မေနှင်းလဲ့မွန် - နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်

မေနှင်းလဲ့မွန် - နိုဗာဟိုးက ရပ်ဆိုင်းတော့မယ့် ကျောက်မီးသွေးစွမ်းအင်သုံး မီးအားပေးစက်
(စာရေးသူဖေ့စ်ဘွတ်) မိုးမခ၊ ဇူလိုင် ၂၃၊ ၂၀၁၇


Navajo Generation Station
Navajo Nation မှာ ဆောက်ထားတဲ့ 2500 Mega Watt ထုတ်လုပ်နိုင်တဲ့ ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စက်ရုံ Navajo Generation Station (NGS) ဟာ public, private partnership ပြည်ထောင်စုအစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ပူးတွဲပိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တာဖြစ်ပြီး ၁၇၈၆ဧက မြေအကျယ်အဝန်းရှိပါတယ်။ AZ, NV, CA ပြည်နယ်က လိုအပ်တဲ့ လျှပ်စစ်စွမ်းအင်တွေကို ဒီစက်ရုံကနေ ဖြည့်ရောင်းပေးနေရတာပါ။ ဒီစက်ရုံကို ၂၀၁၉ခုနှစ်ကုန်မှာ ပိတ်ပါတော့မယ်။ ဒီစက်ရုံကနေ Navajo Nation တိုင်းရင်းသားတွေအတွက် အိမ်ခြေ ၆၀ပဲ လျှပ်စစ် မီးရတာပါ။ https://www.ngspower.com/about/fact...


Kayenta Coal Mine
အမေရိကန်ပြည်ရဲ့ အကြီးဆုံး ကျောက်မီးသွေးမိုင်း ကုမ္ပဏီ Peabody Energy ပိုင် Kayenta ကျောက်မီးသွေးမိုင်းက ကျောက်မီးသွေးတွေဟာ ဒီစက်ရုံကိုပို့ရပါတယ်။ Kayenta မိုင်းဟာ Navajo Nation ထဲမှာပဲရှိပြီး စက်ရုံနဲ့ ၇၈မိုင်ပဲဝေးပါတယ်။ ဒီစက်ရုံအတွက် တနှစ်ကို ကျောက်မီးသွေးတန်ချိန် ၈မီလီယံ ပို့ရပါတယ်။ Peabody Energy ကုမ္ပဏီဟာ China, Australia, Germany, the United Kingdom, Indonesia, India, Singapore အပါအဝင် နိုင်ငံ ၂၅နိုင်ငံနဲ့ ကျောက်မီးသွေး ကုန်သွယ်လုပ်ငန်းလည်း လုပ်ပါတယ်။
၂၀၀၈ခုနှစ်မှာ အမေရိကန်ပြည်ရဲ့ လူကြိုက်အများဆုံးကုမ္ပဏီအဖြစ် Forbes Magazine ကဖော်ပြခံရပြီး ၂၀၁၄ခုနှစ်မှာတော့ ဘဏ္ဍာရေးအခြေမခိုင်လို့ S&P Index စါရင်းဝင် ကုမ္ပဏီအဖြစ်ကနေပြုတ်ခဲ့ပါတယ်။ ၁၉၉၀ခုနှစ်များကတဲက Clean Coal Technology အတွက် သုတေသနတွေမှာ ရှေ့တန်းက အားပေးခဲ့ပါတယ်။ ကျောက်မီးသွေးမိုင်းတွေမှာ အသက်အန္တရာယ်လုံခြုံစိတ်ချရဖို့ သဘာဝပတ်ဝန်းကျင်မထိခိုက်ဖို့ အထူးဂရုပြုတဲ့အတွက် ဂုဏ်ထူးဆောင်ဆုတွေအများကြီးရခဲ့ပါတယ်။ ၂၀၁၆ခုနှစ်မှာ Best ESG-Responsible Mining Company Global Award ကိုရခဲ့ပေမယ့် ကျေက်မီးသွေးမိုင်းတွေဈေးမကိုက်လို့ သူ့ရှယ်ယာဈေးတွေ တဟုန်ထိုးကျပြီး ကုမ္ပဏီဒေဝါလီခံရပါတယ်။


စက်ရုံဆက်လည်မယ်ဆိုရင် ကုန်ကျစားရိတ်။
Navajo Generation Station (NGS) ဟာ ဈေးချိုလာတဲ့ သဘာဝဓါတ်ငွေ့လျှပ်စစ်ဓါတ်အားပေး စက်ရုံတွေကို ပြိုင်နိုင်မှာ မဟုတ်တော့ဘူးလို့ The Institute for Energy Economics and Financial Analysis အဖွဲ့က သုံးသပ်ပြပါတယ်။ http://ieefa.org/ieefa-report-end-e...

