လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (22)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (22)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) မေ ၂၃၊ ၂၀၁၇

Google Sheet - ဂူးဂဲစာရင်းအင်း

မိတ်ဆက်


ဂူးဂဲက အိမ်ကျောင်းရုံးသုံး ကွန်ပြူတာစနစ်တခု ၀န်ဆောင်မှု အခမဲ့ပေးပါတယ်။ အီးမေး၊ ပြက္ခဒိန်၊ စာစီစာရိုက် အပြင် စာရင်းအင်းတွေကိုလည်း တွက်ချက် သိမ်းဆည်း မှတ်သားနိုင်ဖို့ Google Sheet ကို ပေးထားပါတယ်။ ရုံးက စာရင်းသမားတွေကတော့ Spreadsheet လို့ ခေါ်ကြတယ်။ လယ်ဂျာစာရင်းစာအုပ်တွေနဲ့ မှတ်သား တွက်ချက်ကြတာမျိုး မြင်ဖူးကြမယ် ထင်ပါတယ်။ စာစီ စာရိုက်တာတင်မဟုတ်ဘဲ စာရင်းစာအုပ် စာရင်းသွင်းတာတွေကို ကွန်ပြူတာနဲ့ အလုပ်လုပ်ကြဖို့ ဖြစ်ပါတယ်။  သိထားရမှာတခုက ရုံးအိမ်ကျောင်း အလုပ်တွေမှာ အီးမေးတွေ စာစီစာရိုက်တာတွေအပြင် စာရင်းအင်းတွေကိုလည်း ကိုယ်တိုင် တကိုယ်ရေသုံးကနေ မိသားစု၊ အလုပ်တွေအထိပါ အခြေခံအားဖြင့် နားလည် သုံးစွဲနိုင်ဖို့ လိုအပ်ပါတယ်။ Google Sheet သုံးစွဲနည်းက သည်ကွက်လပ်ကို ဖြည့်ပေးတယ် ဆိုကြပါစို့။

ကဲ - ဂူးဂဲရှိ ဆိုတာ ဘယ်လိုမျိုးတွေလည်း နမူနာ အောက်ပါအတိုင်း ကြည့်ကြပါ။


သင့်ကျောင်းက ကလေးတွေနဲ့ လေ့လာရေးခရီးသွားဖို့ လူစာရင်း ပြင်ဆင်တာ၊ လုပ်စရာ စာရင်းတွေ ပြုစုတာကို spreadsheet နဲ့ ဆောင်ရွက်နိုင်ပါတယ်။
အပေါ်က စာရင်းမှာဆိုရင် - ပြတိုက်သွားခရီးစဉ် အလုပ်ဇယားများ ခေါင်းစဉ်နဲ့အတူ - ကျောင်းသားအမည်များ၊ သွားမည့်သူ ၊ မသွားမည့်သူ၊ မိဘခွင့်ပြုချက် ရပြီး၊ မပြီး၊ အတူလိုက်ပါမည့် ကြည့်ကြပ်သူ (Chaperon) ကလေးနဲ့အတူ ပါ၊မပါ ကိုပါ ဇယားဆွဲထားတာကို တွေ့ရပါမယ်။
အထက်ပါ ဇယားကတော့ သင့်ကျောင်းစာသင်ခန်း ဘတ်ဂျက်စာရင်းဖြစ်ပါတယ်။
လိုအပ်တဲ့ ပစ္စည်းမျာ၊ ကျသင့်ငွေ၊ ပစ္စည်း၏အမျိုးအစား၊ ကျောင်းက ပြန်စိုက်ပေး၊ မပေး။ ရှင်းလင်းချက်တွေကို ဇယားဆွဲပြီး ပြုစု ထားပါတယ်။
ပြီးတော့ ရာသီအလိုက် ရသုံးငွေ စုစုပေါင်း၊ အခြား ဈေးစာရင်းတွေလည်း ဆက်ထည့်သွင်းထားတာတွေ့ရပါတယ်။


