လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (22)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (22)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) မေ ၂၃၊ ၂၀၁၇

 

Drawing Tools - ပုံဆွဲခြင်း
Google Docs မှာ စာသားတင်မက ပုံတွေ၊ အရုပ်တွေ၊ ဒီဇိုင်းတွေလည်း ထည့်ဆွဲလို့ ရပါတယ်။ အဲသည်အတွက် Drtawing Tools ကို သုံးရပါတယ်။ သူ့ကို စာရိုက်သလို ရိုက်ရတာမဟုတ်ဘဲ မောက်စ်နဲ့ ဆွဲပြီး အလုပ်လုပ်ရပါတယ်။ ပုံဆွဲကင်းဗတ်ကို စာမျက်နှာထဲမှာ ဘောင်ခတ်ပြီး နေရာချကာ အဲသည် ဘောင်ထဲမှာ ပုံဆွဲရတယ် ဆိုကြပါဆို့။ ကင်းဗတ်အပြင်ကတော့ စာသားတွေအတွက် နေရာပေါ့။ အဲသည်အတွက် Intsert မီနူးကနေ Drawing Tools ကို ဆွဲချပြီး သုံးရပါတယ်။

Accessing the stand-alone Drawing application

သီးသန့် Drawing Tools ကို သုံးချင်ရင်တော့ (WIndows Paint လိုမျိုး) ဆိုရင် Google Drive > New > Drawing Tools ဆိုပြီး APP ကို သီးသန့် ခေါ်သုံးနိုင်ပါတယ်။ သင်တန်းဆရာက သရုပ်ပြဖို့ လိုပါတယ်။

Inserting a new drawing

အပေါ်မှာ ဖော်ပြထားတဲ့အတိုင်း Google Docs ထဲကနေ Insert > Drawing Tools လုပ်လိုက်ရင် အခုလို ၀င်းဒိုးအသစ်တခုကနေ Drawing Tools windows ပေါ်လာမယ်။ စိတ်ကြိုက် ပုံဆွဲပါ။ ပြီးရင် Save & Close လုပ်လိုက်ရင် Google Docs ထဲ ပြန်ဝင်သွားပြီးတော့ မောက်စ်ထားခဲ့တဲ့ နေရာမှာ မိမိဆွဲခဲ့တဲ့ ပုံ ပေါ်လာမယ်။ နေရာ ချထားပြီးသား ဖြစ်မယ်။ ပုံကို နှိပ်လိုက်ရင် Drawing Tools Windows ပြန်ပွင့်လာပြီး ဆွဲပြီးသားပုံကို ပြန်ပြင်ဆင်တာ လုပ်လို့ ရပါမယ်။

ပုံမှာ မြင်နေရတဲ့အတိုင်းပဲ Menu နဲ့ Tool Bar တွေက Docs နဲ့ အလားသဏ္ဍန် တူပါတယ်။ သို့သော် မျက်နှာပြင်က စာရိုက်တဲ့ မျက်နှာပြင်မဟုတ်ဘဲ ပုံဆွဲစရာ ကင်းဗတ်စ်အလွတ်ဖြစ်တဲ့အတွက် လိုင်းတွေနဲ့ ကန့်ထားတာ မရှိဘူးပေါ့။

ကဲ ကောင်းပါပြီ။ သင်တန်းဆရာက အထက်ပါ ပုံအတိုင်း သင်တန်းသားတွေ ဆွဲနိုင်ဖို့ - toolbar ကနေ line, text box သုံးပြီး ဆွဲပြပါ။ ဆွဲခိုင်းပါ။

Adding shapes (ဒီဇိုင်းတွေ ထည့်ချင်ရင်)


Insert > Drawing လုပ်ပါ။
Drawing Window Canvas မှာ Toolbar က

ဒါတွေကို နှိပ်ပြီး ဆွဲလို့ရတာကို သင်တန်းသားတွေ စမ်းသပ်ပါစေ။

Selecting a shape

ဥပမာအားဖြင့် အောက်ပါ ပုံသဏ္ဍာန် တခုကို ဆွဲထည့်ပါ။ Toolbar က Shapes Pulldown က Arrows တွေထဲက ပုံဒီဇိုင်း တခုပေါ့။
Creating the shape to the desired size

ပြီးတော့ အဲသည် ပုံကို ဆလက်လုပ်။ ကော်ပီအင် ပေ့စ်လုပ်ပြီး ပုံတွေ ပွားကြည့်ပါဦး။
The new shape