စက်ရုံတည်ဆောက်စားရိတ်ဟာ ၆၅၀ မီလီယံဒေါ်လာရှိပြီး Clean Air Act of Amended 1990 နဲ့ကိုက်ညီဖို့အတွက် ၄၂၀ မီလီယံဒေါ်လာထပ်ကုန်ပါတယ်။ EPA ရဲ့ Mercury and Air Toxics Standarts (MATS) 2011 နဲ့ကိုက်ညီဖို့ ၂၀၀ မီလီယံဒေါ်လာထပ်ကုန်ပါတယ်။ AZ Regional Haze Rule 2013, Best Available Retrofit Technology Rule (BART) 2014 တွေနဲ့ Carbon Social Responsibility (CSR) ကို လျှော့ချဖို့ဆိုရင် ၆၅၀ မီလီယံဒေါ်လာထပ်ကုန်ပါမယ်။ ကျောက်မီးသွေးခေတ်က ကုန်သွားပါပြီတဲ့။ http://vista.cira.colostate.edu/IMP...


နေစွမ်းအင်က ထုတ်လုပ်မှုဟာ စားရိတ်သက်သာလာနေပါပြီ။ ပြောင်းလဲသုံးစွဲလာနေကြပါပြီ။
BOT system တွေဟာ အလကားရတိုင်း ကောင်းတာမဟုတ်ဘူး။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားကိုသတိရမိတယ်။ “မေတ္တာစေတနာနဲ့ ပေးတဲ့ဆေးဟာ သေဆေးဖြစ်နေရင်တော့ မသောက်ပဲ ကြမ်းပေါက်ကနေသွန်လိုက်ပါ”တဲ့။
G.E. Harvey ရဲ့ Good Government ကို တိုင်းတာခြင်း။ “ရှိပြီးအရာတွေ ဖျက်ဆီးရန် မဟုတ်ခြင်း၊ လိုအပ်ချက်တွေ ဖြည့်စွက်ရန်ဖြစ်ခြင်း” ဆိုတဲ့ ဒီစကား၂ရပ်ကို ဆင်ခြင် စဉ်းစားရမယ်။ အင်္ဂလိပ်တွေမြန်မာပြည်သိမ်းထားတာ ကြာလှပြီ။ အဲဒီ၅၃နှစ် ၅၄နှစ်အတွင်းမှာ ရှိပြီးတဲ့အရာတွေ ဖျက်ဆီးခြင်းပြုသလား၊ မပြုဘဲနေသလား ဆိုတာနဲ့ လိုနေသေးတဲ့အရာတွေကို ဖြည့်စွက်ပေးသလား၊ မဖြည့်စွက်ဘူးလား ဆိုတာကို သေသေချာချာ စစ်ရမယ်။ (ဂျာနယ်ကျော် ဦးချစ်မောင်)


ဗုဒ္ဓတ္ထစရိယာ၊ ဥာတတ္ထစရိယာ၊ လောကတ္ထစရိယာ ဆိုတာ တစ်ခုပြီးမှ တစ်ခု လုပ်ရတာမဟုတ်ဘူး။ တပြိုင်နက်တည်းပြီးအောင်လုပ်ရတယ်။ ကိုယ်ကျိုးကို ငြမ်းလိုထားပြီး သူ့အကျိုးကို ထီးလိုထားပါ။ ပါရမီဖြည့်တယ်ဆိုတာ ဒီလို အလုပ်ကို စနစ်တကျ တပြိုင်တည်း ပြီးအောင် လုပ်သွားတာကိုပြောတာ။ (ဆရာတော် ဓမ္မဘေရီ)

Comments