရှေ့ကိုလည်းမတိုးနိုင် မြန်မာစစ်တပ် ကလည်း သူတို့ကိုမခြေမှုန်း နိုင်ဖြစ်နေပါတယ်။

ဗကပ များရဲ့ မျက်နှာစာသစ်ကလည်း သူတို့အတွက် တဖြည်းဖြည်း အရေးပါလာပါတယ်။ သူတို့ရဲ့ အခြေခံဒေသများမှာ အမြတ်အစွန်းများတဲ့၊ နယ်စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယရေးဟာ ဟာ ပါတီရဲ့ စီးပွားရေး အတွက် အရေးပါစပြုလာပါတယ်။၁၉၇၈-၇၉ ခုနှစ် တရုပ်တို့က ဗကပ ကို မိမိခြေထောက်ပေါ်မိမိရပ်တည်ရမယ် လို့ ဆုံးဖြတ်လိုက်ချိန်မှာ နယ်စပ် မှောင်ခို ကုန်သွယ်မှု ဟာ ဗကပ ရဲ့ အဓိက ဝင်ငွေ ရရှိရာ လုပ်ငန်းဖြစ်လာပါတယ်။ ရှေးရိုးစွဲ ဗမာကွန်မြူ နစ်များဟာလည်း နေ့ချင်းညချင်း သက်တောင့်သက်သာနဲ့ အရင်းရှင်များဖြစ်လာပါတော့တယ်။ မြန်မာ့ ထွက်ကုန် သစ်၊ သတ္တု ကျောက်မျက်ရတနာ၊ကျောက်စိမ်း များနဲ့တရုပ်ထုတ်ကုန် အဝတ် အထည်၊ ပလပ်စတစ်ပစ္စည်း၊စီးကရက်၊ ဘီယာ၊စက်ဘီး၊ ဓာတ်ဆီ၊ အိမ်သုံးပစ္စည်းများကိုရောင်းဝယ် ဖလည်ကြပါတယ်။ နယ်စပ် ဖြတ်ကျော် တရားမဝင် ကုန်သွယ်ရေး ကအမြတ်အစွန်းအလွန်
များတာမို့ ဗကပ ဟာ ဒီလုပ်ငန်းအပေါ် အခွန်ကောက်ပြီး အသက်ဆက်နိုင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်များ ဟာ တရုပ် မြန်မာ ကြားက လုံးဝ အသစ်အဆန်းဖြစ်တဲ့ဆက်ဆံရေး ကို ဗဟို အစိုးရအဆင့်မှာရော
နယ်စပ်ဒေသ အဆင့်မှာပါ အုတ်မြစ်ချပေးခဲ့ပါတယ်။

( ဆက်လက်ဖေါ်ပြပါမည်)