ပြီးရင် ပုံကို Save & Close လုပ်လိုက်ပါ။

Clicking Save & Close

သင့်ပုံတွေကို google docs ထဲက မောက်စ် ထားခဲ့တဲ့ နေရာမှာ အဆင်သင့် ပေါ်လာပါလိမ့်မယ်။

An inserted drawing

ဒေါ့က်ထဲမှာပဲ ပုံကို resize တို့ wrap text တို့ ဘာတို့ လုပ်နိုင်ပါတယ်။ Image တုန်းကလိုမျိုးပေါ့။
Resizing the shape in the document

ဖျက်ချင်ရင် Backspace or Delete key နှိပ်လိုက်ပါ။
ပြင်ဆင်ချင်ရင် ပုံကို နှိပ်ပြီးတော့ Edit ကို နှိပ်ပါ။

Clicking Edit

text boxes (စာသားအကွက်တုံးများ ထည့်ခြင်း)

အပေါ်က ဥပမာလို လိုင်းတွေ အကွက်တွေနဲ့ စာသားတွေပါ ထည့်ချင်ရင် Insert Text Box ကို သုံးရပါတယ်။

To insert a text box:


အောက်က ပုံအတိုင်း နှိပ်ပါ။

Clicking the Text box command

Text Box နေရာနဲ့ ဆိုက်ကို မောက်စ်နဲ့ ဆွဲပြီး သတ်မှတ်ပါ။
Creating a new text box

ပြီးရင်တော့ ပေါ်လာတဲ့ Text Box အလွတ်မှာ မိမိနှစ်သက်ရာ စာသားတွေ ရိုက်ထည့်နိုင်ပါပြီ။
Entering text in the text editing box

Save & Close လုပ်လိုက်ရင် Textbox က Google docs ထဲမှာ အဆင်သင့် ပေါ်လာပါတယ်။
The text box appears

Text box , Line and Shapes များကို ကစားခြင်း


Text box တွေကို Drawing Tools Windows ထဲမှာ Resize and Move လုပ်လို့ ရပါတယ်။

Selecting a text box to format

အရောင်ထည့်ချင်ရင်လည်း အောက်က Toolbar အိုင်ကွန်တွေနဲ့ ပြောင်းလို့ ရပါတယ်။
The formatting commands

ဒါက အရောင်ပြောင်းလိုက်တဲ့အခါ ပေါ်တဲ့ပုံပါ။

The formatted shape

ပုံများကို နေရာချခြင်း ၊ ရှေ့ နောက် ထပ်ခြင်း

To change the order of text boxes or shapes:


Drawing tools မှာ ပုံတွေကို တခုပေါ်တခု ထပ်လို့ နေရာချင်း ကပ်ထားလို့ ရပါတယ်။ တခုက တခုကို ကွယ်နေပြီ ဆိုရင် Right Click လုပ်ပြီး တပုံကို ရှေ့ပို့၊ နောက်ပို့ လိုသလို လုပ်လို့ ရပါတယ်။

Modifying the order

တိမ်က နေ၏ ရှေ့ကို ရောက်သွားပါပြီ။
The reordered shapes

 

လေ့ကျင့်ခန်း

အထက်ပါ ပုံလေးကို သင်တန်းသားတွေကို ဆွဲခိုင်းပါ။

Googe Docs နိဂုံး

DOCS သင်ခန်းစာတွေက သည်မျှ လောက်ပါပဲ။ ဒီလောက်ဆိုရင် MS Word Basic နဲ့ ညီမျှတဲ့ Google Docs Basic တွေ သင်တန်းသားတွေ တတ်မြောက်ပါပြီ။ လေ့ကျင့်ခန်းများများ လုပ်ဖို့ကတော့ သတင်းတွေ ဂျာနယ်တွေက စာတွေကို ပြန်စီခိုင်း ဒီဇိုင်းလုပ်ခိုင်းတာတွေ ကို ဆရာက သရုပ်ပြရင်း လေ့ကျင့်ခိုင်းဖို့ လိုပါတယ်။

နောက်တပတ်မှာတော့ Google Sheet Basics ကို သင်ကြားပါမယ်။ Sheet ဆိုတာကတော့ MS Excel နဲ့ ညီမျှတဲ့ စာရင်း၊ ဇယား နဲ့  တွက်ချက်ခြင်း တွေပါတဲ့ စာရင်းစာအုပ် ပြုလုပ်သုံးစွဲနည်း လို့ ဆိုရပါမယ်။

(ဆက်လက်ဖော်ပြပါမည်)