ကောင်းကင်ကို(ဘာသာပြန်)- ချီနူဝါအချီဘီ (Chinua Achebe) ၏ ဒုက္ခသည် သားအမိ



ဒုက္ခသည် သားအမိ
ကောင်းကင်ကို (ဘာသာပြန်)- ချီနူဝါအချီဘီ 
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၇ 

 "မက်ဒေါနား နဲ့ ကလေးငယ်ရုပ်ပုံရဲ့ကြီးမြတ်မှုဟာ၊
မကြာခင်မေ့ပစ်ရမယ့်သားအပေါ်
ဒုက္ခသည်မိခင်ထားတဲ့
နူးညံ့ကြင်နာအားကိုတော့ မမီပါ။

ညစ်ပတ်ပေရေ ကလေးငယ်တွေရဲ့
ဝမ်းလျှော အနံ့ဟာ
လေထုထဲမှာ ချောက်ချားပျံ့နှံ့လို့။
ဗလာကျင်း ဗိုက်ပူလေးတွေဟာ
နံရိုးအပြိုင်းပြိုင်း၊ မွဲခြောက် ကိုယ်ခန္ဓာအောက်ပိုင်းနဲ့
ခြေထောက်ကို အနိုင်နိုင်ထောက်
ဒယိမ်းဒယိုင် လမ်းလျှောက်ကြရရှာတယ်။

ဒုက္ခသည်အမေ အများစုကတော့
လက်လျှော့လိုက်ကြတာ ကြာပြီ။
ဒါပေမဲ့ ဒီအမေကတော့
တစ္ဆေအပြုံးတပွင့်ကိုပန်
မျက်လုံးတွေထဲမှာလည်း အမေတယောက်ရဲ့ နွမ်းဖျော့မာန်နဲ့
သားချော့တေးသံကို အကြည့်မျက်ဝန်းတွေနဲ့ ဖွဲ့ရင်း
ကလေးငယ်ရဲ့ ဦးခေါင်းခွံပေါ်က
ကျိုးတိုးကျိုးတဲ သံချေးစွဲရောင် ဆံပင်ကို
ပွတ်သပ်ဖြီးသင်ပေးနေလေရဲ့။


တခြားဘဝတွေမှာဆိုရင်တော့
ဒါဟာ ကလေးမနက်စာ မစားခင်၊ အပြေးထွက်ခွာ ကျောင်းမသွားခင်မှာ
နေ့စဉ်ပြုနေကျ သာမန်ကြင်နာမှုလှလှပေါ့။

အခုကျ
အမေခမျာ
အုတ်ဂူငယ်ပေါ်မှာ ပန်းတွေလာချပေးရသလို။


By
ချီနူဝါအချီဘီ (Chinua Achebe)
ဘာသာပြန်သူ - ကောင်းကင်ကို

နိုင်ဂျီးရီးယား ကဗျာဆရာ ချီနူဝါအချီဘီရဲ့ “Refugee Mother and Child” ကဗျာကို ဘာသာပြန်ထားတာ ပါ။ ချီနူဝါအချီဘီ ကို ၁၉၃၀ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ဝတ္ထုနဲ့ကဗျာတွေကို အင်္ဂလိပ်ဘာသာစကားနဲ့ ရေးဖွဲ့ခဲ့တာပါ။ အရှိန်အဝါကြီးမားလှတဲ့ မန်းဘွတ်ကာဆု အပါဝင် နိုင်ငံတကာ စာပေဆုများစွာကို ဆွတ်ခူးခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကဗျာထဲကမက်ဒေါနား နဲ့ ကလေးငယ်ရုပ်ပုံဆိုတာဟာ မယ်တော်မာရီနဲ့ ကလေးအရွယ်ယေရှုရဲ့ရုပ်ပုံကို ရည်ညွှန်းထားတာပါ။

REFUGEE MOTHER AND CHILD (by Chinua Achebe)



No Madonna and Child could touch

that picture of a mother’s tenderness

for a son she soon would have to forget.

The air was heavy with odours



of diarrhoea of unwashed children

with washed-out ribs and dried-up

bottoms struggling in laboured

steps behind blown empty bellies. Most



mothers there had long ceased

to care but not this one; she held

a ghost smile between her teeth

and in her eyes the ghost of a mother’s

pride as she combed the rust-coloured

hair left on his skull and then –



singing in her eyes – began carefully

to part it… In another life this

would have been a little daily

act of no consequence before his

breakfast and school; now she



did it like putting flowers

on a tiny grave.

Comments