လူဖန်ခါး ● ပိုးဟပ်

လူဖန်ခါး ● ပိုးဟပ်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၇

အစာရှာ ဝင်ပေါက် ထွက်ပေါက် ရှေ့
အမွှေးနှစ်စထောင် ကြမ်းပြင်ပေါ် လွှားလွှား လွှားလွှား။

ဒီကိစ္စ ဘုရားလည်း မြင်မှာမဟုတ်ဘူး
ဒီအတွက်
လမ်းတွေလည်း မပြင်တော့ဘူး
ခြေထောက်တွေလည်း မလျှောက်တော့ဘူး ...

ခေါင်းပြတ်နေရင်တောင်
နှစ်ရက် အသက်ရှင်သန်နိုင်တယ်ဆိုရင် ...

တရက်ကို အသက်ရှိသမျှ ဝါးမြို
တရက်ကို ရမ္မက်ရှိသမျှ ဇိမ်ခံ ...

ဘယ်နှယ့် . ..
ရယ်ရယ်မောမော ဖိသတ်ခံ စောင့်နေတာတုန်း
မင်းကိုယ်တိုင် ခေါင်းပျက်ကြီးနဲ့ ။      ။

လူဖန်ခါး
ဇန်နဝါရီ ၁၈၊ ၂၀၁၇
0