ရိုးခက် ● ထင်မထားခဲ့တဲ့အရာတွေ


ရိုးခက် ● ထင်မထားခဲ့တဲ့အရာတွေ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

အဖြူရောင်ကို ပါးပါးလေးပုတ်ချင်
အောက်ခံကဖြူနေမှ
ပဂတိအမှန်တရား
ဟောဒီ
ခြေရာလက်ရာ
သမင်လည်းမွေးတယ်
ကျားလည်းဆွဲတယ်
ခေါင်းထောင်ကြည့်တိုင်း မိမယ်ဆို
ဘယ်ခွေးမှမဟောင်သေတာ
လင်းကြက်တွန်ဖို့
တစ်နာရီ ခုနစ်စက္ကန့်အလိုမှာ
ငါတို့အသိစိတ်တွေ
အစိမ်းရောင်မြက်ခင်ပြင်အောက်
ပြားပြားမှောက်ခဲ့
ရေခံမြေခံရယ်
ဘယ်တော့များ
အညိုရောင်ကောင်းကင်မှာ
ပြာလဲ့လာမှာတုန်း ။ ။

ရိုးခက်
၎. ၇. ၂၀၁၇
၀၀း၂၂

Comments