အပေါ်ကစာရင်းကတော့ လိပ်စာတွေ ပြုစုထားတာပါ။ ပန်းချီခန်း ဆက်သွယ်ရမည့် သင်တန်းသားတွေ စာရင်းပါ။ အမည်၊ ဖုံးနံပါတ်၊ အီးမေး၊ မွေးနေ့၊ အသက်၊ တက်မည့်နေ့၊ ကလေးကို ဘယ်လို အကြိုအပို့ လုပ်မလဲ စတာတွေကို စာရင်း ပြုစုထားပါတယ်။

အပေါ်က စာရင်းကတော့ လေ့ကျင့်ခန်းမှတ်တမ်းပါ။ မိမိ ဘယ်လို လေ့ကျင့်ခန်းတွေ ဆောင်ရွက်တာကို မှတ်သားထားတာပါ။

အပေါ်ကစာရင်းကတော့ မိမိရဲ့ အိုင်တီအလုပ်က ခိုင်းထားတဲ့အလုပ်တွေ စာရင်းချထားတာပါ။ အမှတ်စဉ်၊ ရှင်းလင်းချက်၊ နေ့စွဲ၊ ပြီးသည့်နေ့၊ မှတ်ချက်တွေ ရေးသားထားပါတယ်။

ဒါကတော့ ငွေတောင်းပြေစာကို စာရင်းထုတ်ပြီး တင်ပြတာပါ။ အလုပ်အမည်၊ အလုပ်အမျိုးအစား၊ အရေအတွက်၊ တခုချင်းစီ၏ ဈေး၊ ပေါင်းလဒ်နဲ့ စုစုပေါင်းကုန်ကျငွေတွေကို ပြုစုထားပါတယ်။

ကဲ ဒီလောက်ဆိုရင် Google Sheet ဟာ မိမိတို့ရဲ့ အိမ်ကျောင်းအလုပ်တို့မှာ ဘယ်လို အသုံးဝင်တယ်ဆိုတာ ခန့်မှန်းနိုင်ပြီ ဖြစ်ပါတယ်။ ဆက်ပြီး အသေးစိတ်ကို လေ့လာကြပါစို့။


Google Sheet အသစ်တခု ဖွင့်

Google Drive ကနေ ဆွဲချပါ။ New လုပ်ပါ။ ပြီးတော့ Google Sheet ကို ရွေးပါ။
Creating a new spreadsheet

Google Sheet အသစ်တခုက သင့် Browser Page အသစ်တခုအဖြစ် ပေါ်လာပါတယ်။

The new spreadsheet

ပြီးတာနဲ့ အပေါ်ဆုံးတန်းက Untitled Spreadsheet ဆိုတဲ့ ခေါင်းစဉ်မှာ သင်က ဖိုင်နံမယ် အသစ်တခု ရိုက်ထည့်လိုက်ပါ။

Renaming a new spreadsheet

အောက်ပါအတိုင်း အမည်ပြောင်းကြည့်ပါ။

The renamed spreadsheet

Google Application တွေကို Save လုပ်စရာ သီးသန့်မလိုပါ။ သူ့ဖာသာသူ အော်တို သိမ်းဆည်းပါတယ်။ အခုတင်က နာမည်ပြောင်းလိုက်တဲ့ ဖိုင်ကို My Drive ကို ကလစ်ပြီး သွားကြည့်ရင် ဖိုင်နာမည် ပေးပြီး ဆေ့ဗ်လုပ်ထားပြီးသား ဖြစ်နေတာ တွေ့ရပါမယ်။
The newly created file in your Google Drive


