ကမ်လူဝေး ● ဂျပိုးဖြစ်သွား သောသန်းများ


ကမ်လူဝေး ● ဂျပိုးဖြစ်သွား သောသန်းများ
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇

ခွေးသန်းတွေဟာ
သူတို့ဟာ ခွေးသန်းဖြစ်မှန်း မသိခဲ့ကြ
သူတို့တတွေ မှီခိုရာကြီးက
ခွေးဆိုးကြီးတကောင်ဆိုတာ မသိခဲ့။

သူတို့ဟာ အလွန်ကြီးမြတ်တဲ့
ငှက်ကြီးတကောင်ရဲ့ လှပတဲ့ အမွေးအတောင်ကြားက
အသေခံ ရဲရင့်သူ အဖွဲ့သားတွေလို့ ထင်ခဲ့။

ရန်သူကို ကိုက်ခဲ သွေးစုတ်ဖို့
ရန်သူလက်ကြားမှာ ဖြစ်ညှစ် အသတ်ခံဖို့
ရဲရင့်သူ သူရဲကောင်းများအဖြစ်
တကယ်မရှိတဲ့ ဆိုင်ဘာကမ္ဘာထဲမှာ ဟန်ရေးပြနေကြ။

လက်တွေ့ဘဝမှာ
ခွေးသန်းများဟာ ခွေးသန်းများသာ
အမွှေးအမြှင်တွေကြား ပုန်းအောင်းပြေးလွှား
မှီခိုရာသတ္တဝါရဲ့သွေးကို ရသလောက် စုတ်ယူကြီးပွား။

ခွေးသန်းများဟာ
ခွေးဂျပိုးတွေအဖြစ် ကြီးထွား
အနံ့ဆိုးတွေပါထွက်ရင်း ထည်ထည်ဝါဝါ။      ။

ကမ်လူဝေး

Comments