ပြည်သစ်ဟန် ● ကျ​ပျောက်​သွား​သောဒဏ်​ရာ

ပြည်သစ်ဟန် ● ကျ​ပျောက်​သွား​သောဒဏ်​ရာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၇

မနက်​က ဟို​တွေး ဒီ​တွေး၊ ဟိုလုပ်​ ဒီလုပ်​လုပ်​​နေရင်း ကျွန်​​တော့်​ "ဒဏ်​ရာ" ကျ​​ပျောက်​သွားတယ်​။ အဲဒါနဲ့ ​တွေ့လို​ တွေ့ငြား လိုက်​ရှာကြည့်​တယ်​။ စာအုပ်​စင်​ပေါ်​တွေ၊ စာ​ရေးခုံ​ပေါ်​တွေ၊ အိပ်​ယာထဲေ​တွရှာကြည့်​တယ်​။ လုံးဝမ​တွေ့ပါ။ ဒါနဲ့ အ​ဖေ့ကို ​ကျွန်​​တော့်​ ကျွန့်​​တော့်​ဒဏ်​ရာ ကျ​ပျောက်​သွားလို့ ​တွေ့မိလားလို့ ​မေးလိုက်​တယ်​။ အ​ဖေကလည်း ...

"မင်းကိုယ်​မှာ ဒဏ်​ရာလည်းငါမ​တွေ့။ ခလုပ်​တိုက်​မိ၊ ပွန်းပဲ့မိတာလည်း ငါမ​တွေ့။ ဘယ်​ကဒဏ်​ရာက ကျ​ပျောက်​တာလဲ"

"ဟုတ်​ပါတယ်​။ ကျွန်​​တော်​ ဒဏ်​ရာကျ​ပျောက်​သွားတာ။ အ​ဖေမ​တွေ့လည်း​ နေ​ပေါ့။ ကျွန်​​တော်​က​တော့ ဆက်​ရှာရမှာပဲ"

ကျွန်​​တော်​ကျ​ပျောက်​သွားတဲ့ ဒဏ်​ရာက မဖြစ်​မ​နေ ပြန်​​တွေ့မှဖြစ်​မှာ။ ဒီဒဏ်​ရာ​ကြောင့်​သာ ကျွန်​​တော်​ လူသားဆန်​ဆန်​ အသက်​ရှင်​​နေရတာ။ ဒါဆို ဒီဒဏ်​ရာက ခိုးသွား​တာရော မဖြစ်​နိုင်​ဘူးလား။ ဘယ်​သူများ ခိုးသွားသလဲ။ ဒဏ်​ရာအ​ကြောင်းနဲ့ ဆက်​စပ်​ပြီး သိနိုင်​တဲ့သူ​တွေ ​မေးကြည့်​မှပါ။ ဒဏ်​ရာ​ပျောက်​ဆုံး​နေတာကြာရင်​ ကျွန်​​တော့်အတွက်​ မ​ကောင်းဘူး​လေ။ ဒါ​ကြောင့်​ မြန်​မြန်​လိုက်​ရှာမှဖြစ်​မယ်​။ ပြီး​တော့ ဒဏ်​ရာနဲ့ ဆက်​စပ်​​ခဲ့ဖူးတဲ့သူ​တွေလည်း ပြန်​စဉ်းစားကြည့်​မှ အဆင်​​ပြေလိမ့် မယ်​ထင်​တယ်​။

ကျွန်​​တော်​ချစ်​ခဲ့ဖူးတဲ့ မိန်းက​လေးတယောက်​။ ဟုတ်​တယ်​။ သူမကို ပြန်​​မေးကြည့်​ရင်​ တစွန်းတစ​တော့ သိနိုင်​​လောက်​တယ်။ ဒါနဲ့ ကျွန်​​တော်​ သူမကို ဖုန်းဆက်​ပြီး​ ​မေးကြည့်​လိုက်​တယ်​။

"အကို ဒဏ်​ရာကျ​ပျောက်​သွားလို့ ​တနေရာရာမှာ ​တွေ့များ​ တွေ့မိ​သေးလား ညီမ"

