လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (25)

လောကဓာတ်ခန်း သာဂိ – Office Application in the Cloud (25)
အိမ်သုံး ကျောင်းသုံး ရုံးသုံး - GMail နဲ့ Google Office Application အခြေခံလမ်းညွှန်
(မိုးမခ) ဇူလိုင် ၂၀၊ ၂၀၁၇

Working with columns, rows, and cells

ကော်လံ၊ ရိုးလ်၊ ဆဲလ်များနဲ့ အလုပ်လုပ်ခြင်း

အခု ပြောမှာကတော့ ကော်လံ ရိုး နဲ့ ဆဲလ်တွေရဲ့ အကျဉ်းအကျယ် အနိမ့်အမြင့်တွေကို ပြင်ဆင်နည်းတွေ ဖြစ်ပါတယ်။ သည်နည်းတွေနဲ့ မိမိစာရင်း ဇယားတွေကို ကြည့်လို့ကောင်းတဲ့ ဖိုင်တွေအဖြစ် တင်ဆက်နိုင်ပါတယ်။

To modify column width: ကော်လံ၏ အကျယ်ကို ပြင်ဆင်ခြင်း


အောက်က ဥပမာမှာ ကော်လံ B က စာသားတွေက လက်ရှိကော်လံအကျယ်ထက် ကျော်နေလို့ အလုံးစုံ မပေါ်ဘူး ဖြစ်နေပါတယ်။ ကော်လံ ဘီကို ချဲ့လိုက်မှပဲ ဆဲလ်တွေထဲက စာသားတွေ အကုန်ပေါ်မှာ ဖြစ်ပါတယ်။

  1. မောက်စ်ကို ကော်လံ ဘီ ထိပ်စီးပေါ်မှာ သွား ချိန်ဆလိုက်ပါ။ အဲသည်မှာ ကာဆာက double arrow မြား ၂ဘက်ချွန် ပုံ ပေါ်လာပါမယ်။
  2. Selecting the column border
  3. မောက်စ်ကို ကလစ်ဖိပြီး အလိုရှိရာ အကျဉ်းအကျယ်ကို ဆွဲပါ။
  4. Increasing the column width
  5. မောက်စ်ကို ဖိထားပြီး ဆွဲရင်းကနေ မိမိ ကော်လံဘီ ထဲက စာသားတွေ အကုန်ပေါ်ပြီဆိုရင် လွှတ်ချလိုက်ပါ။ အောက်ပါအတိုင်း ကော်လံဘီ၏ အကျယ်ကို ချိန်ပြီး ဖြစ်သွားပါမယ်။
  6. The resized column

To autosize a column's width: ကော်လံကို အော်တိုအကျယ် ချိန်ခြင်း

autosizing ဆိုတာက ကော်လံ၏ အကျယ်ကို စာသားရှိသလောက် အကုန်ပေါ်အောင် အလိုအလျောက် ချိန်ဆခိုင်းခြင်း ဖြစ်ပါတယ်။
  1. မောက်စ်ကို ကော်လံ ၂ ခုကြား ထိပ်စီးပေါ်မှာ ချိန်ဆပါ။ double arrow ပေါ်တဲ့အထိ ချိန်ပါ။
  2. Double-click the mouse မောက်စ်ကို ဆက်တိုက် ၂ ခါ နှိပ်လိုက်ပါ။
  3. Doubling clicking to auto-size a column
  4. ကော်လံအကျယ်ကို အလိုအလျောက် ချဲ့ပြီး ကျုံ့ပြီးတော့ စာသားရှိသလော် အော်တို ချိန် ပေးတာကို တွေ့ရပါမယ်။
  5. The auto-sized column

To modify row height: ရိုးလ်၏ အမြင့်ကို ချိန်ဆခြင်း

ဆဲလ်တွေ၏ အမြင့်ကိုလည်း မြင့်နိုင် နိမ့်နိုင်ပါတယ်။ အဲသလို လုပ်လိုက်တာကြောင့် ဆဲလ်စာသားတွေ အပေါ်အောက် ညပ်မနေတော့ဘဲ မြင်သာ ထင်ရှားအောင် နေရာချဲပေးတာမျိုး ဖြစ်လာပါမယ်။
  1. မောက်စ်ကို ရိုးလ်၂ခု ကြားထဲရှိ မျဉ်းကြောင်းပေါ်မှာ ချိန်ဆပါ။  ကာဆာက double arrow ပုံ ပေါ်လာပါမယ်။
  2. Selecting the row border
  3. မောက်စ်ကို ကလစ်နှိပ် ဖိဆွဲပြီးတော့ ရိုးလ် အနိမ့်အမြင့်ကို ချိန်ဆနိုင်ပါပြီ။
  4. Moving the row border
  5. လိုအပ်တဲ့ အနိမ့်အမြင့်နေရာမှာ မောက်စ်ကို လွှတ်လိုက်ရင် ရိုးလ်ကို ချိန်ပြီးသား ဖြစ်ပါပြီ။
  6. The resized row

