ခင်လွန်း - ကိုယ်ရေးအကျဉ်း


google
 ကိုယ်ရေးအကျဉ်း
ခင်လွန်း
(မိုးမခ) ဇွန် ၂၇၊ ၂၀၁၇

  အမည်ရင်း
ဘဖေငြိမ်း

အခြားအမည်
ကိုသူပုန်ကြီး

ပညာရေး
အခြေခံလူတန်းစားဘဝသင်ယူထား

ထင်ရှားတဲ့အမှတ်အသား
ပုဂ္ဂိုလ်ရေးထင်ရှားမှု လုံးဝအလျဉ်းမရှိသူ

စိတ်ဝင်စားသည့်ဘာသာ
အဖိနှိပ်အနိုင်ကျင့်ခံတွေနဲ့တသားထဲဖြစ်ရေး

ကျွမ်းကျင်မှု
အာဏာရှင်ကိုအနုပညာတရပ်ရပ်နဲ့ဆန့်ကျင်နေဖို့

အလုပ်အကိုင်
အရေးတော်ပုံ ကဗျာဆရာ

သွေးအမျိုးအစား
ဗဟိန်းသွေး

နေရပ်
အောက်ဆုံးအလွှာ(မြန်မာပြည်)

-
ခင်လွန်း
၃၀.၁၁.၂၀၁၆
နံနက်- ၆:၄၀
(ဟိန်း ရာပြည့် ကဗျာ ၁၀၀ ပဒုမ္မာ စာအုပ်မှ...)