"မ​တွေ့မိဘူးရှင့်​။ အကိုနဲ့ လမ်းခွဲပြီး​နောက်​ပိုင်း ကျွန်​မဒဏ်​ရာနည်းနည်​ရှိတာ​တော့ သတိထားမိတယ်​။ ဒါ​ပေမဲ့ အကိုကျ​ပျောက်​တဲ့ ဒဏ်​ရာ​တော့ မ​တွေ့လည်း မ​တွေ့မိဘူး။ အကိုမှာ ဒဏ်​ရာရှိခဲ့မှန်းလည်း သတိမထားမိခဲ့ဘူး​လေ"

သူမနဲ့ဆက်​စပ်​ပြီး ပြန်​စဉ်းစားကြည့်​​တော့ သူမကလည်း ကျွန်​​တော့မှာ ဒဏ်​ရာရှိတာ မသိနိုင်​ဘူးဖြစ်​​နေတယ်​။ သူမ ဒဏ်​ရာ အ​ကြောင်းကို ​ကောင်း​ကောင်းမသိခဲ့ဘူးပဲ။ သူ​မ​ကောင်း​ကောင်းသိခဲ့ရင်​ ဒဏ်​ရာ​ပျောက်​တဲ့အ​ကြောင်း သဲလွန်​စ​တော့ ရနိုင်​မယ်​မဟုတ်​လား။ အခု​တော့ သူမက ကွန်​​တော့်​ဒဏ်​ရာအ​ကြောင်း ​ကောင်း​ကောင်းမသိခဲ့။ ဒဏ်​ရာကျ​ပျောက်​သွားတာ လည်း မသိဘူးတဲ့။ ကျွန်​​တော်​လည်း ဒဏ်​ရာ​ကျ​ပျောက်​သွားတာ တခြားလူ​တွေ​မေးရင်း ဆက်​လက်​ရှာ​​ဖွေဖို့ပဲ စဉ်းစားရ​တော့တယ်​။

ကျွန်​​တော်​စဉ်းစားရင်း အကြံတခုရလာတယ်​။ ရုရှားစာ​ရေးဆရာ "အီလျာ အာရင်​ဘတ်​" ကို​မေးကြည့်​မယ်​လို့ ဆုံးဖြတ်​လိုက်​တယ်​။ သူ့စာ​တွေနဲ့ သူ့ဘဝပုံရိပ်​​တွေ ကျွန်​​တော်​မြည်းစမ်းပြီးသားပဲ။ သူသိချင်​ သိနိုင်​​လောက်​တယ်​။ ဟုတ်​ပြီ။ သူ့ကို ​မေးကြည့်​လိုက်​ဦးမယ်​။

အီလျာအာရင်​ဘတ်​က ကျွန်​​တော့ကို ​တွေ့​တွေ့ချင်းပဲ ​ဖော်​​ရွေစွာ နှုတ်​ဆက်​တယ်​။

"​နေ​ကောင်းရဲ့လားကွ။ မင်း ငါ့စာအုပ်​​တွေထဲက အ​တော်​ကိုးကားသုံးတာပဲကွ။ ဘာပဲဖြစ်​ဖြစ်​ မင်းကို​ကျေးဇူးတင်​ပါတယ်​။ ငါ့ဒဏ်​ရာ​တွေကို အကြိမ်​ကြိမ်​​ဖော်​ထုတ်​​ပေးလို့​လေ"ဟူ၍ ဆိုတယ်​။

ကျွန်​​တော်​လည်း သူ​ပြောတဲ့စကားထဲမှာ "ဒဏ်​ရာ" ဆိုတဲ့စကား​တွေ့​တော့ အားတက်​သွားတယ်​။ ကျွန်​​တော့် ကျ​​ပျောက်​သွားတဲ့ ဒဏ်​ရာအ​ကြောင်း ​မေးဖို့အခွင့်​အလမ်း​ကောင်း​ပေါ့။ ဒါနဲ့ ကျွန်​​တော်​လည်း ​မေးလိုက်​တယ်​။