To modify all rows or columns: ရိုးတွေ ကော်လံတွေ တခါတည်း တွဲပြီး ချိန်ဆခြင်း


ရိုးလ်တကြောင်း ကော်လံတကြောင်းတည်းကို အနိမ့်အမြင့် အကျဉ်းအကျယ် ပြင်ဆင်နေမယ့်အစား တခါတည်း ရိုးတွေ ကော်လံတွေ အားလုံးကို ရွေးချယ်ပြီး တပြိုင်နက်တည်း ပြင်ဆင်သင့်က ပြင်ရပါမယ်။ Select All button ခလုပ်ကို နှိပ်ပြီး လုပ်ဆောင်လို့ ရပါတယ်။ ဒါဆိုရင် ဆဲလ်တွေ အားလုံး တပြေးညီ ဆိုက်တွေ ပြောင်းသွားမှာ ဖြစ်ပါတယ်။

  1. ဆလက်အော Select All button ဆိုတာ ဖော်မြူလာဘားအောက်က ရိုးလ်နဲ့ ကော်လံထိပ်စီးတွေ ဆုံမှတ်နေရာ ဖြစ်ပါတယ်။ အောက်ပုံကို ကြည့်ပါ။ နှိပ်လိုက်ပါ။
  1. Clicking the Select All button
  2. အားလုံး ဆလက်အော ဖြစ်နေတာကို အပြာနုရောင်က ရှိ(တ်) တခုလုံး ပြောင်းသွားတာက ပြသနေပါတယ်။ ပြီးတော့ ခုနင်ကလိုပဲ မောက်စ်ကို ရိုးလ် ၂ ခု အကြား မြား၂ဘက်သွား ဖြစ်အောင် ချိန်ဆပါ။
  3. ကလစ်လုပ်ပြီး ဆွဲချ ဆွဲတင်လုပ်ပြီး ရိုးလ် အနိမ့် အမြင့်ကို ညှိကြည့်ပါ။
  4. Changing the height of all rows
  5. မောက်စ်ကို လွှတ်လိုက်တာနဲ့ ချိန်ဆထားတဲ့ ရိုးအမြင့်အတိုင်း ဆဲလ်တွေ အားလုံး ပြောင်းသွားပါမယ်။
  6. The uniform row height

Inserting, deleting, and moving rows and columns ရိုးလ်တွေ ကော်လံတွေ အသစ်သွင်း၊ ဖျက်ခြင်းနဲ့ နေရာ ရွှေ့ခြင်း


စာရင်းဇယားတွေနဲ့ အလုပ်လုပ်ရာမှာ ကော်လံတွေ ရိုးလ်တွေ အသစ်ထည့်သွင်းတာ၊ ဖျက်ပစ်တာ ပြီးတော့ နေရာ ရွှေ့တာတွေလည်း လုပ်ရပါတယ်။ အဲဒါကို လုပ်ကြည့်ရအောင် ...

To insert a column: ကော်လံတခု ကြားထဲ ထည့်ခြင်း

  1. ကော်လံ ထပ်စီးကို နှိပ်ပြီး မောက်စ်ညာဘက်ကလစ်လုပ်ပါ။ drop-down menu ကျလာပါလိမ့်မယ်။ Insert 1 left  ဆိုတာက ကော်လံ၏ ဘယ်ဘက်မှာ ကော်လံအလွတ်တခု ထည့်ခြင်း၊ Insert 1 right  ဆိုတာကတော့ မိမိဆလက်လုပ်ထားတဲ့ ကော်လံညာဘက်မှာ ကော်လံအလွတ်တခု ထည့်တာ ဖြစ်ပါတယ်။
  2. Inserting a column
  3. new column တခုကို ထည့်သွင်းပြီး ဖြစ်ပါလိမ့်မယ်။
  4. The newly inserted column

To insert a row: ရိုးလ်တခု ထည့်သွင်းခြင်း

  1. အလိုရှိတာ ရိုးလ်၏ မျဉ်းခေါင်းစီးကို ရိုက်ကလစ် နှိပ်ပါ။ drop-down menu ကနေ  Insert 1 above လား Insert 1 below အလိုရှိရာကို ရွေးချယ်လိုက်ပါ။
  2. Inserting a row
  3. new row ထည့်သွင်းပြီးသား ဖြစ်ပါတယ်။
  4. The newly inserted row