The auto-save feature

The Google Sheets interface

သူ့ရဲ့ မျက်နှာစာ အထားအသိုတွေက ဘာတွေလဲဆိုတာ ကြည့်ရအောင်။


အပေါ်ဆုံးထောင့်က Google Drive Home ကို ပြန်သွားတဲ့ နေရာပါ။


ဒီနေရာကတော့ စာရင်းဖိုင်ရဲ့ အမည်ရှိနေတာ။


ဒါကတော့ sheet က အမြဲ auto save လုပ်တယ်ဆိုတာ ပြနေတဲ့ နေရာပါ။


ဂူးဂဲ အက်ပလီကေးရှင်းတိုင်း docs and sheet တွေကို အခြားသူတွေနဲ့ ရှယ်ပြီး သုံးလို့ရတယ်ဆိုတာကို သည်နေရာကနေ set လုပ်လို့ရပါတယ်။


Sheet မှာ စာရင်းအင်း တွက်တာ ချက်တာတွေ ပါတဲ့အတိုက် စာချည်းသက်သက် ရိုက်တာတင်မဟုတ်ဘဲ ပေါင်းနှုတ် မြှောက်စားတွေ၊ ဖော်မြူလာတွေ ညီမျှခြင်းတွေ သုံးလို့ ရတာမို့ အဲသည်နေရာကနေ ဖော်မြူလာတွေ တွက်နည်းတွေ ထည့်သွင်းလို့ရပါတယ်။ အဲသည်နေရာကနေ သုံးပါတယ်။

ကန့်လန့်အတန်းကို ROW လို့ ခေါ်ပါတယ်။ ကန့်လန့်မာဂျင်ကနေ သတ်မှတ်ပြီး ခေါ်တာပါ။ Row 9 ပေါ့။



ဒေါင်လိုက်အတန်းကို Column လို့ ခေါ်ပါတယ်။ ဒေါင်လိုက်မာဂျင်ကနေ သတ်မှတ်ပြီး ခေါ်တာပေါ့။ Column C ပေါ့။

ဒါဆိုရင် စာရင်းတွေကို ဘယ်မှာ စာရိုက်သွင်းရတာလဲ။ စာရိုက်သွင်းတဲ့ နေရာကိုတော့ CELL လို့ ခေါ်ပါတယ်။
စာရင်းကွက်၊ ဇယားကွက်ပေါ့။ ROW & Column ပေါင်းဆုံရာ နေရာက အကွက်ကို Cell အကွက်လို့ ခေါ်ပါတယ်။

Cell A1 ဆိုရင် Column A and Row 1 ဆုံရာ ထိပ်ဆုံးက အကွက်လေးပေါ့။ အခု ပုံက အနှုတ်ကလေးပြနေတဲ့ နေရာဆိုရင် Cell B5 လို့ ပြောရပါမယ်။


Google Docs နဲ့ Google Sheet ဘာကွာသလဲ။ Docs မှာ စာဖိုင်တခုတည်း ဖွင့်လို့ရတယ်။ နောက်စာဖိုင်ဆိုရင် နောက် Docs ဖိုင်နာမည် အသစ် ဖွင့်ရပါတယ်။ Google Sheet မှာကတော့ Sheet ကြီးတခုတည်းမှာ Sheet အသေးတွေ ခွဲဖွင့်ထားလို့ရပါတယ်။ အပေါ်က ပုံကို ကြည့်ပါ။ မူလက Sheet 1 ပြီးတော့ another tabs တွေနဲ့ Sheet 2, Sheet 3 တွေ ထပ်ခွဲဖွင့်လို့ ရပါတယ်။

ပြောချင်တာက ဒီနှစ် ရသုံးဘတ်ဂျက်က ၂၀၁၇ ဆိုရင် ဒါက Sheet ရဲ့ မိန်းဖိုင်နာမည်ပေါ့။ ပြီးတော့ အောက်မှာ sheet 1, 2,3,4 ---- 12 အထိ ၁၂လ စာ sheet အခွဲတွေ ဖွင့်ထားလို့ ရတယ်လို့ ဆိုချင်တာပါ။

Interactive for Google Sheets interface

(ဆက်လက်ဖော်ပြပါမည်)