"ကျွန်​​တော့ တခု​လောက်​မေးချင်​လို့ပါ။ ကျွန်​​တော်​ မနက်​က ဒဏ်​ရာကျ​ပျောက်​သွားလို့ပါ။ အဲဒါ ခင်​ဗျားများ သိမလားလို့ ​မေးကြည့်​တာပါ အီလျာအာရင်​ဘတ်​။ သဲလွန်​စ တစ်​ခုခုဖြစ်​ဖြစ်​​ပေါ့။

အီလျာအာရင်​ဘတ်​က "ဟုတ်​လားကွ။ ဘယ်​လိုကျ​ပျောက်​သွားတာလဲ"

"ကျွန်​​တော်​ပုံမှန်​ သွားလာ ​နေထိုင်​ရင်းပဲ ကျ​ပျောက်​သွားတာပါ"

"အဲလိုဆို​တော့ ဒဏ်​ရာရှိစဉ်​တုန်းကနဲ့ အခုကျ​ပျောက်​သွားချိန်​ ဘယ်​လိုကွာသွားလို့လဲ"

"ကွာတာ​ပေါ့ဗျာ။ဒ ဏ်​ရာရှိစဉ်​က ဘာပဲဖြစ်​ဖြစ်​ တစ်​ခါတရံ နာကျင်​​ပေမဲ့ အဓိပ္ပါယ်​ရှိသလို ခံစားရတယ်​။ အခု​တော့ တစ်​ခုခု ဟာ​နေသလိုပဲ"

"ဒီကိစ္စက ပြန်​ရဖို့မလွယ်​ဘူးကွ။ ငါလည်း ငါ့တသက်​တာမှာ ​​သေမိန့်​ကျဖို့ သုံး​လေးကြိမ်​ ကြုံခဲ့ဖူးတယ်​။ ဒါ​ပေမဲ့ ငါမ​သေခဲ့ ဘူး။ ကဗျာ​တွေ​ရေးတယ်​။ စာ​တွေ​ရေးတယ်​။ နိုင်​ငံ​ရေး အရှုပ်​အ​ထွေး​တွေကြားထဲမှာလည်း နှစ်​​ပေါင်းများစွာ ကြမ်းလိုက်​၊​ချောလိုက်​။ ဝလိုက်​ ငတ်​လိုက်​နဲ့ ဖြတ်​သန်းခဲ့ရတာပဲ။ အဲဒီအချိန်​ကာလ​တွေမှာ ငါလည်း ဒဏ်​ရာ​တွေနဲ့ပဲ။ ဒါ​ပေမဲ့ မင်းလို​တော့ ကျမ​ပျောက်​ခဲ့ဖူးဘူး"

"ပြန်​ရနိုင်​မယ့်​ သဲလွန်​စ​လေး​ရော မရနိုင်​ဘူးလားဗျ"

"အဲဒါက​တော့ မလွယ်​ဘူးကွ။ မဖြစ်​မ​နေပြန်​လိုချင်​ရင်​​တော့ ရှာပုံရှာနည်း ​ပြောင်း​စေချင်​တယ်​။ ဒါနဲ့ မင်းဒဏ်​ရာ ကျ​ပျောက်​မသွားခင်​ ဘာ​တွေလုပ်​မိ​သေးလဲ"

"ကျွန်​​တော်​ ဒဏ်​ရာကျမ​ပျောက်​ခင်​ မိန်းက​လေးတစ်​​ယောက်​ကို ချစ်​မိ​ကြောင်းဖွင့်​​ပြောဖို့ ကြိုးစားကြည့်​တယ်​။ ခဏကြာ​တော့ ​ပြောလိုက်​မိတယ်​​ပေါ့"

"​အေး ဒါဆို အဲဒါ​ကြောင့်​လည်း မင်းဒဏ်​ရာကျ​ပျောက်​တာ ဖြစ်​နိုင်​တယ်​။ ငါလည်း ဒါပဲ ​ပြောနိုင်​တယ်​။ ဆက်​ရှာကြည့်​​ပေါ့ ကွာ။ ရှာပုံရှာနည်း ​ပြောင်းလဲပြီး​တော့​ပေါ့"