မိမိ၏ စာရင်းစာရွက်မှာ ရိုးလ်တွေ နေရာကုန် ဖြည့်သွင်းပြီးလို့ ရိုးလ်အသစ်တွေ ထည့်ဖို့ လိုလာရင် မိမိ spreadsheet ၏ အောက်ဆုံးမှာ Add button လေး အောက်ပါအတိုင်း တွေ့ပါမယ်။ ပုံမှန်အားဖြင့်ကတော့ ရိုးလ် အခု တထောင် ထပ်ဖြည့်ခိုင်းလို့ ရပါတယ်။ သို့သော်လည်း မိမိအလိုရှိရာ ရိုးလ် အရေအတွက် ဂဏန်းကို ရိုက်ထည့်ပြီး ဖြည့်သွင်းလို့လည်း ရပါတယ်။
Adding multiple rows

To delete a row or column: ရိုးလ်တွေ ကော်လံတွေကို ဖျက်ပစ်ခြင်း


ကော်လံပဲဖြစ်ဖြစ် ရိုးလ်ပဲ ဖြစ်ဖြစ် ဖျက်ပစ်တဲ့နည်းကတော့ လွယ်ပါတယ်။ Row / Colum Insert လုပ်တာနဲ့ အတူတူပါပဲ။
  1. မိမိဖျက်ပစ်ချင်တဲ့ ရိုးလ်ကို ရိုးလ်၏ မျဉ်းခေါင်းထိပ်ကနေ ဆလက်လုပ်ပါ။
  2. Selecting a row to delete
  3. ရိုက်ကလစ်လုပ်ပါ။ ပြီးတော့ Delete Row ကို ရွေးချယ်ပါ။

  1. Selecting Delete row
  2. အခုဥပမာမှာ ရိုးလ် ၇ ကို ဖျက်လိုက်တော့ ရိုးလ် ၈ က ရိုးလ် ၇ နေရာကို အစားထိုး ၀င်လာပါတယ်။
  3. Rows will shift up when another row is deleted

ကော်လံ ဖျက်တာလည်း စမ်းကြည့်ပါ။ နောက်ပြီးတော့ ကော်လံပဲဖြစ်ဖြစ် ရိုးလ်ပဲ ဖြစ်ဖြစ် တခုလုံး ဖျက်ပစ်တာ အပြင် ရိုးလ် နဲ့ ကော်လံထဲက စာသားတွေချည်းပဲ ဖျက်ပြီး ကော်လံနဲ့ ရိုးလ်ကို အလွတ် ကျန်ရစ်အောင် လုပ်တာလည်း စမ်းကြည့်ပါ။ ရိုက်ကလစ် နှိပ်ပြီးတော့ Clear row or Clear column ကို စမ်းသပ်ပါ။
Clearing the contents of a row

To move a row or column: ရိုးလ် တွေ ကော်လံတွေကို နေရာ ရွေ့ခြင်း


ရိုးလ်တွေ ကော်လံတွေကို မူလနေရာကနေ အခြားနေရာတခုကိုလည်း တခါတည်း ဆွဲပြီးတော့ ရွေ့ပြောင်းနိုင်ပါတယ်။ အခု ဥပမာမှာ ကော်လံတခုကို နေရာရွှေ့ပြပါမယ်။

  1. မိမိရွှေ့ချင်တဲ့ ကော်လံကို ထိပ်ကနေ ဆလက်လုပ်ပါ။ မောက်စ်ကို ထပ်စီးကနေ ချိန်ဆကြည့်ပါ။ ကာဆာက လက်ပုံသဏ္ဍန်လေး hand icon ပြောင်းသွားပါမယ်။
  2. Selecting a column to move
  3. မောက်စ်ကို ကလစ်နှိပ် ပြီးတော့ ဖိပြီးတော့ ကော်လံတခုလုံးကို မိမိရွှေ့ချင်တဲ့ ကော်လံနေရာကို ဆွဲပြီး ရွေ့သွားပါ။
  4. Moving a column
  5. မိမိ ရွှေ့ချင်တဲ့နေရာမှာ မောက်စ်ကို လွှတ်လိုက်ပါ။
  6. The moved column

