နရီမင်း ● လူဆိုတာ ပျင်းတတ်တဲ့ သတ္တဝါ

နရီမင်း ● လူဆိုတာ ပျင်းတတ်တဲ့ သတ္တဝါ
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇

လူဆိုတာ ပျင်းတတ်တဲ့ သတ္တဝါ။
စေ့ဆော်မှုမဲ့ မျှော်လင့်ချက်မဲ့
ယုံကြည်ချက်မဲ့ အလုပ်တွေက
ပျင်းစရာပေါ့။
ငါ စာ​မေးပွဲတွေ တဘုန်းဘုန်းကျခဲ့တာက
ဒါပဲ။
စတေးတပ်တွေ တင်တိုင်း
ဒါပဲနဲ့ ဆုံးတဲ့ ငနဲကို မုန်းမိပေမယ့်
ဒါပဲ။
ငါ ပြောရမှာက ဒါပဲ။
ငါ ရေးတတ်တာလည်း ဒါပဲ။
တက်ကျမ်းတွေ ဖတ်ရင်လည်း ဒါပဲ။
ကြေကွဲဖွယ် ဇာတ်လမ်းတွေ ဒါပဲ။
ကမ္ဘာ​ပေါ်မှာ လူပေါင်း တစ်ဘီလျံနီးပါး
(မသေချာပေမယ့် ပြန်မရှာချင်တော့ဘူး ဒါပဲ)
ဆင်းရဲမွဲတေနေကြတာလည်း ဒါပဲ။
ဒါပဲကို ဒါပဲလို့ ပြောရုံကလွဲပြီး
ဘာမှ မတတ်နိုင်တော့ပါဘူး ဒါပဲ။
နိုင်​ငံ​ရေးပါတီတခု ဆင်းသွားတယ် ဒါပဲ။
နိုင်​ငံ​ရေးပါတီတခု အာဏာရလာတယ် ဒါပဲ။
တယောက်ပြီး တယောက် မိန့်ခွန်းတွေ
ထွက်ထွက်ပြောတယ် ဒါပဲ။
ဘယ်သတင်းတွေပဲ ဖတ်​ဖတ်​​ ဒါပဲ။
ရှည်ရှည်ဝေးဝေး မပြောချင်တော့သလို
ရှည်ရှည်ဝေးဝေးလည်း ပြောစရာမလိုတော့ပါဘူး၊
ဒါပဲ။

နရီမင်း
၁၂- ၇- ၂၀၁၇

Comments