အီလျာအာရင်​ဘတ်​နဲ့နှုတ်​ဆက်​ပြီး ကျွန်​​တော်​ ကျ​ပျောက်​သွားတဲ့ ဒဏ်​ရာကို ဆက်​လက်​ရှာ​ဖွေဖို့ ပြန်​လှည့်​ထွက်​လာခဲ့တယ်​။ ကျွန်​​တော့်ကို သူ​ပြောတဲ့စကားထဲမှာ မိန်းက​လေးတယောက်​ကို ချစ်​မိ​ကြောင်း​ပြောမိလို့ ဒဏ်​ရာပဲ ကျ​ပျောက်​သွားသလိုလို​ပြောလိုက်​တယ်​။ ကျွန်​​တော်​ သိပ်​​တော့ ​ကျေနပ်​အားရမှု မရှိခဲ့ပါ။

ကျွန်​​တော်​ ​နောက်​ထပ်​ လူတယောက်​ကို​မေးဖို့ စဉ်းစားကြည့်​လိုက်​တယ်​။ ချီလီက ဗျာဆရာ "ပါဗလိုနရူဒါ" ကို သတိရမိတယ်​။ သူ့ကို​မေးကြည့်​ဖို့ ကျွန်​​တော်​ဆုံးဖြတ်​လိုက်​တယ်​။ ဘယ်​လိုပဲဖြစ်​ဖြစ်​ သူက​တော့ ဒဏ်​ရာ​ကျ​ပျောက်​တဲ့အ​ကြောင်း တစွန်း တစ​တော့ သိနိုင်​မှာပဲ​လေ။ သူကိုယ်​တိုင်​လည်း ဒဏ်​ရာ​တွေ ကျ​ပျောက်​လိုက်​၊ ပြန်​ရလိုက်​နဲ့ ဖြစ်​ခဲ့မှာပဲ မဟုတ်​လား။

ပါဗလိုနရူဒါက ​တွေ့​တွေ့ချင်းမှာပဲ ​လေးနက်​တဲ့ သူ့သွင်​ပြင်​က စူးစိုက်​မှုအား​ကောင်း​ကြောင်းကို ပြသလိုက်​သလိုပဲ။ ကျွန်​​တော်​တို့နှစ်​​ယောက်​ အပြန်​အလှန်​နှုတ်​ဆက်​ပြီး စကားစဖြစ်​သွားခဲ့တယ်​။

ပါဗလိုနရူဒါက "မင်း တစုံတခု ​မေးချင်​​နေသ လား" ဟုဆိုပါတယ်​။

ကျွန်​​တော်​က "ဟုတ်​ပါတယ်​။ ကျွန်​​တော်​ ဒဏ်​ရာကျ​ပျောက်​သွားလို့ ​မေးချင်​လို့ပါ။ ခင်​ဗျားက ၂၀ ရာစုရဲ့ အ​ကောင်းဆုံး ကဗျာဆရာ​တွေထဲမှာ ပါတယ်​လို့ဆိုထားကြ​တော့ ကျွန်​​တော်​ အားကိုးတကြီးနဲ့ လာခဲ့တာပါ။ ဒဏ်​ရာကျ​ပျောက်​သွားတာ ပြန်​​တွေ့နိုင်​မယ့်​ နည်းလမ်​ရှိရင်​ ညွှန်​ပြ​ပေးပါခင်​ဗျာ"

"​အေး အဲဒီဒဏ်​ရာကျ​ပျောက်​တဲ့ ကိစ္စ​တွေက ငါလည်း ကြုံ​တွေ့ခဲ့ဖူးတယ်​။ ဒါ​ပေမဲ့ တခါမှ ပြန်​မရခဲ့ဘူး။ မင်းအခု ဒဏ်​ရာကျ​ပျောက်​တာကို ပြန်​လိုချင်​တာက ​ပျောက်​သွားတဲ့ ဒဏ်​ရာ​ဟောင်းကိုမလား။ (ဒါမှမဟုတ်​) ဒဏ်​ရာအသစ်​ကို ပြန်​မလိုချင်​ဘူး လား"