Wrapping text and merging cells ဆဲလ်တွေကို စာကြောင်းချခြင်း၊ ပေါင်းစည်းခြင်း


Wrap Text လုပ်တယ် ဆိုတာက မိမိဆဲလ်ထဲက စာသားတွေက များနေတယ်။ ကော်လံအကျယ်နဲ့လည်း မဆန့်ဘူး၊ သည်တော့ စာသားတွေကို ၁ ကြောင်းတည်း ဆန့်မထားပဲ စာကြောင်း ၂ ကြောင်း ၃ ကြောင်း ခေါက်ချိုးပြီး ကော်လံအကျယ်ရှိသလောက်ပဲ ပေါ်အောင် လုပ်ချင်တာကို ဆိုလိုပါတယ်။

Merging Cell လုပ်တယ်ဆိုတာကတော့ မိမိဆဲလ်ထဲက စာကြောင်းကို သူနဲ့ ကပ်ရက်ဆဲလ်တွေအထိ နေရာကို ဖြန့်ကျယ်ပြီး ယူခိုင်းလိုက်တာပါ။ ဆဲလ်တွေကို ပေါင်းခိုင်းလိုက်တော့ မိမိမူလဆဲလ်က စာသားက နေရာ အကျယ်နဲ့ အကုန်လုံး ပေါ်လာတာပေါ့။

To wrap text: စာကြောင်း ချခြင်း၊ စာကြောင်း ချိုးခြင်း

  1. မိမိ အလိုရှတဲ့ Cell တွေကို ရွေးပါ။ အခု ဥပမာမှာကတော့ C3:C10 ကို ရွေးပါတယ်။ လိပ်စာတွေက တကြောင်းတည်းဆိုတော့ ကော်လံတွေက ကွယ်နေတယ် မဟုတ်လား။
  2. Selecting cells to wrap
  3. Text wrapping drop-down menu ကို ရွေးပါ။ the Wrap button ကို ကလစ်လုပ်ပါ။

  1. Clicking the Wrap text button
  2. ဆဲလ်က အလိုအလျောက် auto resize and fit into cell လုပ်ပေးတာ တွေ့ရပါမယ်။

  1. The wrapped text inside the resized cells

To merge cells: ဆဲလ်များကို ပေါင်းခြင်း

  1. Merge လုပ်ချင်တဲ့ ဆဲလ်တွေကို ဆလက်လုပ်ပါ။ အခု ဥပမာမှာဆိုရင် A1:C1. ကို ရွေးပါတယ်။
  2. Choosing cells to merge

  1. Merge cells button ကို နှိပ်လိုက်ပါ။
  2. Clicking the Merge cells button
  3. single cell အဖြစ် အဲသည်နေရာက ဆဲလ်တွေ ပြောင်းသွားပါတယ်။
  4. The merged cells


ဆဲတွေ ပေါင်းထားတာကို ပြန်ဖြည်ချင်ရင် Unmerge Cell လုပ်တယ်လို့ ခေါ်ပါတယ်။ Undo လုပ်တယ်ပေါ့။ Merge cells button ကို ဆွဲချပါ။ အဲသည်မှာ Unmerge ကို ကလစ်ပါ။

Unmerging cells

Freezing rows and columns ရိုးလ်တွေ ကော်လံတွေကို အမြဲပေါ်နေအောင် လုပ်ခြင်း


Freeze လုပ်တယ်ဆိုတာ ဘိုလိုကတော့ ခဲသွားအောင် လုပ်တာပေါ့။ spreadsheet မှာ freeze လုပ်တယ်ဆိုတာက အဲသည် ကော်လံတွေ ရိုးလ်တွေကို မလှုပ်နိုင်အောင် ထိန်းချုပ်လိုက်တယ်။ အမြဲ ပေါ်နေအောင် လုပ်ထားတယ်လို့ ဆိုလိုပါတယ်။ header cells လို့ ခေါ်တဲ့ စာရင်းဇယားထိပ်က အမည်စာတန်းထိုး ခေါင်းစီးတွေကို အမြဲပေါ်နေအောင် လုပ်လေ့ရှိပါတယ်။ သည်တာ့ မိမိက ဆဲလ်တွေ ရာထောင်သောင်း ချီပြီး ရိုးလ်တွေ ဆင်းကြည့်လည်း ခေါင်းစီး ရိုးလ်က အမြဲ လိုက်ပြီး ပေါ်နေတာကို လိုချင်တာ ဖြစ်ပါတယ်။

