ခက်သီ ● ကြောက်နေ လန့်နေ

ခက်သီ ● ကြောက်နေ လန့်နေ
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၇

ဖြတ်သွားတဲ့ကားတွေကို ငေးငေးနေ
ဝရန်တာဆီ ထွတ်ထွတ်ရပ်မိ
နားထဲမှာ မော်တော်ဘုတ်သံ
မျက်နှာကြက်ကို မော်ကြည့်ရင်းောကာက်နေလန့်နေ
ဆိုက်ဗေးရီးယားကထွက်ပြေးလာတဲ့ စတာလင်ရဲ့အကျဉ်းသား
ပိုလန်က ထွက်ပြေးလာတဲ့ ဂျူးလူမျိုးတွေ
အသက်ရှင်ခြင်းဆီ ထွက်ပြေးကြသူများ
မီးခြစ်မှာ ဂတ်စ်ကုန်နေပြီ
ရေသန့်ဘူးက ရွဲပြဲနေပြီ
သေမှာမကြောက်
မသေခင် ကြောက်နေ လန့်နေ
ပုရွတ်ဆိတ်တက်နေတဲ့ကိတ်ခြောက်ကောက်ဝါးမိမှ
မောင်ချောနွယ်ကဗျာလေး သတိရပြီး
ငါပြုံးမိ
မသေချင်သေးဘူး
တညလုံးလုံး ဟားတိုက်ရယ်မောပြီး
ဝရန်တာတံခါးကို ပိတ်ထားလိုက်တယ် ။        ။

ခက်သီ
0