"ကျွန်​​တော်​က အ​ဟောင်းကိုပဲ ပြန်​လိုချင်​တာပါ။ အသစ်​ကို မလိုချင်​ပါဘူး"

"ဒါဆိုရင်​​တော့ မင်းပြန်​​တွေ့ဖို့မလွယ်​ဘူး။ ငါတို့ ကဗျာဆရာ​တွေ အ​တွေ့အကြုံအရ ဒဏ်​ရာ​တော့ ကျ​ပျောက်​တယ်​။ ဒါ​ပေမဲ့ အသစ်​​တွေ​ပေါ်လာရင်​ လက်​ခံလိုက်​တာပဲ။ အ​ဟောင်းကို ပြန်​ရှာမ​နေ​တော့ဘူး။ အဲဒီ​တော့ မင်းဒဏ်​ရာကျ​ပျောက်​တဲ့ သဲ လွန်​စရနိုင်​ဖို့ ငါမစွမ်းနိုင်​ဘူး"

ဆို​တော့ ကျွန်​​တော်​လည်း ဘာမှမတက်​နိုင်​ခဲ့ပါ။ ပါဗလိုနရူဒါကို နှုတ်​ဆက်​ကာ လှည့်​ပြန်​လာခဲ့ပြီး​နောက်​ သူ​ပြော​သော အ​ကြောင်း​တွေ စဉ်းစား​နေမိတယ်​။ သူ​ပြောသလို ကျွန်​​တော်​ ဒဏ်​ရာအသစ်​​တွေနဲ့ အစားထိုးပြီး ကျ​ပျောက်​သွားတဲ့ ဒဏ်​ရာအ​ဟောင်းကို ​မေ့ပစ်​လိုက်​ရင်​ ​ကောင်းမလား။ ကျွန်​​တော့်​စိတ်​ထဲ ဘယ်​လိုမှ ဘဝင်​မကျ​သေးပါ။ ကျ​ပျောက်​သွား​သော ဒဏ်​ရာကိုသာ ဆက်​ရှာ​ဖွေဖို့ ဆုံးဖြတ်​လိုက်​တယ်​။

ကျွန်​​တော်​တခု​တွေးမိတာက ​ဗေဒင်​ဆရာတယောက်​ကို​ မေးကြည့်​ဖို့ပဲဖြစ်​ပါတယ်​။ ဒဏ်​ရာက သူခိုးခိုးသွားတာလည်း မဖြစ်​နိုင်​ဘူးလား။ အဲဒီ​တော့ နိုင်​ငံ​ကျော်​ ​ဗေဒင်​ဆရာတယောက်​ကို ​မေးကြည့်​ဖို့ ကျွန်​​တော်​ဆုံးဖြတ်​လိုက်​ရပြန်​တယ်​။ ဒီလိုနဲ့​ဗေဒင်​ဆရာ​ရှေ့​ရောက်​​သွားခဲ့တယ်​။

ဗေဒင်​ဆရာက ​တွေ့​တွေ့ချင်း "ခင်​ဗျား ဘာ​မေးချင်​လို့လဲ။ ဘာ​နေ့ဖွားလဲ၊ ဘယ်​နှစ်​ခုနှစ်​​မွေးတာလဲ"

စသဖြင့်​ ​ဗေဒင်​ဆရာတို့ ထုံးစံအတိုင်း ​မေးပါ​တော့တယ်​။

ကျွန်​​တော်​လည်း ​ဒဏ်​ရာကျ​ပျောက်​သွားတာ ပြန်​​တွေ့ချင်​တဲ့အ​ကြောင်း​ပြောပြီး ​မွေးသက္ကရာဇ်​​တွေ ​ပြောပြလိုက်​တယ်​။