To freeze a row: ရိုးလ်တခုကို အမြဲ ပေါ်နေအောင် လုပ်ခြင်း

  1. အခု ဥပမာမှာ အပေါ်ဆုံးက ရိုးလ် ၂ ခုကို freeze. လုပ်မယ် ဆိုကြပါစို့။  အဲသည် ရိုး ၂ ခု ကို သွားပြီး ဆလက်လုပ်ထားစရာ မလိုပါ။
  2. Deciding which rows to freeze
  3. View toolbar ကို ဆွဲချပါ။ ပြီးတော့ Freeze ဆိုတာအပေါ် မောက်စ်ကို ချိန်ဆပါ။ လိုသလောက် ဖရီးဇ် လုပ်ချင်တဲ့ row အရေအတွက်ကို ရွေးချယ်ပါ။
  4. Freezing rows
  5. အပေါ်ဆုံး ရိုးလ် ၂ ခုကို ဖရီးဇ် လုပ်ထားတာကြောင့် မိမိ sheet ဘယ်ကိုပဲ အောက်ဆင်းဆင်း သူတို့က အမြဲ လိုက်ပါပြီး ပေါ်နေတာ တွေ့ရပါမယ်။
  6. The frozen rows

To freeze a column: ကော်လံကို ဖရီးဇ် လုပ်ခြင်း

  1. မိမိ၏ လိုချင်တဲ့ ကော်လံကို လည်း ဖရိဇ် လုပ်နိုင်ပါတယ်။ အခု ဥပမာမှာ အစွန်ဆုံး ဘယ်ကော်လံကို အမြဲပေါ်နေအောင် ဖရိဇ် လုပ်ပါမယ်။ ကော်လံကို သွားပြီး ဆလက်လုပ်ထားစရာ မလိုပါ။
  2. Choosing which column to freeze
  3. View in the toolbar ကို ဆွဲချပါ။ Freeze ဆိုတာကို မောက်စ် နေရာ ချိန်ဆပါ။ မိမိ ဖရိဇ်လုပ်ချင်တဲ့ ကော်လံ အရေအတွက်ကို ရွေးချယ်ပါ။
  4. Freezing a column
  5. ကော်လံ A က ခဲသွားပြီ။ အမြဲတန်း သူက လိုက်ပြီး ပေါ်နေပါလိမ့်မယ်။
  6. The frozen column


Unfreeze ဆိုပြီး ပြန် undo လုပ်ချင်တယ်ဆိုရင် View ကို ဆွဲချ Freeze ကို ပြန်ရွေး အဲသည်မှာ သက်ဆိုင်ရာ No rows ဖြစ်ဖြစ် No columns ဖြစ်ဖြစ်ကို ဆလက်လုပ်လိုက်ပါ။
Unfreezing a row

Challenge! အိမ်စာ



Frontier Kids Cookie Sales








Name
Address
Phone
Gingersnaps
Lemon Drops
Mint Whistles
Macaroons
Ordered
Delivered
Chris Keller
1167 Coberly Way Orlando, FL 32804
321-555-2740
1
1
1
1
12/12/2012

Diane Whitley
1605 Bing St. Apt. 2 Orlando, FL 32803
321-555-2911
1
1
1

12/14/2012
1/4/2013
Nick Gunderson
54 N. Kentucky Ave. Orlando, FL 32804
321-555-6900

2
3

12/12/2012
1/4/2013
Leilani Mathis
200 Markham St. Orlando, FL 32804
321-555-6648
5



12/12/2012

Ben Mathis
200 Markham St. Orlando, FL 32804
321-555-6648
2
2
2
2
12/20/2012

June Ford
3788 Lake Wales Lane Orlando, FL 32804
321-555-2776

1

1
12/13/2012

Marisol Colon
919 Banyan Blvd. Orlando, FL 32804
321-555-2843

3
4

12/14/2012

Lee DiMartino
1600 Bing St. Apt. 1 Orlando, FL 32803
321-555-1725

2


12/14/2012
1/4/2013
Crissy Sloneker
1605 Bing St. Apt. 2 Orlando, FL 32803
321-555-9068
1

1
5
12/14/2012
1/4/2013



10
12
12
9



  1. အပေါ်က sheet ကို မိမိဖာသာ ရိုက်ထည့်ပါ။
  2. row height တွေအားလုံးကို ချုံ့လိုက်ပါ။
  3. Merge cells A1:I1
  4. ရိုးလ် ၁၁ အောက်မှာ Insert a row ပြီးတော့ သင့်အမည်ကို ပထမဆုံး ဆဲလ်မှာ ရိုက်ထည့်ပါ။
  5. Delete row 7
  6. columns G and H  ကြားမှာ Insert a column ပြီးတော့ ခေါင်းစီးကို Total Quantity အမည်ပေးပါ။
  7. Select cells A2:J2, wrap text နဲ့ center align လုပ်ပါ။
  8. Freeze the top two rows.
  9. ပြီးရင် အောက်ကပုံအတိုင်း ဖြစ်သွားရမယ်။
  10. modifying cells challenge example

(ဆက်လက် ဖော်ပြပါမည်)

Comments