အောင်လွန်းမြိုင် - " ရှာ ဖွေ ခြင်း "


အောင်လွန်းမြိုင်  - " ရှာ ဖွေ ခြင်း "
(မိုးမခ) ဇွန် ၉၊ ၂၀၁၇


ဦးနှောက်အကန့်ထဲမှာ
စီရေးထားတဲ့ကဗျာ
စာရွက်ပေါ်မတင်ဖြစ်ခဲ့
မိုးလင်းပြီလား
မိုးလင်းပြီလား….
အကြိမ်ကြိမ် မျှော်လင့်ရတဲ့မနက်ဖန်
အလမ္ပာယ်ဆရာလက်ထဲက မြွေတကောင်လို
အစီအစဉ်တကျ ကပြရအခါခါ ။

ကျေးငှက်တို့ အိပ်တန်းတက်
တိမ်ညိုတွေအိမ်ခေါင်မိုးမှာ
ကြယ်လတို့မရှိတဲ့ ည
ငွေစ ကြေးစဆီက
ပြန်ခဲ့တယ် ။

လမ်းကောက်ကွေ့ ခွက်ချိုင့်ပြွမ်းရာရပ်ကွက်
အလင်းရောင် မခိုးမခန့်ဖြာကျနေတဲ့
ပြတင်းပေါက်လေး
ငါ့ကိုကြိုနေတာလား
ပြန်ခဲ့တယ် ။

အနုပညာ ….
အောင်မြင်ကျော်ကြားမှု
ထားတော့
ကိုယ့်ကိုယ်ကို မသေရုံတမယ်မွေးမြူနေရ
ဘဝတွေ ထမ်းပိုးသမျှ
လမ်းမတွေသယ်ဆောင်လာရာ ငါ့ခရီးမှာ
နေထွက်တာ နောက်ကျပြီး
နေဝင်တာစောလှချည့် ။ ။

ကဗျာဆရာ အောင်ဘညို -သို့
{ ၂ }နှစ်ပြည့်အလွမ်း
အောင်လွန်းမြိုင်