ဗေဒင်​ဆရာက "ဟာ ... ဘယ်​နှယ်​ ငါ့ဆီဒဏ်​ရာကျ​ပျောက်​တာ လာ​မေးရတယ်​လို့။ ငါတခါမှ မကြားဖူးဘူး။ ပစ္စည်း​ပျောက်​တာ​တွေ၊ စီးပွား​ရေး၊ လူမှု​ရေးကိစ္စ​တွေပဲ လာ​မေးကြတာ​လေ။ မင်းဒဏ်​ရာကျ​ပျောက်​တဲ့ကိစ္စကြီးက ဘယ်​လိုလဲကွာ။ ငါ ဘယ်​လိုလုပ်​ တွက်​ချက်​လို့ရနိုင်​မှာလဲ"

"ဘာပဲဖြစ်​ဖြစ်​ ​ဗေဒင်​ဆရာဆိုတာ တွက်​ချက်​​ဖြေကြားနိုင်​ရမှာ​ပေါ့ မဟုတ်​လား။ ကျွန်​​တော်​လည်း တစုံတရာ ​ပျောက်​ဆုံးခြင်း ထဲ ပါဝင်​တာပဲ​လေ"

"မင်း​မေးတဲ့ကိစ္စကြီးက တခြားလူ​တွေ ​မေးတာနဲ့မတူဘူး​လေ။ ဒဏ်​ရာပဲ ကျ​ပျောက်​ရတယ်​လို့ကွာ။ တခြားနည်းနဲ့ ပြန်​ရှာ ကြည့်​ပါ။ တော်​ကြာ ငါကအားနာပြီး မှန်း​ဖြေလိုက်​ရင်​ တခြားလူ​တွေသိသွားနိုင်​တယ်​"

"သိသွားရင်​​ရော ဘာဖြစ်​လို့လဲဗျာ"

"ဖြစ်​တာ​ပေါ့ကွ။ ဘယ်​သူမှ မ​မေးဖူးတဲ့ ​မေးခွန်းမျိုးကို ဖြေတဲ့အတွက်​ ငါ့​ဗေဒင်​ပညာကို တမျိုးထင်​သွားနိုင်​တယ်​​လေ။ ဟုတ်​တယ်​မလား"

"​ကောင်းပြီ​လေ၊ ဒါဆိုလည်း ခင်​ဗျားတို့​ဗေဒင်​ဆရာ​တွေကို အကန့်​အသတ်​​ဘောင်​အတွင်းကပဲ တွက်​ချက်​တတ်​တဲ့သူ​တွေ လို့ပဲ သတ်​မှတ်​လိုက်​ရုံပါပဲ" ဟု ဆိုပြီး ကျွန်​​တော်​ ​ဗေဒင်​ဆရာဆီက ပြန်​ထွက်​လာခဲ့ပါတယ်​။

အခုထိ ကျွန်​​တော်​ ဒဏ်​ရာကျ​ပျောက်​တာနဲ့ ပတ်​သက်​ပြီးစုံစမ်း​မေးမြန်းလို့လည်းမရ၊ သဲလွန်​စလည်းမရနဲ့​ပေါ့။ ကျွ​န်​​တော်​ စိတ်​ဓာတ်​ကလည်း ကျလာပြီ။ ဘယ်​လိုလုပ်​ရင်​​ကောင်းမလဲလို့ ဆက်​လက်​​တွေး​နေရပြန်​တယ်​။

ဒီလိုနဲ့ အိမ်​ကိုပြန်​လာပြီး အိပ်​ယာထဲ ပက်​လက်​လှန်​ လှဲ​နေလိုက်​တယ်​။ ထိုသို့လှဲ​နေရင်း ကဗျာတပုဒ်​​ရေးဖို့ စိတ်​ကူးရ လာတယ်​။ ဒါနဲ့ ကဗျာတစ်​ပုဒ်​ ​ရေးချလိုက်​မိတယ်​။ ရေးပြီးပြီးချင်းပဲ အံ့ဩစွာ ဒဏ်​ရာကျ​ပျောက်​တာ ပြန်​​တွေ့လိုက်​ရတယ်​။ ကျွန်​​တော်​လည်း ကဗျာကို ​သေ​သေချာချာ ထုတ်​ပိုးသိမ်းဆည်းထားလိုက်​တယ်​။ နောက်​ထပ်​ ကျမ​ပျောက်​​အောင်​လို့​ပေါ့။

ပြည်​သစ်​ဟန်

Comments